
လာမည့်နှစ်တွင် UFCမှ နာမည်ကြီး MMAအားကစားသမား မက်ဂရီဂေါ်နှင့် သရုပ်ပြပွဲထိုးသတ်သွားရန် ဆန္ဒရှိနေကြောင်း ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားဘဝမှ အနားယူထားသည့် ဖလွိုက်မေဝယ်သာက ပြောကြားခဲ့သည်။
ပရိုလက်ဝှေ့ပွဲများတွင် ရှုံးပွဲလုံးဝမရှိခဲ့သူ မေဝယ်သာ(၄၅ နှစ်)သည် ၂၀၁၇ ခုနှစ်က သူ၏ နောက်ဆုံး ပရော်ဖက်ရှင်နယ်လက်ဝှေ့ပွဲအဖြစ် မက်ဂရီဂေါ်နှင့်ထိုးသတ်ခဲ့ပြီး အလဲထိုးဖြင့် အနိုင်ယူခဲ့သည်။








