
မွန်တီကာလိုမာစတာပြိုင်ပွဲမှာ ချန်ပီယံဖြစ်ပြီးနောက် ကစားသမားဘဝ ပထမဆုံး မာစတာပြိုင်ပွဲ ချန်ပီယံဆုအတွက် ပြောစရာစကားလုံးမရှိအောင်ဖြစ်ရတယ်လို့ ရုရှားတင်းနစ်သမား ရူဘလက်ဗ်က ဖွင့်ဟသွားခဲ့ပါတယ်။
၂၀၂၃ မွန်တီကာလို မာစတာ အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲမှာ ရူဘလက်ဗ်က ဒိန်းမတ်နိုင်ငံသား ဟိုဂါရွန်းကို အနိုင်ရခဲ့တာဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် ရူဘလက်ဗ်အနေနဲ့ ၂၀၂၁ မှာ မွန်တီကာလိုမာစတာနဲ့ စင်စင်နာတီ မာစတာပြိုင်ပွဲတွေမှာ ဗိုလ်လုပွဲအဆင့်ကို ရောက်ခဲ့ ပေမယ့် ချန်ပီယံဆုတွေနဲ ဝေးခဲ့ရတာဖြစ်ပါတယ်။









