ဂွန်ဒိုဂန် ကို ခေါ်ယူကြောင်း ဘာစီလိုနာအသင်း ကြေညာ


မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ ဂျာမန်ကွင်းလယ်ကစားသမား ဂွန်ဒိုဂန်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ဘာစီလိုနာအသင်းက အတည်ပြုကြေညာခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ဂွန်ဒိုဂန်(၃၂ နှစ်)ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး တစ်နှစ်သက်တမ်းထပ်တိုးနိုင်သည့် သဘောတူညီချက်လည်း ပါဝင်ကြောင်း သိရပါတယ်။
ဂွန်ဒိုဂန်၏ စာချုပ်လျော်ကြေးမှာ ယူရို သန်း ၄၀၀ ဖြစ်ပါတယ်။


UFC တွင် ပထမဆုံးထိုးသတ်ခွင့်ရ ချင်းတိုင်းရင်းသား ဂျိုရွှာဗန် ပြိုင်ဘက်ကစားသမားအားအမှတ်ဖြင့်အနိုင်ရ

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်၊ ဂျက်ဆင်ဗလ်မြို့မှာ ဇွန် ၂၄ ရက် ဒေသစံတော်ချိန် ည ၁၂ နာရီကျင်းပတဲ့ UFC ကိုယ်ခံပညာစုံတိုက်ခိုက်ရေးပွဲစဉ်မှာ မြန်မာပြည်ဖွား ချင်းတိုင်းရင်းသား ဂျိုရွှာဗန်က ကာဇက်စတန်က ဇဟယ်ဂတ်စ် ဇူမာဂူလာ့ဗ်ကို ၁၉ မှတ်အသာဖြင့် အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲဟာ ဂျိုရွှာဗန်အတွက်တော့ UFC မှာ ပထမဆုံး ပွဲဦးထွက်ထိုးသတ်ခွင့်ရတဲ့ ပွဲစဉ်ဖြစ်ပြီး အသက် ၃၄ နှစ်အရွယ်ရှိ ကာဇက်စတန်နိုင်ငံသား ပြိုင်ဖက်ကို အသာစီးနဲ့ ထိုးသတ်နိုင်ခဲ့ပါတယ်။ MMA ကစားသမားဘဝကို ၂၀၂၁ ခုနှစ်မှာ စတင်ဝင်ရောက်ခဲ့ပြီး ယခုနှစ်ထဲမှာ UFC အဖွဲ့ချုပ်မှ ကမ်းလှမ်းခံခဲ့ရကာ ပထမဆုံးပြိုင်ပွဲမှာပဲ အနိုင်ရရှိခဲ့တဲ့ မြန်မာပြည်ဖွားတိုင်းရင်းသား တယောက်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

ကမ္ဘာ့စံချိန်တင် ဆုတစ်ခုနဲ့ ရော်နယ်လ်ဒို

ပြီးခဲ့တဲ့ညမှာကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာတော့ အသက် ၃၈ နှစ်အရွယ် အယ်လ်နာဆာတိုက်စစ်မှူး ရော်နယ်ဒိုဟာ နိုင်ငံအသင်းနဲ့ ပွဲပေါင်း ၂၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာ့ဘောလုံးသမိုင်းမှာ ကစားသမားတစ်ယောက်အနေနဲ့ နိုင်ငံတကာပွဲ ၂၀၀ အထိ ကစားနိုင်တဲ့ ပထမဆုံးလူသားအဖြစ်လည်း ဂင်းနစ်မှတ်တမ်းဝင်စေခဲ့တာပါ။
ရော်နယ်ဒိုဟာ အဲဒီလို အမှတ်တရပွဲမျိုးမှာပဲ အသင်းအတွက် အရေးပါတဲ့အနိုင်ဂိုးကို ပွဲချိန် ၈၉ မိနစ်အရောက်မှာ သွင်းယူပေးနိုင်ခဲ့လို့ သူ့အတွက် ပိုပြီးချိုမြိန်တယ်လို့ ဆိုနိုင်ပါတယ်။ သူဟာ ၂၀၀၃ ခုနှစ်မှာ လက်ရွေးစင်အသင်းအတွက် စတင်ကစားပေးခဲ့တာဖြစ်ပြီး အခုဆိုရင် နှစ်ပေါင်း ၂၀ ရှိနေခဲ့ပြီဖြစ်ပါတယ်။

မေဆန်မောင့်အတွက် ပေါင်သန်း(၅၀)ဖြင့် ကြေးတိုးမြှင့်ကမ်းလှမ်းရန် မန်ယူ စီစဉ်

မန်ယူအသင်းသည် ချယ်လ်ဆီးအသင်းမှ အင်္ဂလန်ကွင်းလယ်ကစားသမား မေဆန်မောင့်ကို ခေါ်ယူရန်အတွက် ပေါင်သန်း(၅၀)ဖြင့် ကြေးတိုးမြှင့်ကမ်းလှမ်းရန် စီစဉ်နေကြောင်း သိရသည်။
မန်ယူအသင်းသည် ချယ်လ်ဆီးအသင်းနှင့် လမ်းခွဲရန် လိုလားနေသည့် မေဆန်မောင့်ကို ခေါ်ယူရန် ပစ်မှတ်ထားနေသော်လည်း ပထမအကြိမ်ကမ်းလှမ်းမှုကို ပေါင်သန်း(၄၀)ဖြင့် ပြုလုပ်ခဲ့သောကြောင့် ချက်ချင်းပယ်ချခံခဲ့ရသည်။
ထို့ကြောင့် ပေါင်သန်း(၅၀)ဖြင့် ထပ်မံကမ်းလှမ်းရန် စီစဉ်နေခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းကမူ အနည်းဆုံး ပေါင်သန်း(၇၀)ရရှိမှသာ လက်ခံဖွယ်ရှိကြောင်း သိရသည်။
မေဆန်မောင့်ကလည်း လစာနှုန်းထားကို တစ်ပတ်ပေါင်(၂၅၀၀၀၀)ရရှိရန် တောင်းဆိုထားကြောင်း သိရသည်။

ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့တဲ့ Vero Nika

Photo : Vero Nika

ဇွန် ၁၉
မနေ့ကယှဉ်ပြိုင်တဲ့ Thai Fight ပြိုင်ပွဲမှာ Vero Nika ဟာ တတိယအချီတွင် ဗီယက်နမ်သူ ကို ထိုးချက်ပါဝါအသာကြီးနဲ့ ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဗီယက်နမ်သူကို ကြိုးဝိုင်းအတွင်း ပတ်ပြေးအောင်ထိကို ထိုးခဲ့တာပါ။
Vero Nika ဟာ မနေ့ကနိုင်ပွဲအတွက် ပရိတ်သတ်တွေရဲ့ အားပေးမှုအပေါ် ဆိုရှယ်မီဒီယာကနေတစ်ဆင့် ကျေးဇူးတင်စကားဆိုသွားခဲ့ပါတယ်။

မက်ဆီ ကို ခေါ်ယူပြီးနောက် Instagram မှာ Follower ဦးရေ ဆက်တိုက်မြင့်တက်နေတဲ့ အင်တာမိုင်ယာမီ


အင်တာမိုင်ယာမီအသင်းဟာ မက်ဆီအား ခေါ်ယူပြီးနောက် အသင်း၏ Instagram တွင် ၂၄ နာရီအတွင်း Follower ၄.၅ သန်းကျော် မြင့်တက်ခဲ့ပါတယ်။

အင်တာမိုင်ယာမီအသင်းသည် MLS၊ NHL၊ NFL၊ MLB ကလပ်များထဲတွင် Follower အများဆုံး ဖြစ်လာခဲ့ပါတယ်။

Photo : B/R