
မန်ယူအသင်းသည် အဲရစ်တန်ဟက်ဂ်နှင့် လမ်းခွဲ ပြီးနောက် လစ်လပ်နေသည့် အသင်းနည်းပြရာထူးနေရာအတွက် စပို့တင်းလစ္စဘွန်းအသင်းနည်းပြ ရူဘင်အာမိုရင်မ်အား ခန့်အပ်ရန် သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း နာမည်ကျော်သတင်းထောက် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့သည်။
အသက် (၃၉)နှစ်အရွယ်သာရှိသေးသည့် ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်မ်သည် မန်ယူအသင်းအားကိုင်တွယ်ရန်အတွက် လိုအပ်သည့်ဆွေးနွေးမှုအားလုံးကို ပြုလုပ်ခဲ့ပြီးဖြစ်သလို၊ စပို့တင်းလစ္စဘွန်းအသင်းမှာလည်း နည်းပြသစ်ရာထူးအတွက် ဆက်သွယ်မှုများပြုလုပ်နေပြီဖြစ်ကြောင်းသိရသည်။
မန်ယူအသင်းသည် အာမိုရင်မ်အားခေါ်ယူရန်အတွက် စပို့တင်းလစ္စဘွန်းအသင်းအား လျော်ကြေးယူရို (၁၀)သန်းပေးချေခဲ့ရကြောင်း သိရသည်။








