
ဒီနေ့မနက် အစောပိုင်း ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ဘက်တစ်အသင်းကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
မန်ယူနိုက်တက် အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပထမအကျော့ပွဲစဉ်တုန်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားတာကြောင့် နှစ်ပွဲပေါင်း ၅ ဂိုး ၁ ဂိုးနဲ့ ကွာတားကို တက်ရောက်သွားတာပါ။








