UFC 285 ပြိုင်ပွဲ၏ Main Fight ဖြစ်သည့် အမေရိကန်MMAကစားသမား ဂျွန်ဂျုံးစ်က ပြင်သစ်MMAကစားသမား စီရယ်လ်ဂန်းကို ပထမအချီမှာပင် လည်ပင်းချုပ်ကွက်ဖြင့် အနိုင်ရပြီး လစ်လပ်နေသည့် ဟဲဗီးဝိတ်တန်းချန်ပီယံ ခါးပတ်ကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံဟောင်း ဂျွန်ဂျုံးစ်သည် မက်ဂရီဂေါ်၊ ကော့မိုင်ယာတို့ပြီးနောက် UFC ပြိုင်ပွဲတွင် ၀ိတ်တန်း (၂)တန်းချန်ပီယံဖြစ်ဖူးသည့် တတိယမြောက်ကစားသမား ဖြစ်လာခဲ့သည်။