
အမေရိကန် ဖလော်ရီဒါ ရီပတ်ဘလစ်ကင် အုပ်ချုပ်ရေးမှူးက သမ္မတ ဘိုင်ဒန်အနေနဲ့ ဆားဗီးယား တင်းနစ်သမား နိုဗက် ဂျိုကိုဗစ်ကို ဒီလမှာ ကျင်းပမယ့် မီယာမီ အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ကစားခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အမေရိကန် ဖလော်ရီဒါ ရီပတ်ဘလစ်ကင် အုပ်ချုပ်ရေးမှူးက သမ္မတ ဘိုင်ဒန်အနေနဲ့ ဆားဗီးယား တင်းနစ်သမား နိုဗက် ဂျိုကိုဗစ်ကို ဒီလမှာ ကျင်းပမယ့် မီယာမီ အိုးပင်း တင်းနစ်ပြိုင်ပွဲမှာ ကစားခွင့်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

ဝေဖန်မှုများ ရှိနေသော်လည်း မက်ဂွိုင်းရား ပွဲထွက်မကစားသည့်အချိန်တွင် မန်ချက်စတာယူနိုက်တက်အသင်း ခေါင်းဆောင်အဖြစ် ဘရူနိုဖာနန်ဒက်စ်ဆက်ရှိနေမည်ဟု နည်းပြ တန်ဟက်ဂ်က မတ်လ ၈ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဘရူနိုဖာနန်ဒက်စ်သည် လီဗာပူးလ်အသင်းအား (ဝ-၇)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့်ပွဲတွင် ခြောက်ဂိုးမြောက် ပေးလိုက်ရပြီးနောက် ပွဲချိန် ၈၅ မိနစ်၌ ရပ်ရှ်ဖို့ဒ်အစား အယ်လန်ဂါအား လူစားလဲချိန်သည့်အချိန်တွင် သူ့အား လူစားထိုးရန် အသင်းအရန်ခုံတန်းသို့ ကိုယ်အမူအရာဖြင့် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

မနေ့ညက ယှဉ်ပြိုင်တဲ့ ချန်ပီယံလိဂ်ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်မှာ ချဲလ်ဆီးအသင်းက စတာလင်ရဲ့သွင်းဂိုးအပြင် အငြင်းပွားဖွယ်ရာ ကိုင်ဟားဗတ်စ်ရဲ့ ပင်နယ်တီသွင်းဂိုးတွေနဲ့ ဒေါ့မွန်အသင်းကို အနိုင်ရပါတယ်။
ပထအကျော့ ဒေါ့မွန်အိမ်ကွင်း ပွဲစဉ်တုန်းက ချဲလ်ဆီးက ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ၂ ပွဲပေါင်းရလဒ် ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီး ကွားတာဖိုင်နယ်ကို တက်ရောက်တာဖြစ်ပါတယ်။

UFC 285 ပြိုင်ပွဲ၏ Main Fight ဖြစ်သည့် အမေရိကန်MMAကစားသမား ဂျွန်ဂျုံးစ်က ပြင်သစ်MMAကစားသမား စီရယ်လ်ဂန်းကို ပထမအချီမှာပင် လည်ပင်းချုပ်ကွက်ဖြင့် အနိုင်ရပြီး လစ်လပ်နေသည့် ဟဲဗီးဝိတ်တန်းချန်ပီယံ ခါးပတ်ကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံဟောင်း ဂျွန်ဂျုံးစ်သည် မက်ဂရီဂေါ်၊ ကော့မိုင်ယာတို့ပြီးနောက် UFC ပြိုင်ပွဲတွင် ၀ိတ်တန်း (၂)တန်းချန်ပီယံဖြစ်ဖူးသည့် တတိယမြောက်ကစားသမား ဖြစ်လာခဲ့သည်။

လီဗာပူးကွင်းလယ်လူ ဂျိမ်းစ်မီလ်နာဟာ ဘောလုံးနဲ့ ပရဟိတလုပ်ဆောင်မှုတွေကြောင့် ဗြိတိန်ဘုရင် ကချီးမြှင့်တဲ့လူမှုထူးချွန်းဆုတစ်ခုဖြစ်တဲ့ MBE ဘွဲ့ချီးမြှင့်ခံခဲ့ရပါတယ်။
အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ ဆုပေးပွဲမှာ ဗြိတိန်မင်းသားဝီလီယံက ဆုတံဆိပ်ချီးမြှင့်ပေးတာကို ဂျိမ်းစ်မီလ်နာက တက်ရောက်ရယူခဲ့တာပါ။
အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံ ဆုဖလားကို မန်စီးတီးနဲ့ လီဗာပူးအသင်းတွေမှာ ရယူနိုင်ခဲ့သူပါ။

ဒူဘိုင်းကမ္ဘာ့တင်းနစ်ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ အမျိုးသားတစ်ဦးချင်းပွဲစဉ်မှာ ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ်က ချန်ပီယံဆုကိုရရှိသွားခဲ့ပါတယ်။ ဗိုလ်လုပွဲစဉ်မှာ မက်ဗီဒက်ဗ်နဲ့ တစ်နိုင်ငံတည်းသား အန်ဒရေ ရူဘလက်ဗ်တို့ ဆုံတွေ့ခဲ့ကြတာဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံ ရူဘလက်ဗ်ဟာ အခုပွဲမှာချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် မက်ဗီဒက်ဗ်ကလည်း တည်ငြိမ်တဲ့ လက်စွမ်းနဲ့ ပြန်လည်ယှဉ်ပြိုင်ခဲ့လို့ အခက်တွေ့ ခဲ့ရတာဖြစ်ပါတယ်။ ပွဲကစားချိန် (၁)နာရီကျော်ကြာမြင့်ခဲ့ပြီးနောက်မှာ မက်ဗီဒက်ဗ်က (၆:၂၊၆:၂)ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံ ဆုကို ရရှိ သွားခဲ့တာဖြစ်ပါတယ်။ အခုချန်ပီယံဆုဟာ မက်ဗီဒက်ဗ်အတွက်တော့(၃)ပတ် အတွင်း ရခဲ့တဲ့ တတိယ မြောက် ချန်ပီယံ ဆုလည်းဖြစ်ခဲ့ပါတယ်။ မက်ဗီဒက်ဗ်ဟာ အခုပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် အဆင့်မှာ ကမ္ဘာ့အဆင့်(၁)တင်းနစ်သမား ဂျိုကိုဗစ်ကိုအနိုင်ယူပြီးဗိုလ်လုပွဲကိုတက်ရောက်လာနိုင်ခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီရဲ့ သမိုင်းမှာ ဂိုးအများဆုံးသွင်းယူသူအဖြစ် စံချိန်တင်နိုင်ခဲ့ပြီးနောက်မှာ နောက်ထပ် အောင်မြင်အောင် လုပ်ဆောင်ရမှာတွေ အများကြီး ရှိသေးတယ်လို့ အမ်ဘက်ပေ က ပြောကြားလိုက်ပါတယ်။
ကာဗာနီရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ သူ့အတွက် ၂၀၁ ဂိုးမြောက် ပီအက်စ်ဂျီ ဂိုးကို နန့်စ် ကို ၄-၂ ဂိုး နဲ့ နိုင်တဲ့ ပွဲရဲ့ အချိန်ပိုမှာ အမ်ဘက်ပေ က သွင်းယူခဲ့တာဖြစ်ပါတယ်။ ၂၄၇ ပွဲမြောက်ပွဲမှာ အဲဒီ စံချိန်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီနာမည်ကျော်ဘောလုံးသမား စီရော်နယ်လ်ဒိုသည် ဖေဖော်ဝါရီလအစောပိုင်းက တူရကီနှင့် ဆီးရီးယားတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင် ဒုက္ခသည်များအတွက် အရေးပေါ်ပစ္စည်းများ အပြည့်ပါဝင်သည့် လေယာဉ်တစ်စင်းကို စေလွှတ်ပြီး လှူဒါန်းခဲ့သည်။
ယာယီတဲများ၊ အစားအသောက်များ၊ ခေါင်းအုံး၊ စောင်၊ အိပ်ရာ၊ ကလေး အစားအစားနှင့် နို့၊ ဆေးဝါးများကို စီရော်နယ်လ်ဒိုက ပေးပို့လှူဒါန်းခဲ့ခြင်း ဖြစ်သည်။ စီရော်နယ်လ်ဒို လှူဒါန်းခဲ့သည့် ပစ္စည်းများသည် ငလျင်ဒဏ်ခံ တူရကီနှင့် ဆီးရီးယားကို ရောက်ရှိခဲ့ ပြီးဖြစ်ကြောင်း သိရသည်။

မန်စီးတီးတောင်ပံတိုက်စစ်မှူး ဂရေးလစ်ရှ်ဟာ ဗြိတိန်ကစားသမားတွေထဲမှာ ဝင်ငွေအများဆုံး ဘောလုံးကန် စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့ပါတယ်။
အင်္ဂလန်ကစားသမားဟာ Nike အမှတ်တံဆိပ် ဘောလုံးကန်ဖိနပ်နဲ့ လက်တွဲဖြုတ်ခဲ့ပြီးနောက် Puma နဲ့ လက်တွဲခဲ့တာပါ။
Puma နဲ့ စာချုပ်သက်တမ်းဟာ တစ်နှစ်ကို ပေါင် ၁၀ သန်းအထိရရှိမှာဖြစ်ပြီး ၅ နှစ်သက်တမ်းရှိတာကြောင့် အကျိုးအမြတ်အများဆုံး ဘောလုံးကန်ဖိနပ်စပွန်ဆာရရှိခဲ့တာဖြစ်ပါတယ်။

PSG အသင်း၏ ဘရာဇီးလ်တိုက်စစ်မှူး နေမာသည် ခြေချင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမည်ဖြစ်၍ ရာသီကုန်အထိ ဘောလုံးပြန်ကစားနိုင်တော့မည်မဟုတ်ဘဲ (၃)လမှ (၄) လဝန်းကျင်အထိ အနားယူရမည်ဖြစ်ကြောင်း သိရသည်။
နေမာသည် ဖေဖော်ဝါရီလအတွင်းက လိုင်လီအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့်ပွဲတွင် အဆိုပါဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်ကတည်းက ကာလရှည်အနားယူရဖွယ်ရှိကြောင်း သုံးသပ်မှုများ ထွက်ပေါ်ခဲ့သည်။