ရန်ကုန် ဇူလိုင် ၂ဝ
ရန်ကုန် ဇူလိုင် ၂ဝ
ရန်ကုန် ဇူလှိုင် ၂၁
မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ နံနက် ၇နာရီမှ စတင်၍ မြို့နယ်ဘဏ္ဍာရေးမှုး ဦးအောင်ဝင်း ဦးဆောင်၍ မြို့နယ်ပါတီကော်မတီဝင် စည်းရုံးရေးရာတာဝန်ခံ ဦးသန်းဦး၊ မြို့နယ်သတင်းနှင့် ဧရိယါတာဝန်ခံ ဦးအေးမင်းဇော်၊ မြို့နယ်စီမံရေးရာ ဦးကျော်မင်း၊ မြို့နယ်ပါတီကော်မတီဝင် ဦးနေလင်းအောင်တို့က မြောက်ဥက္ကလာပမြို့နယ် အမှတ် (၂) ရပ်ကွက် မာဃအပိုင်လမ်းသွယ် အသီးသီးကို မိုးရာသီသွေးလွန်တုပ်ကွေး ကာကွယ်ရေး ခြင်ဆေးမှုတ်ခြင်းကို ဆောင်ရွက်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးမောင်မောင်ဆွေက အပိုင်ရာ အိမ်မှုးများနှင့် ချိတ်ဆက်ကူညီပေးပြီး မြောက်ဥက္ကလာပမြို့နယ် အမှတ် (၂) ရပ်ကွက် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးစောထွန်းနှင့် ပါတီကော်မတီဝင်များက ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြသည်။
ဘားအံ ဇွန် ၂၈
ကရင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ (ဗဟိုအလုပ်အမှုဆောင်) ဦးစောမြင့်ဦး၊ ဗဟို အလုပ်အမှုဆောင်အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းနီနီအေး၊ ဗဟိုကော်မတီဝင် ကရင်ပြည်နယ် ပါတီအတွင်းရေးမှူး ဦးစန်းကို၊ ပြည်နယ်ပါတီကော်မတီဝင် ဦးဝင်းတင်၊ ဒေါ်စန္ဒာဦး၊ ဦးစောမြင့်ဝင်းအောင်၊ ဘားအံမြို့နယ် ပါတီဥက္ကဋ္ဌ ဦးစောစိန်ဝင်း၊ အတွင်းရေးမှူး ဦးခွန်သန်းဝင်းနှင့် ပြည်နယ်လူငယ်လှုပ်ရှားမှုအဖွဲ့ ခေါင်းဆောင် ဒေါ်ခင်နီနီအောင်တို့သည် ယမန်နေ့ညနေ ၄ နာရီတွင် ဘားအံမြို့အမှတ် (၂) ရပ် ကွက်ရှိ မြိုင်သဇင်ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တဣဿရိယ အားဖူးမြော်၍ ဆွမ်းဆန်အိတ် ငါးအိတ်၊ ကန်တော့ခြင်းတစ်ခြင်း၊ အလှူငွေကျပ်ရှစ်သောင်းနှင့် Mask တစ်သေတ္တာ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ခင်နီနီအောင်
လောင်းလုံး ဇွန် ၂၈
ရန်ကုန် ဇွန် ၂၈
ရန်ကုန်အရှေ့ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ ယမန်နေ့ မွန်းလွဲ ၂နာရီက အမှတ် (၅၆) ရပ်ကွက်အတွင်း ဒေသခံမိဘပြည်သူများ ကျန်းမာရေးအတွက် သွေးလွန်တုပ်ကွေး ကာကွယ်ရန် ဆေးဖျန်းခြင်းအား မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန် ဇွန် ၂၈
ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့တွင် ဝင်ငွေနည်းမိသားစုများအား ဆန်နှင့် ဆီများကို ကမာရွတ်မြို့နယ် အမှတ် (၁) ရပ်ကွက် အတွင်းနေအိမ်များသို့ သွားရောက်ပြီး ဆန်တစ်ပြည်၊ ဆီ ၅ဝ ကျပ်သား နှုန်းဖြင့် ကူညီထောက်ပံ့လှူဒါန်း ခဲ့သည်။
ရန်ကုန် ဇွန် ၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ယမန်နေ့ မွန်းလွဲပိုင်းက ရုပ်ရှင် တစ်သက်တာထူးချွန်ဆုရ စည်သူဗိုလ်ကလေးတင့်အောင်ထံသို့ သွားရောက်ဂါရဝပြု ကန်တော့ကာ ဆန်၊ ဆီ၊ ပဲ တို့ကို လှူဒါန်းခဲ့သည်။
ထိုသို့တွေ့ဆုံဂါရဝပြုရာတွင် ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့်အတူ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဒါရိုက်တာ ဦး ညီညီထွန်းလွင်နှင့် ဒုတိယဥက္ကဋ္ဌ (၁) ဦးအေးကြူလေးတို့ လိုက်ပါခဲ့ကြ သည်။
ရန်ကုန် ဇွန် ၂၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် ယမန်နေ့ နံနက် ၉ နာရီက ရုပ်ရှင်လောကသားများအတွက် ပြည်ခိုင်ဖြိုးပါတီမှ လှူဒါန်းသော အလှူငွေများကို ဒုတိယနေ့အဖြစ် လှူဒါန်းရမည့် ဇာတ်ပို့ ဇာတ်ရံအခြေခံ အလွှာတွင် ပါဝင်သရုပ်ဆောင်သူများကို ဗဟန်းမြို့နယ်ရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံးသို့သွားရောက်ကာ ဆက်လက်လှူ ဒါန်းခဲ့သည်။
မုဒုံ ဇွန် ၂၃
မွန်ပြည်နယ် ပါတီကော်မတီဝင် ဦးဇော်မြင့်၊ မော်လမြိုင်ခရိုင် ပါတီကော်မတီဝင် ဦးမင်းအောင်မြင့်တို့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်သက်တင်နှင့် ပါတီကော်မတီဝင်များသည် အထက (၁) တွင် ဖွင့်လှစ်သင်ကြား လျက်ရှိသော Grade- 7 အထိ သင်ရိုးသစ်သင်တန်းသို့ တက် ရောက်နေသော သင်တန်းသား ဆရာဆရာမများ၊ နည်းပြများ၊ ကြီးကြပ်သူများနှင့် ရုံးဝန်ထမ်းများ စုစုပေါင်း ၆ဝဝ အတွက် Mask ၁၂ဝဝကို သွားရောက်လှူဒါန်းရာ မြို့နယ်ပညာရေးမှူး ဒေါ်မြဝင်းက လက်ခံရယူသည်။