
VAR အမှားကြောင့် ဂျူဗင်တပ်အသင်း အနိုင်ဂိုးရဖို့ နစ်နာခဲ့တယ်ဆိုရင် အဲဒီပွဲစဉ်ကို ပြန်ကစားဖို့ အသင့်ရှိနေတယ်လို့ စီးရီးအေကလပ် ဆာလာနီတာနာအသင်းဥက္ကဌ ဒန်နီလို လီဗာလီနိုက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဆာလာနီတာနာအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းဟာ တိုက်စစ်မှူးမီလစ်ရဲ့ နောက်ကျသွင်းဂိုးနဲ့ အနိုင်ဂိုးသွင်းယူ နိုင်ခဲ့ပေမယ့် နောက်ခံလူ ဘိုနူချီ လူကျွံနေလို့ ကွင်းလယ်ဒိုင်က VAR ဆုံးဖြတ်ချက်နဲ့ ဂိုးမပေးခဲ့ပါဘူး။








