ရန်ကုန် ဇူလိုင်
ရန်ကုန် ဇူလိုင်
ရန်ကုန် ဇူလိုင် ၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်နှင့်အတူ ဗဟိုကော်မတီဝင် ဒေါက်တာနေလင်း၊ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းမြင့်၊ ထန်းတပင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းရီတို့သည် တလိုင်မွှကျေးရွာအုပ်စုလသာကျေး ရွာပေါက်တော၊ မောက်တင်၊ ညောင်ဆိပ်၊ ကမူ၊ အောက်ဘောလည်၊ ဘောလည်ကျေးရွာအုပ်စု၊ အုတ်ဖိုကျေးရွာပန်သပွတ်၊ ကြမန်းအုပ်စု ကြမန်းကျေးရွာ ဘုန်းတော်ကြီး ကျောင်းဆရာတော်တို့အား ဝါဆိုသင်္ကန်း၊ အာဟာရမုန့်ကွေကာ၊ အချိုရည်များ ဆက်ကပ်လှူဒါန်း ကြပြီးဆက်လက်၍ ကျေးရွာပါတီဥက္ကဋ္ဌ၊ ကော်မတီဝင်၊ ပါတီဝင်များနှင့် ပါတီဥက္ကဋ္ဌ ဦးဇော့်ဝင်းနိုင် နေအိမ်တွင် ယမန်နေ့နံနက် ၁ဝ နာရီက COVID-19- ရောဂါအသိပညာပေးများ ဆွေးနွေးပြောကြားခြင်း၊ လက်ကမ်းစာစောင် များဖြန့်ဝေခြင်း၊ Mask နှာခေါင်းစည်းများ တပ် ဆင်ပေးအပ်ခဲ့ကြောင်း သိရသည်။ဇော်သိန်း(ထန်းတပင်)
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထိန်မင်း သည် ယမန်နေ့နံနက်ပိုင်းက ပန်းတိမ်ကုန်းကျေးရွာအုပ်စု ကောင်းကွေ့ကျေးရွာလယ်သမားကြီး ဦးမောင်ကျော်၏ လယ်လေးဧကကျော်တွင် ကွင်းပိတ်ကောက် စိုက်ပျိုးမှုသို့ အချိုရည်ဘူးများ၊ စားစရာများကို သွားရောက်ကျွေးမွေး ခဲ့ကြောင်း သိရသည်။ ကောက်စိုက်ပျိုးမှု ခဏနားချိန်တွင် ကောက်စိုက်သမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လုပ်ငန်း ကိုင်ငန်းများ၊ စားဝတ်နေရေးများနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် မိမိတို့အမြင်များကို ပွင့်လင်းစွာ ပြောဆိုခဲ့ကြကြောင်း သိရသည်။ ညီညီထွန်း(ဝန်းသို)
ရန်ကုန် ဇူလိုင်
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအမျိုးသမီးရေးရာ အဖွဲ့မှ ယမန်နေ့ မွန်းတည့် ၁၂ နာရီတွင် အမှတ် (၄၂) ရပ်ကွက် မဟာဂန္ဓာရုံ ကျောင်းတိုက်စာဖြေဌာနတွင် ကျင်းပလျက်ရှိသော ၂ဝ၂ဝ ပြည့်နှစ် အစိုးရပါဠိပထမပြန် စာမေးပွဲ ပထမကြီးတန်း ဘာသာရပ် ဖြေဆိုတော်မူကြသော ရဟန်းသာမဏေ ၄၂ ပါး၊ သီလရှင်လေးပါးနှင့် စာမေးပွဲကြီးကြပ်ရေး ဆရာတော်များအား သောက်ရေသန့်ဘူး ၇ဝနှင့် တစ်ရှူး စက္ကူထုပ် ၇ဝ တို့အား သွားရောက် လှူဒါန်းခဲ့ကြသည်။
ထားဝယ် ဇူလိုင် ၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်နှင့်အတူ ပါတီဗဟိုကော်မတီ ဝင် ဒေါက်တာနေလင်း၊ ရန်ကုန်တိုင်းပါတီကော်မတီဝင် ဦးသန်းမြင့်၊ ထန်းတပင်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးသိန်းရီ တို့သည် ဒေါင့်ကြီးကျေးရွာအုပ်စု စက်တန်းကျေးရွာ၊ သမိန်ကျေးရွာအုပ်စု အောက်ခြံတန်းကျေးရွာ၊ ကျွဲကော ကျေးရွာ၊ ဘိုးနတ်ပေးကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်း ဆရာတော်များထံ အာဟာရမုန့်ပုံးနှင့် အချိုရည် ဘူးများလှူဒါန်းပြီး ကျေးရွာပါတီဥက္ကဋ္ဌ၊ ပါတီကော်မတီဝင်၊ပါတီဝင်များနှင့်ကျေးရွာ ပါတီဥက္ကဋ္ဌ ဦးကံလှနေအိမ်တွင် ယမန်နေ့ နံနက် ၁ဝနာရီက COVID-19 ရောဂါအသိ ပညာပေးစကားများ ဆွေးနွေးပြောကြားခြင်း၊ လက်ကမ်း စာစောင်များဖြန့်ဝေခြင်း Mask နှာခေါင်းစည်းများ တပ်ဆင်ပေး အပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိ ရသည်။
မိုးညှင်း။ ဇူလိုင်(၂၂)
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ေမာ်ဟန်ကျေးရွာအုပ်စုရှိ မေတ္တာ မော်ဟန် ပရဟိတ နာရေးကူညီမှုအသင်းသို့ အလှူ ငွေ (၁၀၀၀၀၀)ကျပ်တစ်သိန်း အား ယနေ့နံနက်၁၀:၃၀အချိန်၌ သွားရောက်ကူညီလှူဒါန်းခဲ့သည်။
အဆိုပါပေးအပ်လှူဒါန်ရာ ပြည်နယ်ကော်မတီဝင်ဦးစိုးဝင်း၊ ခရိုင်ဥက္ကဌ ဦးစိန်ဝင်းထွန်း ၊ခရုိင်ECဦးဖိုးထောင် နှင့် မြို့နယ်EC ဦးခိုင်ဇော်ထွန်း နယ်မြေဥက္ကဌဦးအောင်သိန်းတို့မှ နာရေးကူညီမူ့အသင်း ဥက္ကဌနှင့်အဖွဲ့ဝင်များ ရှေ့တွင် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး (အရှေ့) တွဲဖက်တာဝန်ခံ ဦးလှသိန်းသည် ပဲခူးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးအောင်နိုင်၊ ဝေါမြို့နယ် ပါတီကော်မတီဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဝေါမြို့နယ် စစ်တောင်းမြစ်ကမ်းဘေးရှိ ကမ်းကြီးဆိပ်၊ ညောင်ခါးရှည်၊ သပြေကန်၊ မှုံကဒုန်၊ ဖိုးစပယ်ကျေးရွာအုပ်စုများရှိ ဘုန်းကြီးကျောင်း ၁၁ ကျောင်းတွင် ဝါဆိုသင်္ကန်းများ ကပ်လှူခဲ့ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးငွေထွန်း၏ ဦးဆောင်မှုနှင့်အတူ မြို့နယ်ပါတီကော်မတီဝင်များနှင့် ပါတီဝင်များလိုက်ပါ၍ ယမန်နေ့ နံနက် ၈ နာရီခွဲက ကျွန်းစုမြို့ အမှတ် (၃) ရပ်ကွက် သီရိမင်္ဂလာဘုန်းတော်ကြီး ကျောင်းအဝင်လမ်း လမ်းဘေးဝဲယာရှိ မြက်ပင်များ၊ ကျောင်းဝင်းအတွင်းရှိ အဆောက်အအုံဝန်းကျင်နှင့် အပြင်ဘက်ဝန်းကျင်ရှိ မြက်ပင်များအား ပေါက်ပြားဖြင့် ပေါက်ပစ်ခြင်း၊ လက်ဖြင့်နုတ်ပစ်ခြင်း၊ အမှိုက်များ ရှင်းလင်းဖယ်ရှားပေးခြင်းဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပြီး စုပေါင်းလုပ်အားဖြင့် ကုသိုလ် ဒါနပြုခဲ့ကြကြောင်း သိရသည်။