
မန်ယူအသင်း၏ နည်းပြဖြစ်သူ အဲရစ်တန်ဟက်ဂ်က ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်တွင် စီရော်နယ်လ်ဒိုကို ပွဲထွက်အဖြစ် အသုံးမပြုဘဲ အရန်ခုံတွင် ထိုင်စေခဲ့သည့် ဆုံးဖြတ်ချက် မှားယွင်းခဲ့သည်ဟု ဝန်ခံပြောကြားခဲ့သည်။အဲရစ်တန်ဟက်ဂ်သည် ယင်းပွဲစဉ်တွင် မန်ယူအသင်း၏ ကစားသမားသစ်တစ်ဦးဖြစ်သည့် ဒိန်းမတ်ဝါရင့် ကွင်းလယ်လူ အဲရစ်ဆင်ကို False 9 နေရာ၌ အသုံးပြုခဲ့ပြီး ကွင်းလယ်တွင် ဘရူနိုဖာနန်ဒက်စ်၊ တွမ်မီနေးနှင့် ဖရက်ဒ်တို့ကို သုံးခဲ့သည်။ နောက်ပိုင်းတွင် ဖရက်ဒ်အစား စီရော်နယ်လ်ဒို ကိုထည့်ကာ အဲရစ်ဆင်ကို ကွင်းလယ်တွင် ပြန်ကစားခိုင်းပြီးမှ မန်ယူအသင်း ၏ ကစားပုံ ပိုကောင်းလာခဲ့ခြင်းဖြစ်သည်။









