
အာဂျင်တီးနားအသင်း၏ ဝါရင့်တိုက်စစ်မှူးမက်ဆီက ရှုံးထွက်အဆင့်ရောက်ရှိနေပြီဖြစ်သည့် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် မိမိတို့နှင့်အတူ ချန်ပီယံဆုကို စိန်ခေါ် နိုင်သည့် အကောင်းဆုံး အသင်းများမှာ ဘရာဇီးလ်၊ ပြင်သစ်နှင့် စပိန်တို့ဖြစ်သည်ဟု ပြောကြားခဲ့သည်။ မက်ဆီ၏ အာဂျင်တီးနားအသင်းသည် လက်ရှိအချိန်၌ ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်ထားပြီဖြစ်ပြီး သြစတြေးလျအသင်းကို အနိုင်ရအပြီးတွင် မီဒီယာများ၏မေးမြန်းမှုကို ယင်းသို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။ မက်ဆီက “အာဂျင်တီးနားက ချန်ပီယံဆုကို စိန်ခေါ် နိုင်တဲ့ အသင်းတွေထဲက တစ်သင်းပါ။ အာဂျင်တီးနားက အကောင်းဆုံးအသင်း တွေထဲမှာ အမြဲပါဝင်တဲ့ အင်အားကြီးအသင်းတစ်သင်းလည်း ဖြစ်ပါတယ်။









