သတင်းထုတ်ပြန်ကြေညာချက် အမှတ်စဉ်(၁/၂၀၂၀)

သြဂုတ် ၁၂၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု၍ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် “ကချင်ပြည်နယ်” ရှိ မဲဆန္ဒနယ်များမှ ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် အောက်ပါပုဂ္ဂိုလ်များအား လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် အသိအမှတ်ပြုတာဝန်ပေးအပ်ကြောင်း ကြေညာအပ်ပါသည်-

ပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး ဝန်းသိုမြို့နယ်ရှိ စာသင်ကျောင်းများသို့ COVID-19 ကာကွယ်ရေးပစ္စည်းများ လှူဒါန်း

 

ဝန်းသို သြဂုတ် ၁၁

ဟိုပင်စစ်မှုထမ်းဟောင်းရုံး ဆောက်လုပ်ရန်အတွက် ဟိုပင်ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ တစ်သိန်းကျပ် လှူဒါန်း

 

ဟိုပင်။ သြဂုတ်

ယနေ့ မိုးညှင်းမြို့နယ် ဟိုပင်ဒေသ စစ်မှုထမ်းဟောင်းရုံး တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ယနေ့ မနက် ၈ နာရီခွဲတွင် ဟိုပင်ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ တစ်သိန်းကျပ် (၁၀၀၀၀၀ကျပ်) လှူဒါန်းခဲ့ရာ စစ်မှုထမ်းဟောင်း ဆရာကြီးဦးခင်မောင်ဝင်းနှင့် အဖွဲ့မှ လက်ခံခဲ့ ကြသည်။

ပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး ကျောင်းနှင့်ဆေးရုံတို့တွင် COVID-19 ကာကွယ်ရေး ပစ္စည်းများ လှူဒါန်း

 

ဝန်းသို သြဂုတ် ၁၀

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးသည် ယမန်နေ့ နံနက်ပိုင်းတွင် ဝန်းသိုမြို့နယ် နမ်းခမ်းဒေသသို့ သွားရောက်ပြီး နမ်းခမ်းအခြေခံပညာ အထက်တန်း ကျောင်းနှင့် နမ်းခမ်းတိုက်နယ် ဆေးရုံသို့ COVID-19 ကပ် ရောဂါကာကွယ်ရေးပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ၁၅စုံ၊ Mask အခု ၁ဝဝဝ၊ Hand Gel ၁ဝ ဘူး၊Thermometer သုံးခုတို့ကိုလှူဒါန်းခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

ရေဖြူ သြဂုတ် ၉

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးမောင်စိန်နှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာအုပ်စု၊ မင်းဒပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မဝိဟာရ ကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်အရှင်ဥုတ္တမအား ဖူးမြော်ပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်းနှင့် ဓမ္မဝိဟာရ ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြည်ခိုင်ဖြိုးပါတီက စာသင်ကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဝင်း အတွင်း သန့်ရှင်းရေး ဆောင်ရွက်

 

ရန်ကုန် သြဂုတ် လ

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြည်ခိုင်ဖြိုးပါတီက ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အမှတ် (၁ဝ၅)ရပ်ကွက် ချယ်ရီမြိုင်လမ်းမကြီးပေါ်ရှိ အမက ၂၅ (လခွဲ) ကျောင်းအား COVID-19 ကြောင့် ကျောင်းများဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဝင်းအတွင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းကပ်လှူ စာသင်ကျောင်းအတွက် ဗလာစာအုပ်နှင့် နှာခေါင်းစည်းများ လှူဒါန်း’

 

မအူပင် သြဂုတ်

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကဝက္ကင်းကျေးရွာရှိ ဘုရားကြီးကျောင်း ဆရာတော်အား ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ကဝက္ကင်းကျေးရွာရှိ အထက (ခွဲ) စာသင် ကျောင်းသို့ ကျောင်းသုံးဗလာစာအုပ်များနှင့် နှာခေါင်းစည်းများ လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁ဝ နာရီမှစတင်၍ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပွင့်လင်းမြင်သာမှု အားနည်းသည့်အတွက် ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတပါ့မလားလို့ ဒေါ်ယဉ်မင်းမြင့်ဆွေပြော

 

နေပြည်တော် သြဂုတ် ၆

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပွင့်လင်းမြင်သာမှု အားနည်းသည့်အတွက် ၂၀၂၀ အထွေအထွေ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတပါ့မလားလို့ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ က ပြောကြားလိုက်သည်။

နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ရွေးကောက်ပွဲကော်မရှင်မှ ပြည်ထောင်စုနယ်မြေအတွင်း “မဲစာရင်းထုတ်ပြန်ချက်” အပေါ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ၎င်းက အထက်ပါအတိုင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။

ဝန်းသိုမြို့ပေါ်ရှိ အနန္တဇိနမဟာအတုလစေတီအား ပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုး ဖူးမြော်ကြည်ညို

 

ဝန်းသို သြဂုတ် ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်း ဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယခင်အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး တာဝန်ထမ်းဆောင်စဉ်အချိန်က အနီးကပ်ကြီးကြပ်ပြီးတည်ထား ကိုးကွယ်ခဲ့သော ဝန်းသိုမြို့ နန္ဒဝန်ကုန်းတော်ပေါ်ရှိ အနန္တဇိနမဟာအတုလစေတီတော်သို့ ယနေ့ နံနက်ပိုင်း တွင် တက်ရောက်ကြည်ညိုခဲ့သည်။

ဒေါက်တာနန္ဒာလှမြင့်နှင့် သြစတေးလျ ဒုတိယသံအမတ်ကြီး နေပြည်တော်တွင်တွေ့ဆုံ

 

နေပြည်တော်၊ သြဂုတ် ၎

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ သြစတေးလျနိုင်ငံ၊ ဒုတိယသံအမတ်ကြီး H.E. Dr Michele Forsterတို့ နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံမှုတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်နှင့်အတူ နိုင်ငံတကာရေးရာ ကော်မတီဌာနမှူး ဦးမြင့်ကိုကိုတို့ ပါဝင်တက်ရောက်ခဲ့ပြီး နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနရုံးချုပ်တွင် ၂၀၂၀ ခုနှစ် သြဂုတ်လ (၄) ရက် မွန်းလွဲ (၂) နာရီအချိန်၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။