နေပြည်တော်၊ သြဂုတ် ၂၇
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ရာ၌ ဒေသကို အမှန်တကယ် အကျိုးပြုမည့်သူအား ဦးစားပေးရွေးချယ်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးလှထွန်းက ပြောကြားသည်။
ကျောက်ပန်းတောင်းမြို့နယ်မှ ဒေသခံပါတီဝင်များနှင့် တွေ့ဆုံစဉ်တွင် ဒုတိယဥက္ကဋ္ဌ ဦးလှထွန်းက ထိုသို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။