
ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၃ ခုနှစ်၊ မတ်လ(၂၅)ရက်နေ့မှ (၃၀)ရက်နေ့အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် 6th SEAVF Southeast Asian vovinam championship 2023 ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံက ၂၀၂၃ ခုနှစ်၊ မတ်လ(၂၅)ရက်နေ့မှ (၃၀)ရက်နေ့အထိ အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် 6th SEAVF Southeast Asian vovinam championship 2023 ပြိုင်ပွဲတွင် မြန်မာနိုင်ငံက ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင်ကျင်းပမည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Game) တွင် မြန်မာနိုင်ငံမှ အားကစားနည်း(၁၉)နည်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနထံမှ သိရသည်။
(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ အားကစားနည်း(၁၉)နည်းဖြင့် ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းနှင့် ရန်ကုန်မြို့ရှိ အားကစား အဖွဲ့ချုပ်များတွင် သက်ဆိုင်ရာအားကစားနည်းအလိုက် အားကစားသမားများမှ စခန်းဝင်လေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။

ပရီးမီးယားလိဂ်ဟာ သက်တော်ရှည်နည်းပြကြီး ၂ ဦးဖြစ်သည့် ဆာအဲလက်စ် ဖာဂူဆန် နဲ့ အာဆင်ဝင်းဂါး တို့ကိုပထမဆုံး ပရီးမီးယားလိဂ် Hall of Fame စာရင်းဝင် နည်းပြ ၂ ယောက်အဖြစ် ယနေ့တွင် ဂုဏ်ပြုလိုက်သည်။
ဆာအဲလက်စ် ဖာဂူဆန်သည် ဗြိတိန်ဘောလုံးသမိုင်းတွင် အအောင်မြင်ဆုံးနည်းပြဖြစ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်ရရှိခဲ့ဖူးသည်။

မန်ယူအသင်းသည် လာမည့် ၂၀၂၃ နွေရာသီအပြောင်း အရွှေ့ကာလတွင် စပါးအသင်းမှ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟာရီကိန်းကို ပေါင်သန်း (၈၀) ဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်း ဗြိတိန်သတင်းစာ The Mirror က ဖော်ပြခဲ့သည်။
စပါးအသင်းနည်းပြ ကွန်တီ ရာထူးမှထုတ်ပယ်ခံရပြီးနောက် အသင်းတိုက်စစ်မှူး ဟာရီကိန်းသည် လာမည့်နွေရာသီတွင် အသင်းမှထွက်ခွာရန် စီစဉ်နေကြောင်း သတင်းများ ထွက်ပေါ်နေသည်။

၂၀၂၃ ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပရန်စီစဉ်ထားမှုအား နိုင်ငံရေးပြဿနာကြောင့် ဖျက်သိမ်းခဲ့ကြောင်း သိရသည်။
ယင်းပြိုင်ပွဲတွင် အစ္စရေးအသင်း ခြေစစ်ပွဲအောင်မြင်ထားပြီး အင်ဒိုနီးရှားပြည်သူများက အစ္စရေးအသင်းအား ပြိုင်ပွဲမှထုတ်ပယ်ရန် ယခုလအစောပိုင်းက ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် အင်ဒိုနီးရှားဘောလုံးအဖွဲ့ချုပ် (PSSI) ဥက္ကဋ္ဌ အဲရစ်သိုဟာတို့ ကာတာနိုင်ငံ၊ ဒိုဟာမြို့၌ တွေ့ဆုံဆွေးနွေးပြီးနောက် ပြိုင်ပွဲ အိမ်ရှင်အဖြစ်မှ ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့တန်ဖိုအမြင့်ဆုံးကစားသမား ၁၀ ဦးစာရင်းမှာ အင်္ဂလန်ပရီးမီးယားလိဂ်က ကစားသမား ၂ ဦးသာ ပါဝင်ခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးအရတန်ဖိုးအမြင့်ဆုံး ကစားသမားစာရင်းကို Football Benchmark က ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘာပေက ပေါင် ၁၇၆ သန်းနဲ့ တန်ဖိုးအမြင့်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံရပါတယ်။
အဲဒီနောက်မှာ မန်စီးတီးတိုက်စစ်မှူး ဟာလန်းက ပေါင် ၁၄၅ သန်းနဲ့ ဒုတိယ၊ ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဂမ်က ပေါင် ၁၃၃ သန်းနဲ့ တတိယနေရာတွေမှာရပ်တည်ခဲ့တာပါ။

တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် (CONMEBOL)သည် အာဂျင်တီးနားအတွက် ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးပေးခဲ့သော လီယိုနယ်မက်ဆီကို ဂုဏ်ပြုသောအားဖြင့်သူ၏ပုံတူရုပ်တုကို ၎င်း၏ ပြတိုက်တွင် ဂန္တဝင်ဘောလုံးသမားများဖြစ်သော ဒီရေဂို မာရာဒိုနာနှင့် ပီလီ တို့၏ ရုပ်တုတို့နှင့်အတူ ယှဉ်တွဲထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် မတ် ၂၈ ရက်မှစတင်၍ စပိန်နိုင်ငံ မက်ဒရစ်မြို့၌ ကျင်းပသည့် Madrid Spain Master ကြက်တောင်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ လက်ရည်စစ်ပွဲ မအောင်မြင်ခဲ့ကြောင်း သိရသည်။