ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘတ်ပေဟာ အသက် ၂၄ နှစ်အရွယ်မှာပဲ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အသင်း ခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အသင်းခေါင်းဆောင်ဖြစ်သူ ဂိုးသမား ဟူဂို လိုရစ်အနားယူသွားခဲ့တာကြောင့် သူ့ရဲ့နေရာကို အမ်ဘတ်ပေက ဆက်ခံခွင့်ရခဲ့တာဖြစ်ပါတယ်။
အင်ဒီယန်းဝဲလ်ပြိုင်ပွဲတွင် ရိုင်ဘာကီနာ ချန်ပီယံဆုရ
အင်ဒီယန်းဝဲလ်တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပွဲစဉ်မှာ ကာဇက်စတန်တင်းနစ်မယ် ရိုင်ဘာကီနာ ချန်ပီယံဆု ရယူခဲ့ပါတယ်။ ဘီလာရုစ်တင်းနစ်မယ် ဆာဘာလန်ကာနဲ့ ရိုင်ဘာကီနာတို့ပွဲက အကြိတ်အနယ်ရှိခဲ့ပြီး ပထမ ပွဲလတ်ကပဲ ၇၈ မိနစ်ကြာမြင့်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့်၂ မှာရပ်တည်နေတဲ့ ဆာဘာလန်ကာအနေနဲ့ ဩစတြေးလျ အိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆုရပြီးနောက် အင်ဒီယန်းဝဲလ်ပြိုင်ပွဲမှာ ချန်ပီယံဆုကိုရဖို့အတွက် အကောင်းဆုံး ကြိုးစားခဲ့သလို ရိုင်ဘာကီနာကလည်း သူမရဲ့ကစားသမားဘဝ ပထမဆုံး WTA ချန်ပီယံဆုအတွက် ကြိုးစား ယှဉ်ပြိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၂ နာရီနဲ့ ၃ မိနစ် ကြာမြင့်ခဲ့ပြီးနောက် ရိုင်ဘာကီနာက (၇း၆၊ ၆း၄)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံဆုကို ရသွားခဲ့တာဖြစ်ပါတယ်။ ရိုင်ဘာကီနာအတွက်တော့ ဆာဘာလန်ကာနဲ့ ဆုံတွေ့ခဲ့တဲ့ ၅ ကြိမ်မှာ ပထမဆုံးအကြိမ် အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။
အက်ဖ်အေဖလား ဆီမီးမှာ မန်စီးတီး နဲ့ ရှက်ဖီးလ်ယူနိုက်တက် ၊ ဘရိုက်တန် နဲ့ မန်ယူ တွေ့ဆုံ
အင်္ဂလန်အသင်းလူစာရင်းမှ ရပ်ရှ်ဖို့ဒ်နှင့် မေဆန်မောင့်တို့ ထပ်မံနုတ်ထွက်
ယူရို-၂၀၂၄ ခြေစစ်ပွဲများအတွက် ရွေးချယ်ထားသော အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ မန်ယူတိုက်စစ် ကစားသမား ရပ်ရှ်ဖို့ဒ်နှင့် ချယ်လ်ဆီးကွင်းလယ်ကစားသမား မေဆန်မောင့်တို့ တနင်္လာနေ့က ထပ်မံနုတ်ထွက်ခဲ့ ကြောင်း သိရသည်။
အင်္ဂလန်အသင်းသည် ယူရို-၂၀၂၄ ခြေစစ်ပွဲအဖြစ် မတ်(၂၃)တွင် အီတလီ၊ မတ်(၂၆) တွင် ယူကရိန်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းအတွက် ကစားသမား(၂၅)ဦးစာရင်းကို ပြီးခဲ့သည့်ကြာသပတေးနေ့တွင် နည်းပြ ဆောက်ဂိတ်က ရွေးချယ်ထုတ်ပြန်ခဲ့သည်။
ပေါ်တူဂီအသင်းတွင် ရော်နယ်ဒိုကို နည်းပြသစ် ရွေးချယ်
အခုလအတွင်း ယှဉ်ပြိုင်ကစားမယ့် ယူရို ၂၀၂၄ ခြေစစ်ပွဲတွေအတွက် ပေါ်တူဂီအသင်း လူစာရင်းကို နည်းပြသစ် ရော်ဘတ်တိုမာတီနက်ဇ်ကို ထုတ်ပြန်ခဲ့ရာမှာ တိုက်စစ်မှူး ရော်နယ်ဒိုကို ထည့်သွင်းရွေးချယ်ခဲ့ပါတယ်။ အသက် ၃၈ နှစ် ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတုန်းက ခြေစွမ်းမပြနိုင်ခဲ့သလို အသင်းနည်းပြ ဟောင်း ဖာနန်ဒိုဆန်းတို့စ်က အရန်ခုံပါ ပို့ထားခဲ့တာပါ။ ကမ္ဘာ့ဖလား အပြီးမှာတော့ ရော်နယ်ဒိုဟာ ဆော်ဒီကလပ် အယ်လ်နာဆာ အသင်းဆီ ပြောင်းရွှေ့သွားခဲ့ပါတယ်။ ဒီအခြေအနေတွေအရ ရော်နယ်ဒိုအနေနဲ့ အသက်အရွယ် အရရော၊ ခြေစွမ်းပါ အကောင်းဆုံး အနေအထားကို ကျော်သွားပြီဆိုတဲ့ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပေမယ့် ပေါ်တူဂီအသင်း နည်းပြသစ် မာတီနက်ဇ်ကတော့ လက်ရွေးစင် အသင်းအတွက် ပြန်လည်ခေါ်ယူခဲ့တာပါ။
အင်ဒီးယန်းဝဲလ်ဖိုင်နယ်ကို မက်ဗီဒက်ဗ် တက်ရောက်
ရုရှားတင်းနစ်သမား မက်ဗီဒက်ဗ်ဟာ အင်ဒီးယန်းဝဲလ် တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်း ပွဲစဉ်မှာ ဗိုလ်လုပွဲကို တက်ရောက်သွားခဲ့ပါတယ်။ ဆီမီးဖိုင်နယ်ပွဲအဖြစ် မက်ဗီဒက်ဗ်နဲ့ အမေရိကန်နိုင်ငံသား တီယာဖိုတို့ ယှဉ်ပြိုင်ခဲ့ တာဖြစ်ပြီး လက်စွမ်းချင်းသိပ်မကွာကြလို့ အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။
စီးရီးအေတွင် အသက်အကြီးဆုံးဂိုးသွင်းသူအဖြစ် အီဘရာဟီမိုဗစ် မှတ်တမ်းဝင်ခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးကစားခွင့်ရရှိ
အေစီမီလန်အသင်းမှ ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်သည် အူဒီးနီးစ်အသင်းအား (၁-၃)ဂိုးဖြင့် အရေးနိမ့်ခဲ့သည့် ပွဲတွင် အသင်းအတွက် တစ်ဂိုးသွင်းယူပြီးနောက် စီးရီးအေပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံး ဂိုးသွင်းသူအဖြစ် မှတ်တမ်းသစ်ရေးထိုးခဲ့ကြောင်း သိရသည်။ ထို့ပြင် ၎င်းအနေဖြင့် အေစီမီလန်အသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ပထမဆုံးအကြိမ် ပွဲထွက်ကစားခွင့် ရရှိခြင်းလည်းဖြစ်သည်။
အူဆိုက်ဘက်မှ ဝေဖန်လာချိန်တွင် ဟဲဗီးဝိတ်ချန်ပီယံပေါင်းစည်းပွဲကို ဧပြီလ(၂၉)ရက်တွင် ထိုးသတ်မည်ဟု တိုင်ဆန်ဖျူရီ အတည်ပြု
WBA (Super) ၊ IBF နှင့် WBO ချန်ပီယံဖြစ်သူ ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒားအူဆိုက်နှင့်ထိုးသတ်မည့် ဟဲဗီးဝိတ်ချန်ပီယံပေါင်းစည်းပွဲကို ဧပြီလ(၂၉)ရက်တွင် ပြုလုပ်သွားမည်ဟု WBC ချန်ပီယံ တိုင်ဆန်ဖျူရီက အတည်ပြုပြောကြားခဲ့သည်။
အူဆိုက်၏ပွဲစီစဉ်သူ အလက်ဇန္ဒားခရက်စ်ယူက မတ်လ(၁၃)ရက်တွင် တိုင်ဆန်ဖျူရီသည် အူဆိုက်ကို ရင်ဆိုင်ရန် ကြောက်ရွံ့နေကြောင်း စကားစစ်ထိုးပြီးနောက် တိုင်ဆန်ဖျူရီက ပွဲနေ့ကိုပါ အတည်ပြုသွားခဲ့ခြင်းဖြစ်သည်။
ယူရိုပါလိဂ်ရှုံးထွက်ပွဲစဉ်တွင် မန်ယူနှင့် စပို့တင်းလစ္စဘွန်းတို့ အနိုင်ရပြီး ကွာတားတက်
ဒီနေ့မနက် အစောပိုင်း ကစားခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းက ဘက်တစ်အသင်းကို အဝေးကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။
မန်ယူနိုက်တက် အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပထမအကျော့ပွဲစဉ်တုန်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားတာကြောင့် နှစ်ပွဲပေါင်း ၅ ဂိုး ၁ ဂိုးနဲ့ ကွာတားကို တက်ရောက်သွားတာပါ။
ချန်ပီယံလိဂ်ပွဲမတိုင်မီမှာ ဖရန့်ဖတ်ပရိသတ်များနဲ့ အီတလီရဲများ ပြဿနာဖြစ်ပွားခဲ့
ယမန်နေ့က နာပိုလီနဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက်ပွဲ ဒုတိယအကျော့မတိုင်ခင်မှာ ဖရန့်ဖတ်အသင်းရဲ့ ပရိသတ်တွေနဲ့ အီတလီလုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေကြား ပြဿနာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
BBC ရဲ့အဆိုအရ အဝေးကွင်းကို လိုက်ပါအားပေးတဲ့ ဖရန့်ဖတ်ပရိသတ်တွေဟာ ရဲကားတစ်စီးကိုမီးရှို့ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေကို မီးခိုးဗုံးတွေ၊ မီးရှူးပန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲခဲ့ရတယ်လို့ ဆိုပါတယ်။ တခြားသတင်းတစ်ပုဒ်မှာတော့ ဖရန့်ဖတ်ပရိသတ်အချို့ဟာ မြို့ခံ နာပိုလီ အစွန်းရောက်ပရိသတ်တွေရဲ့ ရန်ပြုတိုက်ခိုက်ခြင်းကိုလည်း ခံခဲ့ရကြောင်း သိရပါတယ်။