ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မူးမြို့နယ် အနောက်ခြမ်းကျေးရွာ သုံးရွာတွင် ကော့မှူးပြည်ခိုင်ဖြိုးပါတီ နာယကများဖြစ်ကြသော ဦးဝင်းထိန်၊ ဦးမြင့်ကြိုင်၊ ကော့မှူးပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဦးကျော်ဇင်ဟိန်း၊ မြို့နယ်ကော်မတီဝင် ဒေါ်မြမြမိုး၊ ဦးနန္ဒတို့ ဦးဆောင်၍ အလှူငွေများ ကွင်းဆင်းပေးအပ်ရာ ပျဉ်းကတိုးကျေးရွာအုပ်စုတွင် ပျဉ်းကတိုး နှင့် တလုပ်ထော် ရွာချင်းဆက်လမ်း၊ ကိုယ်ထူကိုယ်ထ မြေသားလမ်းဖို့ခြင်း လုပ်ငန်းအား ငွေကျပ် တစ်သိန်းလှူတန်းရာ ပျဉ်းကတိုးကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်၊ ရပ်မိရပ်ဖ ဦးအောင် မြိုင်တို့က လက်ခံယူ၍ ကျိုက်ထော် (မြောက်)ကျေးရွာအုပ်စုတွင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ အုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှိုင်းတိုင်ပင်လျက် လိုအပ်ချက် များရယူကာ ‘ရွှေကျိုက်ထော် လူမူကူညီရေးအသင်း’ အား အလှူငွေ ကျပ်တစ်သိန်းပေးလှူ ဒါန်းခဲ့သည်။