နေပြည်တော်၊ သြဂုတ် ၎
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျနိုင်ငံ၊ ဒုတိယသံအမတ်ကြီး H.E. Dr Michele Forsterတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံမှုတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်နှင့်အတူ နိုင်ငံတကာရေးရာ ကော်မတီဌာနမှူး ဦးမြင့်ကိုကိုတို့ ပါဝင်တက်ရောက်ခဲ့ပြီး နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနရုံးချုပ်တွင် ၂၀၂၀ ခုနှစ် သြဂုတ်လ (၄) ရက် မွန်းလွဲ (၂) နာရီအချိန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။




