တနင်္သာရီ သြဂုတ် ၁၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ်မှ တနင်္သာရီမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်း ခဲ့သော ဆန်များအား ပါတီဗဟိုအတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဒေါက်တာ ကျော်ကျော်ဌေးနှင့် ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးသန်းအောင်တို့သည် ပါတီတာဝန်ရှိ သူများနှင့်အတူ ယမန်နေ့ နံနက် ၈ နာရီခွဲက တနင်္သာရီမြို့နယ်ရှိ ဇဝဲကျေးအုပ်စု ဇဝဲကျေးရွာ၊ ချောင်းကြီး ရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်တို့တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ တနင်္သာရီမြို့နယ်တွင် သြဂုတ်လ လဆန်းပိုင်းမှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီး လူနေအိမ် များ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများ၊ အစိုးရအဆောက်အအုံများ၊ အဆောင်များ ရေနစ်မြုပ် လျက်ရှိကြောင်းသိရသည်။