၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်း အောင်မြင်မှုမရရှိပါက နည်းပြရာထူးမှ ထုတ်ပယ်ခံရနိုင်သည်ဟု ဆောက်ဂိတ်ဝန်ခံ

အင်္ဂလန်လက်ရွေးစင်အသင်း၏ နည်းပြဖြစ်သူ ဆောက်ဂိတ်က ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းသာ အောင်မြင်မှုမရရှိပါက လက်ရွေးစင်အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရမည့် အခြေအနေကို မိမိ ရင်ဆိုင်ရနိုင်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

ဂျာမနီအသင်းနှင့် ကစားမည့် Nations League ပွဲစဉ်မတိုင်မီတွင် ဆောက်ဂိတ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ဆောက်ဂိတ်၏ အင်္ဂလန်အသင်းသည် ယင်းပွဲစဉ်မတိုင်မီကတည်းက လာမည့်နှစ် Nations League ပြိုင်ပွဲတွင် League B သို့ တန်းဆင်းကစားရရန် သေချာခဲ့ပြီးဖြစ်သည်။

ရပ်ရှ်ဖိုဒ်ကို (၅)နှစ်သက်တမ်းတိုးရန် ကြိုးပမ်းနေမှု မအောင်မြင်ခဲ့ပါက စာချုပ်ပါ သဘောတူညီချက်အတိုင်း ခရစ္စမတ်မတိုင်မီ (၁၂)လ သက်တမ်းတိုးမြှင့်မည်

မန်ယူအသင်းသည် အင်္ဂလန်တိုက်စစ်မှူး ရပ်ရှ်ဖိုဒ်ကို (၅)နှစ်သက်တမ်းတိုးရန်  ကြိုးပမ်းနေမှု မအောင်မြင်ခဲ့ပါက စာချုပ်ပါ သဘောတူညီချက်အတိုင်း ခရစ္စမတ်မတိုင်မီ (၁၂)လသက်တမ်းတိုးမြှင့်သွားရန် စီစဉ်နေကြောင်း သိရသည်။ ရပ်ရှ်ဖိုဒ်(၂၄ နှစ်)သည် လာမည့်နွေရာသီတွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အဆိုပါစာချုပ်၌ နောက်ထပ်(၁၂)လ သက်တမ်းတိုးမြှင့်နိုင်သည့် သဘောတူညီချက် ပါဝင်နေသည်။

စပိန်လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် ရှုးပွဲရာခိုင်နှုန်းအများဆုံးပြိုင်ပွဲအဖြစ် UEFA Nations League ပြိုင်ပွဲ မှတ်တမ်းဝင်

စက်တင်ဘာ (၂၅)ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သော UEFA Nations League အုပ်စုပွဲစဉ်တွင် စပိန်လက်ရွေးစင် အသင်းက ဆွစ်ဇာလန်လက်ရွေးစင်အသင်းအား  (၁-၂)ဂိုးဖြင့် ရှုးနိမ့်ခဲ့ပြီး ယင်းပွဲအပြီးတွင် စပိန်လက်ရွေးစင်အသင်း အနေဖြင့် အသင်းသမိုင်း၏ မှတ်တမ်းဆိုးတစ်ခုကိုပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။ စပိန်လက်ရွေးစင်အသင်းအနေဖြင့် Nations League ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲစဉ် (၁၇)ပွဲကစားထားရာတွင် ရှုးပွဲ (၅)ပွဲအထိရှိခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် (၂၉.၄%)အထိရှိခဲ့ရာ အသင်းသမိုင်းတစ်လျှောက် အရှုးရာခိုင်နှုန်းအများဆုံးပြိုင်ပွဲအဖြစ်မှတ် တမ်းဝင်ခဲ့ ကြောင်း သိရသည်။

ဥပဒေချိုးဖောက်တဲ့ပရိသတ်တွေကို တစ်နှစ်ပွဲကြည့်ခွင့်ပိတ်ဖို့ ပရီးမီးယားလိဂ်အသင်းတွေ သဘောတူ

ပရီးမီးယားလိဂ်ဘောလုံးကွင်းတွေထဲမှာ လက်မခံနိုင်တဲ့အပြုအမူနဲ့ ဥပဒေချိုးဖောက်တဲ့အပြုမူတွေမှာ ပါဝင်တဲ့ ပရိသတ်တွေဟာ အနည်းဆုံးတစ်နှစ်ပွဲကြည့်ခွင့်ပိတ်ပင်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ ပရိသတ်တွေရဲ့အပြုအမူပြဿနာတွေကို ဖြေရှင်းဖို့ကြိုးပမ်းတဲ့အနေနဲ့ ဇူလိုင်လမှာ အင်္ဂလန်ဘောလုံးလိဂ်အဖွဲ့အစည်းနဲ့အတူ အလိုအလျောက်ပွဲပယ်ပြစ်ဒဏ်ချမှတ်မူတွေ စတင်ဖို့ သဘောတူခဲ့ကြပါတယ်။ အခုအခါမှာတော့ ပရီးမီးယားလိဂ်ရှယ်ယာရှင်တွေရဲ့အစည်းအဝေးမှာ အနည်းဆုံး တစ်နှစ်ပွဲကြည့်ခွင့်ပိတ်ပင်တဲ့ပြစ်ဒဏ်ချမှတ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ပွဲကြည့်ခွင့်ပိတ်ပင်တဲ့ပြစ်ဒဏ်ဟာ ချက်ခြင်းသက်ရောက်မှာဖြစ်ပြီး အိမ်ကွင်းရော အဝေးကွင်းပွဲတွေမှာပါ အကျုံးဝင်မှာဖြစ်ပါတယ်။ မီရှူးမီးပန်းနဲ့ မီခိုးဗုံးတွေယူဆောင်လာတဲ့ ဒါမှမဟုတ် ပစ်ဖောက်တဲ့ပရိသတ်တွေနဲ့ ကွင်းထဲကို ခွင့်ပြုချက်မရှိဘဲ ကျူးကျော်ဝင်ရောက်တဲ့ပရိသတ်တွေကို အရေးယူသွားမှာဖြစ်ပါတယ်။

OneLove လက်ပတ်ကို အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်း ဝတ်ဆင်ကစားမယ်

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာ လာမယ့်နေရှင်းလိဂ်ပွဲစဉ်တွေနဲ့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပွဲတွေမှာ OneLove ကမ်ပိန်းကို ထောက်ခံတဲ့အသင်းခေါင်းဆောင်လက်ပတ်ကို ဝတ်ဆင်သွားမယ်လို့ သိရပါတယ်။

OneLove ကမ်ပိန်းဟာ လိင်တူချစ်သူတွေအပေါ် ခွဲခြားဆက်ဆံမှုကို ကန့်ကွက်တဲ့လှုပ်ရှားမှုဖြစ်ပြီး နယ်သာလန် လက်ရွေးစင်အသင်းက အစပြုလှုံ့ဆော်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာ ဂျာမနီ၊ ဒိန်းမတ်၊ ပြင်သစ်၊ နယ်သာ လန်၊ ဆွီဒင်၊ ပြင်သစ်နိုင်ငံတွေကလည်း OneLove လှုပ်ရှားမှုကိုထောက်ခံခဲ့ပြီး ၎င်းတို့ရဲ့အသင်းခေါင်းဆောင်တွေက ကာတာကမ္ဘာ့ဖလားမှာ အဆိုပါလက်ပတ်ဝတ်ဆင်မယ်လို့ ကြေညာခဲ့ပါတယ်။

ယူကရိန်းအလံအရောင် အသင်းခေါင်းဆောင်လက်ပတ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲဆီ သယ်ဆောင်ခွင့်ရသည့်အတွက် ဂုဏ်ယူမိသည်ဟု လီဝန်ဒေါစကီး ဆို

ယူကရိန်းအလံအရောင် အသင်းခေါင်းဆောင်လက်ပတ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲဆီ သယ်ဆောင်ခွင့်ရသည့်အတွက် ဂုဏ်ယူမိကြောင်း ပိုလန်အသင်းခေါင်းဆောင် လီဝန်ဒေါစကီးက ပြောကြားခဲ့သည်။

ယင်းလက်ပတ်ကို ယူကရိန်းဂန္ထဝင်တိုက်စစ်မှူး ရှက်ဗ်ချင်ကိုက လက်ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး လီဝန်ဒေါစကီး ကလည်း လာမည့် ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဝတ်ဆင်ကစားမည်ဟု  ကတိပြုခဲ့သည်။

လီဝန်ဒေါစကီးသည် ပြီးခဲ့သည့်ရာသီက ဘိုင်ယန်မြူးနစ်အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူရသည့် ပွဲတစ်ပွဲ၌ ညာဘက်တွင် အဖြူရောင်လက်ပတ်နှင့် ဘယ်ဘက်တွင် ယူကရိန်းအလံရောင်လက်ပတ်ကို ဝတ်ဆင်ကစားခဲ့ပြီး တစ်ကမ္ဘာလုံးအနေဖြင့် ယူကရိန်းကို ထောက်ခံအားပေးရန် တောင်းဆိုခဲ့သည်။

နိုင်ငံတကာ သွင်းဂိုးအများဆုံး ကစားသမားဆုကို လက်ခံရယူခဲ့တဲ့ ခရစ်စတီယာနိုရော်နယ်ဒို

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပေါ်တူဂီလက်ရွှေးစင် ကစားသမားကြီး ရော်နယ်ဒို ကတော့ နိုင်ငံအတွက် ရောက်ရောက်ချင်းပဲ ဆုတံဆိပ်တစ်ခု လက်ခံရရှိခဲ့ပါတယ်။ Quinas De Ouro 2022 အမည် ရှိ ဒီဆုဟာ ပေါ်တူရီနဲ့အတူ ထာဝရ နိုင်ငံတကာသွင်းဂိုးအများဆုံး ဖြစ်ခဲ့တာကြောင့် ခုလို ဆုလက်ခံခဲ့ခြင်း ဖြစ်ပါတယ်။