
နိုဝင်ဘာ ၆
အလွတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ကနေဒါနိုင်ငံသား ဒေ၀ (Dave Ledus) သည် ကမ္ဘောဒီးယား နိုင်ငံ၏လက်ရှိချန်ပီယံကို မြန်မာကိုယ်စားပြုပြီး ထိုးသတ်ခဲ့ရာ အသာစီးဖြင့် ထိုးသတ်နိုင်ခဲ့သော်လည်း ပူးတွဲသရေရလာဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

နိုဝင်ဘာ ၆
အလွတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ကနေဒါနိုင်ငံသား ဒေ၀ (Dave Ledus) သည် ကမ္ဘောဒီးယား နိုင်ငံ၏လက်ရှိချန်ပီယံကို မြန်မာကိုယ်စားပြုပြီး ထိုးသတ်ခဲ့ရာ အသာစီးဖြင့် ထိုးသတ်နိုင်ခဲ့သော်လည်း ပူးတွဲသရေရလာဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။

နိုဝင်ဘာ ၃
ရီးယဲလ်မက်ရစ်အသင်းသည် ဘရာဇီးလ် တိုက်စစ်ကစားသမား ရိုဒရီဂိုကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးခဲ့ကြောင်း အတည်ပြုကြေညာခဲ့သည်။
ရိုဒရီဂိုသည် အသက် ၁၈ နှစ်အရွယ်ကတည်းက ဘရာဇီးကလပ် ဆန်းတို့စ်အသင်းမှ ရီးယဲလ်မက်ရစ်အသင်းသို့ ပြောင်းရွှေ့လာခဲ့သူလည်းဖြစ်ပါသည်။ အသက် ၂၂ နှစ်ရှိ ရိုဒရီဂို၏ စာချုပ်သစ်တွင် စာချုပ်လျော်ကြေး ယူရိုတစ်ဘီလီယံ ပေးချေရမည့်အချက်ကိုလည်း ထည့်သွင်းထားကြောင်းသိရသည်။


နိုဝင်ဘာ ၂
တိုက်စစ်မှူး ဗီနီးစီးယပ်စ်ဂျူနီယာကို ရီးရဲလ်မက်ဒရစ်အသင်းမှ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးလိုက်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဗီနီးစီးယပ်စ်ကို ၂၀၁၈ ခုနှစ်တုန်းက ဘရာဇီးနိုင်ငံ ဖလာမင်ဂိုအသင်းမှ ရီးရဲလ်သို့ ရောက်ရှိခဲ့ပြီး လာလီဂါရဲ့ ထိပ်တန်းကစားသမားတစ်ဦး ဖြစ်လာခဲ့ပြီး ၂၀၂၂ ခုနှစ်က လီဗာပူးနဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

နိုဝင်ဘာ ၂
မန်ချက်စတာ (၂) သင်းကို အနိုင်ရရှိခဲ့တဲ့ နယူးကာဆယ်က ချယ်လ်ဆီးကို အဝေးကွင်းမှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
အာဆင်နယ်ကို အနိုင်ရခဲ့တဲ့ ဝက်စ်ဟမ်းက လီဗာပူးနဲ့ အဝေးကွင်း သွားကစားရမှာ ဖြစ်ပါတယ်။
ယင်းပွဲစဉ်များကို ဒီဇင်ဘာ ၁၉၊ ၂၀ ရက်များတွင် ယှဉ်ပြိုင်ကစားမှာလည်းဖြစ်ပါတယ်။
====================

နိုဝင်ဘာ ၁
၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်နိုင်ငံလျှောက်ထားမှုမှာ ဆော်ဒီတစ်နိုင်ငံတည်းသာရှိနေတယ်လို့သိရပါတယ်။
တစ်ခြားကမ္ဘာ့ဖလားပြိုင်ပွဲလို ပူးတွဲနိုင်ငံအနေနဲ့ မကျင်းပပဲ တစ်နိုင်ငံထဲမှာပဲ ကျင်းပခွင့်ရမှာပါ။ လွန်ခဲ့တဲ့နှစ် အနည်းငယ်အတွင်းမှာ ဆော်ဒီက ပြိုင်ပွဲတော်တော်များများကို လက်ခံကျင်းပခဲ့ပြီပဲဖြစ်ပါတယ်။
ဒါပေမဲ့ ဆော်ဒီနိုင်ငံဟာ လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့အတူ နွေရာသီမှာ အပူချိန် ၄၃ ဒီဂရီဆဲစီးယက်စ်လောက် ရှိတာကြောင့် ဥရောပနိုင်ငံတွေရဲ့ ဝေဖန်မှုတွေလည်းရှိနေပါတယ်။

အောက်တိုဘာ ၃၁
ထိုင်းနိုင်ငံ လော့ပ်ဘူရီမြို့၌ အောက်တိုဘာ ၂၉ ရက် ညနေပိုင်းက ကျင်းပခဲ့သည့် Thai Fight ကလပ်၏ မွေထိုင်းလက်ဝှေ့ စိန်ခေါ်ပွဲတွင် ကယန်းလက်ဝှေ့မယ် ဘရော်နီကာက ထိုင်းလက်ဝှေ့မယ် ဖယာဆင်ကို သုံးချီအထိ ယှဉ်ပြိုင် ထိုးသတ်ခဲ့ပြီးနောက် အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။

အောက်တိုဘာ ၃၁
ကမ္ဘာ့ဖလားဆုရှင် အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ်မက်ဆီနဲ့ စပိန် အမျိုးသမီး ကွင်းလယ်ကစားသမား အိုက်တာနာဘွန်မာတီတို့ ၂၀၂၃ ခုနှစ်အတွက် ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုတွေ အသီးသီး ရရှိသွားပါတယ်။
ပြင်သစ်ဘောလုံးမဂ္ဂဇင်းက နှစ်စဉ်ပေးအပ် ချီးမြှင့်တဲ့ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုပေးပွဲကို အောက်တိုဘာ ၃၀ ရက်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပခဲ့ကာ ၄င်းဘလွန်းဒီအောဆုကို ကမ္ဘာတဝန်းက အားကစား ဂျာနယ်လစ် ပေါင်း ၁၀၀ ကျော်က မဲပေးရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။

အောက်တိုဘာ ၂၇
လက်ရှိ နယူးကာဆယ်အသင်းမှာ ကစားနေတဲ့ အီတလီကွင်းလယ်လူ တိုနယ်လီဟာ လောင်းကစားစည်းမျဉ်း ချိုးဖောက်ခဲ့မှုနဲ့ ၁၀ လ ပွဲပယ်ပြစ်ဒဏ်မှတ်ခံခဲ့ရပါတယ်။ တိုနယ်လီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ရှေ့နေတွေငှားရမ်းပြီး ချေပခဲ့ပေမဲ့ ပြစ်မှုထင်ရှားခဲ့တာကြောင့် ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရပါတယ်။

အောက်တိုဘာ ၂၆
ဆော်ဒီအာရေဗျနိုင်ငံမှာ ကျင်းပသွားမည့် စပိန်စူပါဖလားပြိုင်ပွဲကို ပြီးခဲ့တဲ့ ဘောလုံးရာသီက လာလီဂါ ချန်ပီယံအသင်း ဘာစီလိုနာ ၊ ကိုပါဒယ်ရေးဖလား ချန်ပီယံ နဲ့ လာလီဂါ ဒုတိယအသင်း ရီးယဲလ်မက်ဒရစ် ၊ ကိုပါဒယ်ရေးဖလားမှာ ဒုတိယ ရရှိခဲ့တဲ့ အိုဆာဆူနာ နဲ့ လာလီဂါ တတိယအသင်း အသက်လက်တီကိုအသင်းတို့ ပါဝင် ယှဉ်ပြိုင်းကစားသွားမှာလည်းဖြစ်ပါတယ်။

အောက်တိုဘာ ၂၅
ယနေ့နံနက်အစောပိုင်းက ကစားခဲ့တဲ့ မန်ယူနဲ့ ကိုပင်ဟေဂင်တို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ယူအသင်းမှ မက်ဂွိုင်းရားရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် မန်ယူအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ပထမဆုံး နိုင်ပွဲကို ရရှိခဲ့ပါတယ်။
မန်ယူဂိုးသမား အိုနာနာ ကလည်း ကိုပင်ဟေဂင်ကို အနိုင်ရတဲ့ ချန်ပီယံလိဂ်အုပ်စုပွဲမှာ အရေးပါတဲ့ ပယ်နယ်တီကာကွယ်မှုပြုလုပ်ခဲ့ပြီး သူ့ရဲ့ မယုံနိုင်လောက်တဲ့ စွမ်းဆောင်ရည်ကြောင့် အဖိုးတန် ၃ မှတ်ရရှိခဲ့တာဖြစ်ပါတယ်။