
ကချင်တိုင်းရင်းသား မြန်မာ MMA ကစားသမား အောင်လအန်ဆန်က တရုတ်ဖိုက်တာ ဖန်ယုံနှင့် ထိုးသတ်ရမည့်ပွဲနှင့် ပတ်သက်၍ မိမိ၏ လုပ်နိုင်စွမ်းကို အမေရိကန်မှ ပရိသတ်များထံ ချပြရန် မစောင့်နိုင်အောင်ဖြစ်နေပြီဟု South China Morning Post သတင်းစာသို့ ပြောကြားခဲ့သည်။

ကချင်တိုင်းရင်းသား မြန်မာ MMA ကစားသမား အောင်လအန်ဆန်က တရုတ်ဖိုက်တာ ဖန်ယုံနှင့် ထိုးသတ်ရမည့်ပွဲနှင့် ပတ်သက်၍ မိမိ၏ လုပ်နိုင်စွမ်းကို အမေရိကန်မှ ပရိသတ်များထံ ချပြရန် မစောင့်နိုင်အောင်ဖြစ်နေပြီဟု South China Morning Post သတင်းစာသို့ ပြောကြားခဲ့သည်။


နာပိုလီအသင်းသည် ယခုရာသီတွင် ခြေစွမ်းပြနေသည့် ၎င်းတို့တိုက်စစ်မှူး အိုဆင်မန်အတွက် ပေါင်သန်း (၁၅၀)အထိ အလိုရှိနေကြောင်း သိရှိရသည်။
ပရီးမီးယားလိဂ်ထိပ်သီးအသင်းများဖြစ်သည့် မန်ချက်စတာယူနိုက်တက်နှင့် ချယ်လ်ဆီးအသင်းတို့သည် အိုဆင်မန်ကို ခေါ်ယူရန်စိတ်ဝင်စားနေပြီး လာမည့်အပြောင်းအရွှေ့ကာလတွင် ကမ်းလှမ်းဖွယ်ရှိနေသည်။
အိုဆင်မန်သည် နာပိုလီအသင်းနှင့် (၃)ရာသီမြောက်ကိုဖြတ်သန်းနေသူဖြစ်ပြီး စုစုပေါင်းပြိုင်ပွဲစုံ (၉၁)ပွဲကစားကာ (၅၃)ဂိုးသွင်းယူပေးထားသည်။

ပရီးမီးယားလိဂ်ကိုဦးဆောင်နေတဲ့ အာဆင်နယ်အသင်းက ဂျပန်နောက်တန်းလူ တာကီဟီရို တိုမီယာဆု ဟာ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီးနောက် ရာသီကုန်အထိ အနားယူရမှာ ဖြစ်ကြောင်း အာဆင်နယ် အသင်းက ပြောကြားပါတယ်။
ညာ နောက်တန်းလူ တိုမီယာဆု က အာဆင်နယ် နဲ့ စပို့တင်း တို့ရဲ့ ယူရိုပါလိဂ် ၁၆ သင်း အဆင့်ပွဲစဉ်ရဲ့ အချိန် ကိုးမိနစ်မှာပဲ ပုံမကျ ပန်းမကျ ချော်လဲကျခဲ့ရာကနေ သူ့ ဒူးကို ထိခိုက်မိခဲ့တာ ဖြစ်ပါတယ်။

အင်ဒီးယန်းဝဲလ်မာစတာဟု လူသိများသည့် ၂၀၂၃ BNP Paribas Open တင်းနစ်ပြိုင်ပွဲတွင် စပိန်ကြယ်ပွင့်ကစားသမား ကားလို့စ်အယ်လ်ကာရက်ဇ် ပထမဆုံးအကြိမ် အနိုင်ရဗိုလ်စွဲပြီး ကမ္ဘာ့အဆင့် ၁ နေရာကိုပါ ပြန်လည်လွှဲပြောင်းရယူနိုင်ခဲ့ကြောင်း သိရ သည်။
အသက် ၁၉ နှစ်သာရှိသေးသူ အယ်လ်ကာရက်ဇ်သည် ယခုပြိုင်ပွဲတွင် ကမ္ဘာ့အဆင့် ၁ ဆားဘီးယားကစားသမား ဂျိုကိုဗစ် အမေရိကန်ပြည်ဝင်ခွင့်ဗီဇာမရသဖြင့် ဆီဒင် ၁ အဖြစ် သတ်မှတ်ခံခဲ့ရပြီး ဗိုလ်လုပွဲတွင် ရုရှားကစားသမား မက်ဗီဒက်ဗ်(ဆီဒင် ၅) နှင့် တွေ့ဆုံခဲ့သည်။

မန်စီးတီးတိုက်စစ်မှူးဟာလန်းကတော့ ယူရို ၂၀၂၄ ခြေစစ်ပွဲကစားမယ့် နော်ဝေအသင်းရဲ့ လူစာရင်းကနေ နုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။ နော်ဝေအသင်းဟာ စပိန်၊ ဂျော်ဂျီယာတို့နဲ့ကစားရမှာဖြစ်ပြီး ဟာလန်း မပါဝင်နိုင်တဲ့အတွက် တိုက်စစ်ပိုင်းက အားနည်းသွားဖွယ်ရှိနေပါတယ်။
ဟာလန်းကတော့ ဘန်လေအသင်းကို ၆ ဂိုးပြတ်အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ပေါင်ခြံ ဒဏ်ရာ ရရှိထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘတ်ပေဟာ အသက် ၂၄ နှစ်အရွယ်မှာပဲ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အသင်း ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အသင်းခေါင်းဆောင်ဖြစ်သူ ဂိုးသမား ဟူဂို လိုရစ်အနားယူသွားခဲ့တာကြောင့် သူ့ရဲ့နေရာကို အမ်ဘတ်ပေက ဆက်ခံခွင့်ရခဲ့တာဖြစ်ပါတယ်။

အင်ဒီယန်းဝဲလ်တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပွဲစဉ်မှာ ကာဇက်စတန်တင်းနစ်မယ် ရိုင်ဘာကီနာ ချန်ပီယံဆု ရယူခဲ့ပါတယ်။ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာနဲ့ ရိုင်ဘာကီနာတို့ပွဲက အကြိတ်အနယ်ရှိခဲ့ပြီး ပထမ ပွဲလတ်ကပဲ ၇၈ မိနစ်ကြာမြင့်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့်၂ မှာရပ်တည်နေတဲ့ ဆာဘာလန်ကာအနေနဲ့ ဩစတြေးလျ အိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆုရပြီးနောက် အင်ဒီယန်းဝဲလ်ပြိုင်ပွဲမှာ ချန်ပီယံဆုကိုရဖို့အတွက် အကောင်းဆုံး ကြိုးစားခဲ့သလို ရိုင်ဘာကီနာကလည်း သူမရဲ့ကစားသမားဘဝ ပထမဆုံး WTA ချန်ပီယံဆုအတွက် ကြိုးစား ယှဉ်ပြိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၂ နာရီနဲ့ ၃ မိနစ် ကြာမြင့်ခဲ့ပြီးနောက် ရိုင်ဘာကီနာက (၇း၆၊ ၆း၄)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံဆုကို ရသွားခဲ့တာဖြစ်ပါတယ်။ ရိုင်ဘာကီနာအတွက်တော့ ဆာဘာလန်ကာနဲ့ ဆုံတွေ့ခဲ့တဲ့ ၅ ကြိမ်မှာ ပထမဆုံးအကြိမ် အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။