ဟင်္သာတ ဖေဖော်ဝါရီ ၉
ဟင်္သာတ ဖေဖော်ဝါရီ ၉
ဘားအံ ဖေဖော်ဝါရီ ၉
ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး ဒေါနခန်းမတွင် ယမန်နေ့ နံနက် ၁ဝ နာရီက ပြည်နယ်၊ ခရိုင်နှင့်မြို့နယ် လစဉ်ပုံမှန်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးနှင့် ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင် ဖာပွန်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေးက လွှတ်တော်အတွင်း တွေ့ကြုံရသည့်အခြေ အနေများ၊ အခြေခံဥပဒေပြင်ဆင်ရေး အချက်များအား သတင်းအမှန်သိရှိရေးအတွက် တက်ရောက်လာသည့် ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများမှ မိမိတို့မြို့နယ်ရှိ ပြည်သူများအား ရှင်းလင်းပြောကြားခဲ့ သည်။
ဖေဖော်ဝါရီ ၈၊ဘန်ကောက်
ကမ္ဘာငြိမ်းချမ်းမူ့ဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲတွင် ပျော်ဘွယ်နှင့် နေပြည်တော်တို့မှ ဆုရ ကျောင်းသားကျောင်းသူများသည် ဖေဖော်ဝါရီလ ၈ ရက်နေ့က ထိုင်းနိုင်ငံတွင် ဆုတက်ရောက်ယူခဲ့ကြသည်။
ကမ္ဘာငြိမ်းချမ်းမူ့ဖော်ဆောင်ရေး ကိုယ်ကျင့်သီလဗဟုသုတပြိုင်ပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီ ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်း၏ ဦးဆောင်မူဖြင့် ပျော်ဘွယ်နှင့် နေပြည်တော်တို့ တွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆုချီးမြင့်ပွဲအခမ်းအနားသို့ ပျော်ဘွယ်နှင့်နေပြည်တော်ရှိ ဆရာတော်ကြီးများ၊ ပြည့်သူ လွှတ်တော်ကိုယ်စားလှယ်များ ဦးသောင်းအေးနှင့်ဇနီး၊ ပျော်ဘွယ်နှင့်နေပြည်တော်တို့မှ ဆရာမများနှင့် ဆုရ ကျောင်းသားကျောင်းသူများ ပါဝင်တက်ရောက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် CB ၀န်ထမ်းများကို အမျိုးသား၂ဦးက သေနတ်ဖြင့် ချိန်းခြောက်ကာ ငွေသိန်း ၆၀၀ ယူဆောင်ထွက်ပြေးမှု ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်အချိန်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန် ဖေဖော်ဝါရီ ၆
ရန်ကုန်တိုင်းဒေသကြီး ပါတီရုံးခန်းမ၌ ပြည်ခိုင်ဖြိုးပါတီ လူငယ်ရေးရာတွေ့ဆုံပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး တက်ရောက်အမှာစကား ပြောကြား ခဲ့သည်။
နေပြည်တော် ဖေဖော်ဝါရီ ၆
စစ်တွေ၊ ဖေဖော်ဝါရီလ ၇
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တာဝန်ရှိသူများသည်၊ ရခိုင်ပြည်နယ် အတွင်းရှိ ခရိုင် (၂) ခရိုင်အတွင်းရှိ ခရိုင်/မြို့နယ်ပါတီ တာဝန်ရှိသူများအား တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို ယမန်နေ့ ဖေဖော်ဝါရီ ၆ ရက်နေ့ နံနက် ၁၀ နာရီခွဲက ကျောက်ဖြူခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြသည်။
ကျောင်းကုန်း ဖေဖော်ဝါရီ ၆

ဝေါမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်အားအလိုမရှိကြောင်း ပဲခူတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ဝေါမြို့ဒေသခံများက ယနေ့(ဇန်နဝါရီလ ၅ ရက်)၊ နံနက်ပိုင်း၌ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ရာတွင် ဝေါမြို့နယ်ဒေသခံများနှင့်ပြည်သူများပါဝင်ခဲ့ကြပြီး အလံနီများကိုင်ဆောင်ကာ တိုင်းဒေသကြီးလွှတ်တော်နှင့်တိုင်း NLD ပါတီရုံးရှေ့များတွင် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။
ဝေါမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထိုက်သည် ကျေးရွာမီးလင်းရေးဆိုင်ရာကိစ္စရပ်များ၊ စားကျက်မြေကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ရာတွင် အာဏာသုံးကာ စွက်ဖက်ဆောင်ရွက်ခဲ့ကြောင်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူ ၁ ဦး၏ပြောပြချက်အရ သိရသည်။