ဘာစီလိုနာနဲ့လမ်းခွဲတော့မယ့် ဆာဂျီယိုဘက်စကွက်

ဘာစီလိုနာအသင်းခေါင်းဆောင် ဆာဂျီယိုဘက်စကွက်ဟာ ၁၈ နှစ်ကြာအောင်ကစားလာခဲ့တဲ့အသင်းနဲ့ ရာသီကုန်ချိန်မှာ လမ်းခွဲတော့မယ်လို့ အတည်ပြုကြေညာလိုက်ပါတယ်။
စပိန်လက်ရွေးစင်ကွင်းလယ်လူဟောင်း ဘက်စကွက်ဟာ အသက် ၃၄ နှစ်ရှိနေပြီး ဘာစီလိုနာအတွက် ၇၁၈ ပွဲကစားပေးထားပါတယ်။ ဒါဟာ ကလပ်သမိုင်းတလျှောက်မှာ တတိယမြောက် ပွဲအများဆုံးကစားပေးထားတဲ့ စံချိန်မှတ်တမ်းလည်းဖြစ်ပါတယ်။
သူဟာ ဘာစီလိုနာနဲ့အတူ လာလီဂါချန်ပီယံဘွဲ့ ၈ ကြိမ်၊ စပိန်ဘုရင့်ဖလား ၇ ကြိမ်၊ စပိန်စူပါဖလား ၇ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘက်စကွက်က လမ်းခွဲဖို့ ခက်ခဲစွာဆုံးဖြတ်ခဲ့ရကြောင်း၊ ဘာစီလိုနာကနေ ထွက်ခွာဖို့အချိန်တန်ပြီဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ -Ref:Goal

လောရီးရက်စ်က ချီးမြှင့်သော တစ်နှစ်တာ အကောင်းဆုံး အားကစားသမားဆုများကို မက်ဆီနှင့် တာတိုအပြေး ချန်ပီယံ ဖရေစာ ပရိုက်စ်တို့ ရရှိ

သရေရလဒ်ကြောင့် ဒုတိယအကျော့ဟာ ဗိုလ်လုပွဲတစ်ပွဲလို ဖြစ်လာပါလိမ့်မယ်

ဒီနေ့မနက်အစောပိုင်းက ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာတော့ ရီးရဲလ်မက်ဒရစ်ဟာ အိမ်ကွင်း ဘာနေဗျူးမှာ မန်စီးတီးကို သရေကျခဲ့ပါတယ်။ အိမ်ရှင်အတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၃၆ မိနစ်မှာ ကာမာဗင်ဂါရဲ့ တစ်ကိုယ်တော်ဆွဲပြေးပြီး ချပေးတဲ့ဘောလုံးကို ဗင်နီရှပ်က ဂိုးဧရိယာအပြင်ကနေ အပြင်းကန်သွင်းကာ ရယူပေးခဲ့တာဖြစ်ပါတယ်။ နှစ်သင်းလုံးရဲ့ အပြန်အလှန်ထိုးဖောက်ကစားမှုတွေကြောင့် တကယ့်ကို ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး ဒုတိယပိုင်း ၆၇ မိနစ်မှာတော့ မန်စီးတီးတို့ ချေပဂိုးရရှိသွားခဲ့ပါတယ်။
မန်စီးတီးအတွက် ချေပဂိုးကိုတော့ ဂန်ဒိုဂမ်ချပေးတဲ့ဘောလုံးကို ဒီဘရိုင်းက ဂိုးဧရိယာအပြင်ကနေ တိကျပြင်းထန်တဲ့ ကန်သွင်းချက်နဲ့ ရယူပေးခဲ့တာပါ။ ဒီပွဲသရေကျသွားခဲ့တာကြောင့် အီတီဟတ်မှာ ကစားမယ့် ဒုတိယအကျော့ပွဲစဉ်ကတော့ ဗိုလ်လုပွဲတစ်ပွဲလို ပြိုင်ဆိုင်မှု ပြင်းထန်နေဦးမှာ အသေအချာပါပဲ။ ဒီပွဲရဲ့ အကောင်းဆုံးကစားသမားဆုကိုတော့ မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူ ဒီဘရိုင်းက ရရှိသွားခဲ့ပါတယ်။ #Shwesports

(၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင် အားကစားအဖွဲ့ နိုင်ငံအလို က် ဆုတံဆိပ်ရရှိမှုတွင် အဆင့် (၇) ၌ ရပ်တည်နေ

ချန်ပီယံစိန်ခေါ်ပွဲ ထိုးသတ်ခွင့်ရလိုသော်လည်း One နှင့် စာချုပ်သက်တမ်းတိုးဖြစ်မှသာ ထိုးသတ်နိုင်မည်ဟု အောင်လအန်ဆန် ပြောကြား