ဩဂုတ် ၁၇
ယနေ့ နံနက် (၁:၃၀)နာရီအချိန်တွင် ဥရောပစူပါဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားသည့် မန်စီးတီးအသင်းနဲ့ ဆီဗီလာအသင်း တို့ဟာ တစ်ဖက်(၁-၁)ဂိုးနဲ့ သရေကျခဲ့၍ ပယ်နယ်တီကန်ခဲ့ရာတွင် မန်စီးတီးအသင်းက ၅-၄ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။
မန်စီးတီးအသင်းဟာ ဥရောပစူပါဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးခြင်းဖြစ်ပြီး ပြိုင်ပွဲသမိုင်းတွင် ၂၅ သင်းမြောက် ချန်ပီယံအသင်း ဖြစ်လာခဲ့ပါတယ်။
ဆီဗီလာအသင်းအနေဖြင့် စူပါဖလားတွင် ပထမဆုံးယှဉ်ပြိုင်သည့် ၂၀၀၆ ပြိုင်ပွဲတစ်ကြိမ်သာ ဗိုလ်စွဲခဲ့ပြီး နောက်ဆုံး(၆)ကြိမ်ဆက် အရေးနိမ့်ခဲ့ပါတယ်။
မန်စီးတီးအသင်း နဲ့ ဆီဗီလာအသင်း ဥရောပစူပါဖလား ဗိုလ်လုမည်
မြန်မာစံတော်ချိန်အားဖြင့် ဩဂုတ်လ(၁၇)ရက် ကြာသပတေးနံနက် (၁:၃၀) အချိန်မှာ လူဦးရေ သုံးသောင်း သုံးထောင်ကျော် ဝင်ဆံ့တဲ့ အိုလံပီယာကော့စ် ရဲ့ Karaiskakis Stadium မှာ ယှဉ်ပြိုင်ဗိုလ်လုပွဲကစားမှာ ဖြစ်ပါတယ်။
ဥရောပဖလား ချန်ပီယံ ပထမဆုံးအကြိမ် ရရှိထားတဲ့ မန်စီးတီးတို့အတွက် ပထမဆုံးသော စူပါဖလားပွဲ ယှဉ်ပြိုင်မှုလဲ ဖြစ်လာပါတယ်။
ဆော်ဒီကလပ် AL Hilal အသင်းသို့ နေမာ ပြောင်းရွှေ့
ဘရိုက်တန်အသင်းကွင်းလယ်ကစားသမား ကိုင်စီဒိုကို ချယ်လ်ဆီးအသင်းမှ ခေါ်ယူ
ချယ်လ်ဆီးအသင်းဟာ ဘရိုက်တန်အသင်းမှ အီကွေဒေါကွင်းလယ်ကစားသမား ကိုင်စီဒိုကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာလိုက်ပါတယ်။ ကိုင်စီဒို(၂၁ နှစ်)အတွက် ပြောင်းရွှေ့ကြေး ပေါင်(၁၁၅)သန်း ပေးချေရမည်ဖြစ်ကြောင်း သိရပါတယ်။
စာချုပ်သက်တမ်းမှာ (၈)နှစ်ဖြစ်ပြီး တစ်နှစ်ထပ်မံသက်တမ်းတိုးနိုင်သည့် သဘောတူညီချက်လည်း ပါဝင်ကြောင်း သိရပါတယ်။
ကိုင်ဆယ်ဒိုဟာ လီဗာပူးအသင်းဆီပြောင်းရွှေ့ဖို့ ပေါင် ၁၁၁ သန်းနဲ့ သဘောတူညီခဲ့ပေမဲ့ ချယ်လ်ဆီးရဲ့ နောက်ဆုံးအကြိမ် ကမ်းချက်ကို လက်ခံခဲ့တာလဲဖြစ်ပါတယ်။
အမ်ဘာပေနဲ့ PSG သက်တမ်းတိုးအရေး ဆွေးနွေးလုပ်ဆောင်နေ
၂၀၂၄ ခုနှစ်မှာ စာချုပ်ကုန်ဆုံးမယ့် အမ်ဘာပေဟာအသင်းနဲ့ ဆက်ဆံရေးပြန်လည်အဆင်ပြေခဲ့ပြီဖြစ်လို့ PSG က အမ်ဘာပေကို ၂၀၂၅ ခုနှစ်အထိ သက်တမ်းတိုးဖို့ လုပ်ဆောင်နေပါတယ်။
အမ်ဘာပေဟာ အသင်းနဲ့ အဆင်မပြေဖြစ်ခဲ့လို့ လေ့ကျင့်ခန်းဆင်းခွင့်မရခဲ့ပေမဲ့ အသင်းဥက္ကဋ္ဌ အယ်ခါလိုင်ဖီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် လေ့ကျင့်ခန်းပြန်ဆင်းခွင့်ရခဲ့ပါတယ်။
အမ်ဘာပေကို ဆော်ဒီကလပ်အယ်လ်ဟီလယ်အသင်းက ပေါင် ၂၅၈ သန်းနဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပင်မယ့် ပြီး ပီအက်စ်ဂျီဘက်က အကြမ်းဖျင်းလက်ခံခဲ့သော်လည်း ဘာပေက မပြောင်းချင်ကြောင်း ငြင်းဆန်ခဲ့ပါတယ်။
ဝုလ်ဗ်အသင်း နည်းပြသစ် ဖြစ်လာတဲ့ ဂယ်ရီ အိုနေးလ်
ဝုလ်ဗ်အသင်းဟာ စပိန်လူမျိုး နည်းပြ လိုပက်တယ်ဂီနဲ့ လက်တွဲဖြုတ်ခဲ့ပြီးနောက် လစ်လပ်သွားတဲ့ နည်းပြနေရာအတွက် ဘုန်းမောက် နည်းပြဟောင်း ဂယ်ရီ အိုနေးလ်ကို (၃)နှစ်စာချုပ်နဲ့ တရားဝင် အစားထိုး ခန့်အပ်လိုက်ပြီပဲ ဖြစ်ပါတယ်။
နည်းပြ ဂယ်ရီအိုနေးလ်ဟာ ပြီးခဲ့တဲ့ရာသီက ဘုန်းမောက်အသင်းကို ပရီးမီးယားလိဂ်မှာ အဆင့်(၁၅)နေရာရရှိအောင် စွမ်းဆောင်ပေးခဲ့ပေမယ့် ဇွန်လ(၁၉)ရက်နေ့မှာ ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။
“2023 Arab Club Champions Cup” အယ်လ်နာဆာအသင်း နဲ့ အယ်လ်ဟီလာအသင်း ဗိုလ်လုပွဲ ယှဉ်ပြိုင်မည်
ဩဂုတ် ၁၀
ညက အယ်လ်ဟီလာအသင်း နဲ့ အယ်လ်ရှာဘတ်အသင်းတို့ရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အယ်လ်ဟီလာက (3-1)နဲ့ အနိုင်ရလိုက်တာကြောင့် ဗိုလ်လုပွဲစဉ်တွင် အယ်လ်နာဆာအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမှာလဲဖြစ်ပါတယ်။
အယ်လ်နာဆာအသင်းမှာ ရော်နယ်လ်ဒို မာနေးတို့ရဲ့ ပါဝင်နေသလို အယ်လ်ဟီလယ်အသင်းတွင် ကူလီဘလီ၊ နေးဗက်စ်၊ မီလင်ကိုဗစ်နှင့် မယ်လ်ကွန်တို့လဲ ပါဝင်နေပါတယ်။
ဗိုလ်လုပွဲကိုတော့ လာမယ့် (၁၂)ရက်နေ့ ည (၁၂)ခွဲအချိန်တွင် ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပါတယ်။
ဒဏ်ရာကြောင့် (၂)လဝန်းကျင် အနားယူရတော့မယ့် အန်ကွန်ကူ
ချယ်လ်ဆီးအသင်း၏ တိုက်စစ်မှူးသစ်ဖြစ်သူ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး အန်ကွန်ကူ ဟာ ဒေါ့မွန်အသင်းနှင့်ကစားခဲ့သည့် ရာသီကြိုခြေစမ်းပွဲစဉ်တွင် ရရှိခဲ့သော ဒူးဒဏ်ရာကို ခွဲစိတ်မှုပြုလုပ်ရမည်ဖြစ်ပြီး (၂)လဝန်းကျင်အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။
(အသက် ၂၅ နှစ်) ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး အန်ကွန်ကူက လိုက်ပ်ဇစ်ကနေ ချယ်လ်ဆီးသို့ ပြောင်းရွှေ့ကြေး ယူရို ၆၀ သန်းနဲ့ ပြောင်းရွှေ့လာသူဖြစ်ပြီး ချယ်လ်ဆီးက အန်ကွန်ကူကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ် ချုပ်ဆိုထားပါတယ်။
ဒါ့ကြောင့် အန်ကွန်ကူဟာ ချယ်လ်ဆီးအသင်း၏ ရာသီအဖွင့် ပရီးမီးယားလိဂ်ပွဲစဉ် (၁၃)ပွဲခန့်ကို လွဲချော်သွားမှာလဲ ဖြစ်ပါတယ်။
ဇူကာဘာ့ဂ်ျနဲ့ အီလွန်မက်စ် ထိုးပွဲကြီးကို တွစ်တာကနေ Live Stream ပြသမည်
ပီအက်စ်ဂျီအသင်းက ဂွန်ဆာလို ရာမို့စ်ကို ခေါ်ယူကြောင်း အတည်ပြု
ဩဂုတ် ၈
ပီအက်စ်ဂျီအသင်းဟာ ဘင်ဖီကာအသင်းမှ ပေါ်တူဂီတိုက်စစ်မှူး ဂွန်ဆာလို ရာမို့စ်ကို တစ်ရာသီ အငှား + ယူရို သန်း(၈၀)နဲ့ အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပါတယ်။
ရာမို့စ်က ပီအက်စ်ဂျီမှာ ကျောနံပါတ် (၉)ကို ဝတ်ဆင်သွားမှာပဲ ဖြစ်ပါတယ်။