
မန်ယူအသင်း၏ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်သည် ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးကစားသမားဆု ရရှိခဲ့သည့်အတွက် တစ်ရာသီအတွင်း (၃) ကြိမ်မြောက်ရရှိပြီး လီဗာပူးလ်တိုက်စစ်ကစားသမား ဆာ လာ၏ စံချိန်အား လိုက်မီခဲ့သည်။
ရပ်ရှ်ဖို့ဒ်သည် ဖေဖော်ဝါရီလအတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်(၄)ပွဲတွင် (၅)ဂိုးသွင်းယူကာ ခြေစွမ်းပြခဲ့သည့်အတွက် တစ်လတာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့ခြင်းဖြစ်ပြီး ဆာလာ၏ တစ်ရာသီအတွင်း အများဆုံးရရှိသည့်စံချိန်ကို လိုက်မီခဲ့ခြင်းဖြစ်သည်။










