
နွေရာသီရောက်လာပြီဖြစ်တဲ့အတွက်အပူဒဏ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးသွားပါမယ်။
အပူဒဏ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ အရိပ်ကောင်းကောင်းရပြီး အေးမြတဲ့နေရာမှာ နေထိုင်ခြင်း ၊ မိမိခန္ဓာကိုယ်ကို နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့စေဖို့ လက်၊ လည်ပင်းနှင့် ပုခုံးတို့ကိုပါ လုံခြုံတဲ့ အရောင်ဖျော့တဲ့ပွပွချောင်ချောင်ချည်ထည်များကို ဝတ်ဆင်ခြင်း ၊ နေရောင်ကာဖို့အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်ကို နေရောင်ကာ cream တမျိုးမျိုး ၊ lotion တမျိုးမျိုးကို လိမ်းပေးခြင်း ၊ နေ့ခင်းနေ့လည် အပြင်သွားပါက ထီး၊ ဦးထုပ်ဆောင်းပြီး နေကာမျက်မှန်တပ်ဆင်ခြင်း ၊ ရေများများသောက်ပေးခြင်း တို့ပဲဖြစ်ပါတယ်။









