ဘားအံ သြဂုတ်လ
ဘားအံ သြဂုတ်လ
ရန်ကုန် သြဂုတ်လ
ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ သီရိပျံချီဦးခင်မောင်စိုးနှင့် ဇနီး ဒေါ်နီနီ မိသားစုက ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ဖောင်ကြီးအနောက်ကျေးရွာ သာသနာ့ရိပ်သာ ကျောင်းတိုက် (မဟာစည်ဌာနခွဲ) တွင် ယမန်နေ့ နံနက် ၁ဝနာရီက ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့သည်။
ကျိုက်ထို၊ သြဂုတ် ၂၅
ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့ညနေ ၃ နာရီတွင် ဘိုရားကြီးကျေးရွာ အင်းခွပ် ကျောင်းဆရာတော် အားဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇေယျာဦး၊၊ မြို့နယ်ပါတီကော်မတီဝင် ဦးဖြိုးဝေစံ၊ ဘိုရားကြီးကျေးရွာ ရပ်ကျေးပါတီဥက္ကဌ ဦးကျော်အောင်တို့သည် အင်းခွပ်ကျောင်း ဆရာတော်အား ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။
ကောလင်း သြဂုတ်လ
ကောလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်တိုး၊ ဦးကျော်လွင်ဦးနှင့် ဦးညွန့်ဝေတို့ လိုက်ပါ၍ ယနေ့ နံနက် ၁ဝ နာရီက ဥက္ကံအထက်တန်းကျောင်းသို့ သွားရောက်၍ COVID-19 အချိန်ကာလ ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမများ အတွက် Mask ၃ဝဝ နှင့်ရေသန့် ၃၂၅ဘူးကို လှူဒါန်းခဲ့ကြရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်မြင့်က လက်ခံယူခဲ့ကြောင်း သိရသည်။
လားရှိုး သြဂုတ်လ
လားရှိုးမြို့နယ်ပြည်ခိုင်ဖြိုးပါတီက ယမန်နေ့ နံနက်ပိုင်းတွင် လားရှိုးမြို့ရပ်ကွက် (၁၂) အလက (၈) ထခွဲကျောင်းသို့ Printer နှင့် အမှိုက်ပုံးများလှူဒါန်းပြီး ကျောင်းဆောင်များကိုလည်းကောင်း၊ ရပ်ကွက်နေမိဘပြည်သူများ၏ အကူအညီတောင်းခံမှုကြောင့် ရပ်ကွက်နေအိမ် အချို့ကိုလည်းကောင်း သွေးလွန်တုပ်ကွေးရောဂါကာ ကွယ်ရေး အတွက် ခြင်ဆေးဖျန်းပေးခဲ့ကြကြောင်း သိရသည်။<strong
ဝေါ သြဂုတ် ၂၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး (အရှေ့) တွဲဖက်တာဝန်ခံ ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးအောင်နိုင်၊ ခရိုင်ပါတီကော်မတီဝင် ဦးကျော်ဇော၊ ဝေါမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမောင်ယုနှင့် မြို့နယ်ပါတီ ကော်မတီဝင်များသည် ဝေါမြို့ပေါ်ရှိ ဘုန်းတော် ကြီးကျောင်း ၂ဝ မှ ဆရာတော်ကြီးများအား ယမန်နေ့ နံနက် ၁ဝနာရီက ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ကျိုက်ထို၊ သြဂုတ် ၂၄
ကျိုက်ထိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယမန်နေ့နံနက် ၁၀နာရီတွင် စစ်တောင်စံပြ ကျေးရွာ ဟေမာမြိုင်ဆရာတော် အားဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲသို့ ဗဟိုပါတီ ကော်မတီ၀င် ဉီးဌေးလွင်၊မြို့နယ်ပါတီ နာယက ဦးစိုး၀င်း၊ဦးမြင့်ဆွေ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇေယျာဦး၊အတွင်းရေးမှူး ဦးကြည်စိုး၊ မြို့နယ်ပါတီ ကော်မတီဝင်တို့သည် ဟေမာမြိုင် ဆရာတော် အား ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။
ရန်ကုန် သြဂုတ်
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းသို့ အမှိုက်ပုံးများနှင့် အလှူငွေ လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၈ နာရီက လှူဒါန်း ခဲ့ကြကြောင်း သိရ သည်။
မာန်အောင် သြဂုတ်
ကျောက်ဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်ပါတီကော်မတီဝင် ဦးသိန်းနု၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြလင်း၊ ခရိုင် ဘဏ္ဍာရေးမှူး ဦးခင်မောင်ကြီး၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာထင်လင်းဦး၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးတင် ထွန်းနှင့် ကော်မတီဝင်များ၊ ရုံးဝန်ထမ်းများသည် ယမန်နေ့နံနက် ၉နာရီက ကျောက် ဖြူကုလားဘာတောင် စျေးတွင် COVID-19 ရောဂါကာ ကွယ်နိုင်ရေးအတွက် စျေးရောင်း စျေးဝယ်သူများနှင့် သုံးဘီးယာဉ် မောင်းများအား Mask နှင့် Face ShieId များကို အခမဲ့ ဖြန့်ဝေပေး ခဲ့ကြောင်း သိရသည်။သိန်းဖေ(မာန်အောင်)
သြဂုတ် ၁၉၊ နေပြည်တော်
၂၀၂၀ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်နေ့တွင် နေပြည်တော်ရှိ MICC-2 တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ စတုတ္ထအကြိမ်မြောက် ညီလာခံဖွင့်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးမြင့်စိုး၊ ဒေါက်တာအောင်မြတ်ဦး၊ ကျောင်းကုန်းမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းနှင့် ပါတီဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ဒေသကြီး ပါတီကော်မတီဝင် ဒေါ်မိုးမိုးအိတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။