ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် မှော်ဘီမြို့နယ် ကျေးရွာကွန်ကရစ် လမ်းခင်းရန်အတွက် အလှူငွေ သွားရောက်လှူဒါန်း

 

ဇွန် ၁၄

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာစန်းစန်းနွယ် မှော်ဘီမြို့နယ် လှပဒါးကျေးရွာအုပ်စု သင်တောရိုး ကျေးရွာ ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းခင်းရန်အတွက် အလှူငွေ (၂၀၀၀၀၀) နှင့် ပါးစပ်နှင့်နှာခေါင်းစီး (mask) များအား သွားရောက်လှူဒါန်း ခဲ့ပါသည်။ သွားရောက်လှူဒါန်းရာတွင် ဗဟိုအတွင်းရေးမှူး ဒေါက်တာ စန်းစန်းနွယ် မှော်ဘီပြည်ခိုင်ဖြိုး ပါတီနာယက ဦးကြည်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များနှင့်အတူ ကျေးရွာ ပါတီဥက္ကဋ္ဌ ဦးသန်းထိုက်ထံ သွားရောက် လှူဒါန်းခဲ့ပါသည်။ ဘိုတေ(ရွှေပြည်သာ)

ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကျိုက်ထို မြို့တွင်း စျေးများ တွင် Mask များအခမဲ့ဖြန့်ဝေ

 

ဇွန် ၁၅၊ ကျိုက်ထို

ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကျိုက်ထို မြို့နယ် ရှိ စျေးများ နှင့် ပြည်ခိုင်ဖြိုးပါတီ ရုံးရှေ့တွင် Covid -19 ရောဂါကာကွယ်နိုင်ရန် Mask ၂၀၀၀ အား ယနေ့ နံနက် ၇ နာရီ အချိန် မှ စ၍ အခမဲ့ ဖြန့်ဝေလှူဒါန်းခဲ့ပါသည်။ အဆိုပါ ဆောင်ရွက်မှုအား ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လူငယ်ရေးရာပါတီ၀င်များးမှ စုပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ ပြည်ခိုင်ဖြိုး ပါတီ ကျိုက်ထိုမြို့နယ်

ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်မှုဖြင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် COVID-19 ရောဂါကာကွယ်ရေး ပစ္စည်းများ ပြည်သူများသို့ အခမဲ့ဖြန့်ဝေ

 

ကြာအင်းဆိပ်ကြီး ဇွန် ၁၁

ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ပြည် ခိုင်ဖြိုးပါတီတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီကCOVID-19 ရောဂါ ကာကွယ်ရေးအတွက် ပြည်သူများအား နှာခေါင်းစည်း (Mask) များ ဝေငှခဲ့ကြောင်း သိရသည်။

ကံမမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သရက်တပ်နယ် က.ပ.စ (၁၂) တပ်မတော်သားများ ပိုးသတ်ဆေးဖြန်းခြင်းအား ဝိုးင်းဝန်းကူညီခြင်းများ ဆောင်ရွက်

 

ဇွန် ၁၁၊ ကံမ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကံမမြို့နယ်အတွင်း Covid – 19 ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပြီး ပြည်သူ့အကျိုးအတွက်​ဆောင်ရွက်နေသော အဖွဲ့အစည်းများဖြစ်သည့် တပ်မတော်နှင့် အခြားပရဟိတအဖွဲ့များနှင့်လည်း ကူညီ ဆောင်ရွက်မှုများပြုလုပ်လျက် ရှိပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၁၀) နှစ်မြောက် အထိမ်းအမှတ်အဖြစ် လယ်ဝေးမြို့နယ် ပေါက်မြိုင်ပရိယတ္ထိစာသင်တိုက်သို့ လှူဒါန်းမူများ ပြုလုပ်

 

ဇွန်လ (၈)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၁၀) နှစ်မြောက် အထိမ်းအမှတ် လှူဒါန်းခြင်း အခမ်းအနားအား ၂၀၂၀ ခုနှစ် ဇွန်လ (၈) ရက်နေ့တွင် နေပြည်တော် လယ်ဝေးမြို့နယ် ပေါက်မြိုင်ပရိ ယတ္ထိစာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ အာလူး၊ လ္ဘက်ခြောက်နှင့် န၀ကမ္မ၀တ္ထုငွေများ လှူဒါန်းခဲ့သည်။

ပြည်သူလွှတ်တော်ကိုယ်စားလှယ်မှ ပရဟိတအသင်းများအား PPE ဝတ်စုံများလှူဒါန်း

 

ဇွန် ၂၊ နေပြည်တော်

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သရေစည်သူ ဦးလှဌေးဝင်းမှ မြို့နယ်ပရဟိအသင်းများနှင့်တွေ့ဆုံပြီး စိုက်ပျိုးရေးကို အခြေခံသော စီပွားရေးလုပ်ငန်းများ (၃)လပတ်သီနှံများအား စိုက်ပျိုးကြရန် ပညာပေးလုပ်ငန်းများအားရှင်းလင်းပြောကြားပြီး ပရဟိတအသင်းများ အရေးပေါ်လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် PPE ဝတ်စုံများ လှူဒါန်းပေးခဲ့ပြီး ပရဟိတအသင်းများမှ လက်ခံရယူခဲ့ကြပါသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တာဝန်မှရုပ်သိမ်းပေးရေး အဆိုတင်သွင်းခြင်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲပြုလုပ်

 

နေပြည်တော် ဇွန် ၁
===============
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နေပြည်တော်ဌာနချုပ် အစည်းအဝေးခန်းမ(၂)တွင် ယနေ့ မွန်းလွဲ ၃နာရီတွင် လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန် တင်သွင်းသော ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တာဝန်မှရုပ်သိမ်းပေးရေး အဆိုတင်သွင်းခြင်းနှင့်ပတ်သက်၍ သတင်းစာရှင်းလင်း ပွဲပြုလုပ်ခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် လွှတ်တော်ကိုယ်စားလှယ် များဖြစ်ကြသော ဦးသောင်းအေး၊ ဦးမောင်မြင့်၊ ဒေါက်တာမောင် သင်းနှင့် ဦးစိုင်းထွန်းစိန်တို့က သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်း အကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြပြီး မီဒီယာများ၏မေးမြန်း ချက်များကို ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲအား ညနေ ၄နာရီ ၁၅မိနစ်တွင် ရုပ်သိမ်းခဲ့သည်။ ရှင်းလင်းပွဲဆွေးနွေးချက်များအား ဆက်လက် ဖော်ပြပါမည်။

ညောင်လေးပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အတွင်းရှိ ဆေးရုံများသို့ UVC trolley, UV+Ozone Sterilizer Box , Compressor Nebulizer တို့အားလှူဒါန်း

 

(၃၁-၅-၂၀၂၀)
ညောင်လေးပင်မြို့နယ်အတွင်းရှိ ညောင်လေးပင်မြို့နယ်ဆေးရုံ၊ ပြွန်တန်ဆာတိုက်နယ်ဆေးရုံ၊ မဒေါက်တိုက်နယ် ဆေးရုံနှင့် ပိန်းဇလုပ်တိုက်နယ်ဆေးရုံများသို့ UVC trolley, UV+Ozone Sterilizer Box , Compressor Nebulizer တို့အား (၃၁.၅.၂၀၂၀) ရက်နေ့ နံနက် (၁၀:၃၀နာရီ) တွင်  ညောင်လေးပင်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ဦးသောင်းဒန်ဦးထံသို့ သွားရောက်၍ လှူဒါန်းခဲ့ပါသည်။

အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာနများသို့ PPE ဝတ်စုံများနှင့် Mask များ ထပ်မံလှူဒါန်း

 

အမရပူရ၊​မေ(၃၁) သုတ(မန္တလေး)

အမရပူရမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ Covid-19 ​ရောဂါကြိုတင်​ကာကွယ်​တာဆီးနိုင်​​ရေး လုပ်​ငန်းများကို စဉ်​ဆက်​မပြတ်​ ​ဆောင်​ရွက်​လျှက်​ရှိရာ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ​ကျေးလက်​​ကျန်းမာ​ရေးဌာနများသို့ PPE ဝတ်စုံများနှင့် Mask များ သွားရောက်လှူဒါန်းခဲ့သည်။

မှော်ဘီမြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ သက်ကြီးရွယ်အိုဘိုးဘွားရိပ်သာ စောင့်ရှောက်မူဂေဟာသို့ ပြည်ခိုင်ဖြိုး ပါတီမှ တစ်နေ့တာ အာဟာရ အပါအဝင် အလှူငွေ (၃၅၀၀၀၀) ကျပ်အား သွားရောက်လှူဒါန်း

 

မေ ၃၁၊ မှော်ဘီ

မှော်ဘီမြို့နယ် အမှတ် (၄) ရပ်ကွက်ရှိ သက်ကြီးရွယ်အို ဘိုးဘွားရိပ်သာ စောင့်ရှောက်မူဂေဟာသို့ ပြည်ခိုင်ဖြိုးပါတီမှ တစ်နေ့တာ အာဟာရ အပါအဝင် အလှူငွေ (၃၅၀၀၀၀) ကျပ်အား သွားရောက်လှူဒါန်း ခဲ့ပါသည်။