ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်းနေထိုင်သည့် မြိုတိုင်းရင်းသားများကို ပြည်ခိုင်ဖြိုးပါတီက ထောက်ပံ့ပစ္စည်းများ လှူဒါန်း

 

MARCH 17

ရခိုင်ပြည်နယ်​ မြောက်ဦးမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊​ ကျောက်​​တော်​မြို့နယ်​တို့မှ ရန်ကုန်သို့ ပြောင်းရွှေ့လာသည့် မြိုတိုင်းရင်းသားများကို ပြည်ခိုင်ဖြိုးပါတီက ယ​နေ့ မတ်​ ၁၇ ရက်​နေ့ နံနက်​ပိုင်း က ​ လှည်းကူးမြို့နယ်၊ ကလီ​ထော်​အ​နောက်​​ကျေးရွာအုပ်​စု၊ ကိုက္ကို​တောင်​​ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဒေးဒရဲမြို့နယ် ရပ်ကျေးဥက္ကဋ္ဌများ ကော်မတီဝင်များနှင့် တွေ့ဆုံ

 

ဒေးဒရဲ မတ် ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး ခန်းမ၌ ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ပါတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ ခဲ့သည်။ တွေ့ဆုံရာတွင် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက ရပ်ကွက်၊ ကျေးရွာပါတီဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ အနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ၊ လုပ်ငန်းစဉ်များ၊ မူဝါဒများနှင့် ပါတီအောင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးရာ နယ်မြေခံပါတီ ကော်မတီဝင်များက မိမိနယ်မြေ များအလိုက် တာဝန်ဝတ္တရားများ၊ တာဝန်ယူထားမှုအခြေအနေများ၊ ပါတီအောင်နိုင်ရေးအတွက် ဆောင်ရွက် ထားရှိမှုများ၊ မြို့နယ်ပါတီကော်မတီဝင်များ အနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များ၊ မူဝါဒ များကို ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

န၀မအကြိမ်မြောက်၊ ပျော်ဘွယ်မြို့နယ်လုံးဆိုင်ရာ၊ ပရိယတ္တိဓမ္မာနုဂ္ဂဟစာမေးပွဲကြီး စာအောင် သံဃာတော် များအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနား ကျင်းပ

 

မတ် ၁၅၊ ပျော်ဘွယ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး မြန်မာနိုင်ငံဆိုင်ရာ ကိုးရီယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Jong Ho Bom အား လက်ခံတွေ့ဆုံ

 

မတ် ၁၂၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Jong Ho Bom အား ၂၀၂၀ခုနှစ်၊ မတ်လ ၁၂ ရက်နေ့၊ (၁၁၀၀) နာရီတွင် နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ကြံခင်းမြို့နယ်ရှိ မြို့နယ်ရပ်ကျေးပါတီ တာဝန်ရှိသူ များနှင့် တွေ့ဆုံ

 

ကြံခင်း မတ် ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ဧရာဝတီတိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဦးကျော်ဝင်းနိုင်၊ ဟင်္သာတခရိုင် ပါတီကော်မတီဥက္ကဋ္ဌ ဦးညွန့်လှိုင်၊ ခရိုင်ပါတီကော်မတီဝင် ဦးတင်ဝင်းတို့နှင့်အတူ ယမန်နေ့ နံနက် ၁ဝ နာရီက ကြံခင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး စည်းဝေးခန်းမတွင် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ပါတီ ကော်မတီဝင်များ၊ ရပ်/ ကျေးပါတီဝင်များနှင့် တွေ့ဆုံသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးနှင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌတို့ အမျိုးသမီးရေးရာ အစည်းအဝေးသို့ တက်ရောက် အမှာစကားပြော

 

ရန်ကုန် မတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး ပါတီရုံးခန်းမ၌ ပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ်နှင့် ပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးတို့ တက်ရောက်၍ အမှာစကား ပြောကြားခဲ့သည်။

ပြည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အရှေ့လက္ခုပ္ပင်အုပ်စု မင်းကုန်းကျေးရွာတွင် ရပ်ကျေးပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ပြုလုပ်

 

မတ်လ ၁၂ ရက်

ယနေ့ နံနက် ၉း၀၀ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ပြည်မြို့နယ်၊ အရှေ့လက္ခုပ္ပင်အုပ်စု၊ မင်းကုန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပရာ တိုင်းပါတီကော်မတီဝင်များ မြို့နယ်ကော်မတီ ဝင်များ၊ ရပ်ကျေးပါတီဥက္ကဌနှင့် ပါတီဝင်များ၊ ရပ်မိရပ်ဖများ တက် ရောက်၍ အမွေးနံ့သာရေများ ပတ်ဖြန်းဖွင့်လှစ်ခဲ့
ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး လေးမျက်နှာမြို့နယ်မှ ဒေသခံပြည်သူများ ပါတီဝင် များနှင့်တွေ့ဆုံ

 

လေးမျက်နှာ မတ် ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် လေးမျက်နှာမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် မြို့နယ်ရပ်ကျေးပါတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် ပါတီကော်မတီဝင်များ၊ ဒေသခံ ပြည်သူများနှင့် ယမန်နေ့နံနက် ၉ နာရီတွင် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

လျှပ်စစ်မီးလင်းနိုင်ရေး ပြည်ထောင်စုနယ်မြေ ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ပြည်သူ့လွှတ်တော်ရုံး အဖွဲ့များက ဝိုင်းဝန်း ကူညီဆောင်ရွက်

 

နေပြည်တော် မတ် ၁ဝ

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင်ဇေယျာသီရိမြို့နယ် ကျောက်ချက်အုပ်စု သာယာအေးကျေးရွာ မီးလင်းနိုင်ရေး အတွက်မီးလိုင်းအလှူရှင် ဗိုလ်ချုပ်ကြီးသူရ သက်ဆွေနှင့်ဇနီးဒေါက်တာ ဝေမာထွန်း မိသားစုအား ပထမဦးစွာ ကျေးရွာတွင်းရှိ ပြည်သူများ၏ကိုယ်စား အထူးပင်ကျေးဇူး တင်ပါကြောင်း မြို့နယ်ကျေးရွာများမှ ရပ်မိ ရပ်ဖများနှင့် တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်ထောင်စုနယ်မြေဥက္ကဋ္ဌ ဦးဝေလွင်က ပြောကြားသည်။