
ပါရီနွေရာသီအိုလံပစ်ကြက်တောင်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်းပွဲစဉ်တွင် မြန်မာအမျိုးသမီး ကြက်တောင်ကစားသမား သက်ထားသူဇာသည်
ကနေဒါမှ ကမ္ဘာ့အဆင့် ၃၁ ရှီ မီရှဲလီကို အကြိတ် အနယ်ကစားပြီးမှ ၁၆-၂၁၊ ၂၃-၂၅ မှတ်ဖြင့် နှစ်ပွဲပြတ် ရှုံးနိမ့်ခဲ့သည်။
ကမ္ဘာ့အဆင့် ၄၃ ရှိ သက်ထားသူဇာသည် အိုလံပစ် အုပ်စုနှစ်ပွဲစလုံး ၎င်းထက် ကမ္ဘာ့အဆင့်များစွာ မြင့်သည့် ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ခဲ့ရပြီး
ပထမပွဲတွင် ဆီဒင် ၅ နှင့် ကမ္ဘာ့အဆင့် ၆ ယာမာဂူချီကို ရှုံးနိမ့်ခဲ့သည်။





