
ONE Championship အဖွဲ့ အစည်းသည် မြန်မာ MMA ဖိုက်တာများဖြစ်သည့် အောင်လအန်ဆန်ပွဲစဉ်ပါဝင်သည့် ONE 163 ပြိုင်ပွဲနှင့် ထီရယ်လ်ထန်ပွဲစဉ်ပါဝင်သည့် ONE 164 ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် တွဲဆိုင်းများကို အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ONE Championship အဖွဲ့ အစည်းသည် မြန်မာ MMA ဖိုက်တာများဖြစ်သည့် အောင်လအန်ဆန်ပွဲစဉ်ပါဝင်သည့် ONE 163 ပြိုင်ပွဲနှင့် ထီရယ်လ်ထန်ပွဲစဉ်ပါဝင်သည့် ONE 164 ပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် တွဲဆိုင်းများကို အတည်ပြုထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဂျာဗီနို မက်လိန်းက အရင်ကတော့ ပရော်ဖက်ရှင်နယ်အားကစားသမားတစ်ယောက်ပါ။ အခုတော့ သူက မှတ်ဉာဏ်ချို့ယွင်းတဲ့သူတွေနဲ့ မသန်စွမ်းတဲ့သူတွေအတွက် ဟီးရိုးတစ်ယောက်ဖြစ်နေပါတယ်။ ဂျာဗီနိုက သူတို့အတွက် သီးသန့် Gym တစ်ခု ဖွင့်ထားလို့ပါ။ သူဟာ အခကြေးငွေမယူဘဲ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာကျန်းမာအောင် ကူညီပေးဖို့ မန်ချက်စတာမြို့မှာ J7 Community Health Center ကို ဖွင့်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ် နှစ်ပွဲမှာ ကစားသမားတွေကို ထိန်းချုပ်နိုင်မှုမရှိခဲ့တဲ့ မန်ယူအသင်းကို အင်္ဂလန်ဘောလုံး အဖွဲ့ချုပ် (အက်ဖ်အေ) စတာလင်ပေါင် ၈၂၀၀၀ ဒဏ်ရိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လကယှဉ်ပြိုင်ကစားခဲ့တဲ့ နယူးကာဆယ် အသင်းနဲ့ပွဲစဉ်မှာ စီရော်နယ်ဒိုရဲ့သွင်းဂိုးကို ခွင့်မပြုခဲ့လို့ မန်ယူအသင်းသားတွေက ဒိုင်လူကြီး ခရိတ်ပေါလ်ဆင်ကို ဝိုင်းဝန်ဖိအားပေးခဲ့ကြတာပါ။
ဒါ့အပြင် ချဲလ်ဆီးအသင်းနဲ့ပွဲမှာလည်း တွန်မီနေးက ဘရိုဂျာကို ဆွဲလှဲခဲ့လို့ ပင်နယ်တီပေးခဲ့ရတဲ့အပေါ် ဒိုင်လူကြီး အက်သ်ဝဲလ်ကို ဝိုင်းဝန်စောဒက တက်ခဲ့ကြတာပါ။

ဥရောပရဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို တိုက်စစ်မှူး လီဝမ်ဒေါ့စကီးက ၂ နှစ်ဆက်တိုက် ဆွတ်ခူးသွားပါတယ်။

အမေရိကန်ဂေါ့ဖ်သမား တိုက်ဂါးဝုဒ်ဟာ ဘဟားမားစ်မှာ ကျင်းပမယ့် ဟီးရိုးကမ္ဘာ့ချဲလင့် ဂေါ့ဖ်ပြိုင်ပွဲကို ဝင်ပြိုင် မှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက ကျင်းပလာခဲ့တဲ့ ဟီးရိုးကမ္ဘာ့ချဲလင့် ဂေါ့ဖ်ပြိုင်ပွဲ ကို ဒီဇင်ဘာ ၁ ရက်ကနေ (၄)ရက်အထိ ပြုလုပ်မှာဖြစ်ပါတယ်။ တိုက်ဂါးဝုဒ်အနေနဲ့ကတော့ ၂၀၁၉ ခုနှစ် နောက်ပိုင်း အခုပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ပြိုင်မှာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းသည် ပြီးခဲ့သည့် ၂၀၂၁-၂၂ ရာသီအတွက် ဘဏ္ဍာရေးနှစ်ချုပ်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ စံချိန်တင်ဝင်ငွေအဖြစ် ပေါင် (၆၁၃)သန်းအထိ ရရှိခဲ့ပြီး၊ အမြတ်ငွေအနေဖြင့်လည်း စံချိန်တင်အမြတ်ငွေ ပေါင် (၄၁.၇၃)သန်းအထိ ရရှိခဲ့ကြောင်း သိရှိရသည်။
မန်စီးတီးအသင်း၏ ဝင်ငွေမှာ ကလပ်အသင်းသမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သလို အင်္ဂလိပ်ကလပ်အသင်းများ၏ သမိုင်းတွင်လည်း ၂၀၁၉ ခုနှစ်က မန်ယူ အသင်း ရရှိခဲ့သည့် ဝင်ငွေ ပေါင် (၆၇၉) သန်းအပြီးတွင် ဒုတိယအမြင့်ဆုံး တစ်နှစ်တာဝင်ငွေအဖြစ် ရပ်တည်နို်င်ခဲ့ကြောင်း သိရှိရသည်။

လာမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဘရာဇီးလ်အသင်း ဗိုလ်စွဲမည်ဟု စူပါကွန်ပျူတာက ခန့်မှန်းထားကြောင်း Sky Sports က ဖော်ပြခဲ့သည်။ အဆိုပါ ကွန်ပျူတာက ပြိုင်ပွဲဝင်အသင်းများ၏ ကမ္ဘာ့အဆင့်၊ သမိုင်းအစဉ်အလာ၊ လတ်တလောစွမ်းဆောင်ရည်၊ ပြိုင်ဘက်အသင်းများ၏ အနေအထား၊ ဗိုလ်စွဲနိုင်ခြေ အလေးပေးမှု စသည့် အချက်အလက်များစွာအပေါ် အခြေခံကာ တွက်ချက်ခြင်းဖြစ်သည်။ ဗိုလ်လုပွဲတွင် ဘရာဇီးလ်က ပြင်သစ်ကို အနိုင်ယူကာ ဗိုလ်စွဲမည်ဟု ခန့်မှန်းထားခြင်းဖြစ်ကြောင်း သိရသည်။ ဘရာဇီးလ်နည်းပြ ထိထီသည် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အပြီးသတ်ကစားသမား(၂၆) ဦးစာရင်းကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ပရီးမီးယားလိဂ်ထိပ်သီးကလပ် လီဗာပူးလ်အသင်းကို ဝယ်ယူရန် စိတ်ဝင်စားနေကြောင်း အိုင်ယာလန်နာမည်ကြီး MMA အားကစားသမား ကော်နာမက်ဂရီဂေါ်က အတည်ပြုပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းပိုင်ရှင် Fenway Sports Group သည် ကလပ်အသင်းကို ရောင်းချတော့မည်ဟု နိုဝင်ဘာလ ၇ ရက်က သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာခဲ့သည်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ကာတာနိုင်ငံကို ကျင်းပခွင့်ပေးခြင်းသည် မှားယွင်းမှုတစ်ခုဟု ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဥက္ကဋ္ဌဟောင်း ဆပ်ဘလတ္တာက ဝန်ခံခဲ့သည်။
အသက် ၈၆ နှစ်အရွယ်ရှိပြီဖြစ်သူ ဆပ်ဘလတ္တာသည် ကာတာနိုင်ငံကို ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် ရွေးချယ်ခဲ့သည့် ၂၀၁၀ ပြည့်နှစ်တွင် FIFA ဥက္ကဋ္ဌရာထူးကို ရယူထားသူ ဖြစ်သည်။

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးအသင်းရဲ့ အပြီးသတ်လူစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာမှာ ပရီးမီးယားလိဂ်အခြေစိုက်ကစားသမား ၁၂ ယောက်အထိ ပါဝင်ခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ အအောင် မြင်ဆုံးအသင်းအဖြစ် ၅ ကြိမ် ဗိုလ်စွဲထားတဲ့ ဘရာဇီးအသင်းဟာ ဂိုးသမားအဖြစ် လီဗာပူး ဂိုးသမား အလစ်ဆန်နဲ့ မန်စီးတီး ဂိုးသမား အီဒါဆင်တို့ကို ရွေးချယ်ခဲ့ပြီး အာဆင်နယ်အသင်းက ဂျီးဆပ်၊ မာတီနယ်လီ၊ ချဲလ်ဆီးနောက် ခံလူ တီယာဂိုဆေးဗား၊ မန်ယူအသင်းက ဖရက်၊ ကက်စ်မီရို နဲ့ အန်တိုနီ၊ စပါးတိုက်စစ်မှူး ရစ်ချာလီဆန်၊ နယူးကာ ဆယ်က ဘရူနိုဂွီမာရေး၊ လီဗာပူးက ဖာဘင်ဟိုနဲ့ ဝက်စ်ဟမ်းအသင်းက လူးကပ်စ်ပါကေတာတို့ ပါဝင်လာခဲ့ကြတာဖြစ်ပါတယ်။