
ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ထိပ်ဆုံးက ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ ပတ်သက်ပြီး ယူအီးအက်ဖ်အေရဲ့ စောင့်ကြည့်တာကို ခံနေရပါတယ်။ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ ဘဏ္ဍာရေးစည်းမျဉ်းကို ချိုးဖောက်ဖွယ်ရှိတဲ့ ဥရောပက ကလပ်အသင်း ၂၀ ကို စောင့်ကြည့်လေ့လာနေပြီး သက်သေတွေရှိမယ်ဆိုရင် စုံစမ်းစစ်ဆေးတာမျိုး လုပ်လာနိုင်ပါတယ်။
အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ငွေကြေးသုံးစွဲမှုအများဆုံးအသင်း ဖြစ်ခဲ့သလို အခုနှစ်ရာသီမှာလည်း ကစားသမားသစ်တွေကို ခေါ်ယူထားတာပါ။ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့မှုနဲ့အတူ ပြီးခဲ့တဲ့ သုံးနှစ်တာကာလအတွင်းမှာ အာဆင်နယ်အသင်းက ပေါင် ၂၁၃ သန်းအထိ အရှုံးပေါ်ခဲ့ကြောင်း သတင်းထွက်နေတာပါ။








