
၂၀၂၂ ကမ္ဘာ့ဖလားအုပ်စုပွဲစဉ် ပေါ်တူဂီ-ဥရုဂွေးပွဲတွင် LGBTQ+ များကို အားပေးသည့် သက်တံရောင်အလံကို ကိုင်ဆောင်ပြီး ကွင်းအတွင်း ချိုးဖောက်ဝင်ရောက်ခဲ့သည့် အမျိုးသားပရိသတ်တစ်ဦးသည် ထိန်းသိမ်းခံရာမှ ပြန်လည်လွတ်မြောက်လာပြီး အရေးယူခြင်းခံရမည်မဟုတ်ကြောင်း သိရှိရသည်။ နိုဝင်ဘာ (၂၈)ရက်က ကစားခ ဲ့သည့် အုပ်စု (H) ပွဲစဉ် ပေါ်တူဂီ (၂-ဝ) ဥရုဂွေးပွဲ၏ ဒုတိယပိုင်းတွင် မာရီယိုဖာရီဆိုသူ အီတလီအမျိုးသား ပရိသတ်သည် Superman တီရှပ်ဝတ်ဆင်ပြီး LGBT အလံကိုင်ဆောင်ကာ ကွင်းအတွင်း ချိုးဖောက်ဝင်ရောက် ခဲ့သည်။ တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သည့် မာရီယိုဖာရီ၏ Superman တီရှပ်တွင် အရှေ့ဘက်၌ “Save Ukarain” (ယူကရိန်းကို ကယ်တင်ပါ) စာသား ပါဝင်သလို၊ နောက်ဘက်တွင် “Respect for Iranian Woman” (အီရန်အမျိုးသမီးကို လေးစားပါ)ဆိုသည့် စာသားရေးသားထားသည်။












