
ဖနွမ်းပင်၊ဧပြီ ၂
ကမ္ဘောဒီးယား၌ကျင်းပမည့် (၃၂) ကြိမ်မြောက်အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာနိုင်ငံမှအားကစားသမား ၄၀၀ ကျော်စေလွှတ်မည်ဖြစ်ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက စနေနေ့ကထုတ်ပြန်ခဲ့သည်။
အဆိုပါပြိုင်ပွဲအတွက် အားကစားနည်း ၁၉ မျိုးအတွက် နည်းပြနှင့်ကစားသမားပေါင်း ၄၆၀ ကျော်ကို စေလွှတ်မည်ဖြစ်သည်။
ယင်းသို့ပါဝင်ယှဉ်ပြိုင်မည့်အားကစားသမားများအနက် အယောက် ၃၀၀ ကျော်သည် နေပြည်တော်၌လေ့ကျင့်နေပြီး ကျန် ၁၀၀ ကျော်သည် ရန်ကုန်၌လေ့ကျင့်မှုများပြုလုပ်နေသည်ဟုလည်း ၎င်းကထပ်မံပြောကြားခဲ့သည်။









