
စက်ဘီးစီးအဖွဲ့တစ်ဖွဲ့ ဖန်တီးခဲ့တဲ့ ကီလိုမီတာ ၁၀၂၅ (၆၃၅ မိုင်) ရှည်လျားတဲ့ ဒိုင်နိုဆောပုံကို ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက အကြီးဆုံး GPS ရုပ်ပုံအဖြစ် တရားဝင်သတ်မှတ်လိုက်ပါတယ်။ ဒီဒိုင်နိုဆောပုံကို ပြင်သစ်စက်ဘီးသမားတွေဖြစ်တဲ့ ဖလောရန့် အာနက်ဒ်၊ မက်ဇီမီ ဘရုဂီရီ၊ ဖရန်ခ် ဒီလော်မီ၊ နီကိုလက်စ် မယ်အန်နီယာ နဲ့ ဂျင်း ရိုလီတို့က ဖန်တီးခဲ့တာပါ။ ဒီပုံ ပြီးမြောက်ဖို့အတွက် သူတို့က ၄၃ နာရီနဲ့ ၄၃ မိနစ်ကြာ အချိန်ယူခဲ့ရပါတယ်။









