
မန်ချက်စတာယူနိုက်တက်အသင်းသည် လက်ရှိအချိန်၌ အသင်း၏ရလဒ်များဆိုးရွားနေသဖြင့် နည်းပြချုပ်အဖြစ်ခန့်အပ်ထားသော တန်ဟတ်အား ယနေ့ အောက်တိုဘာ ၂၈ ရက်နံနက်ပိုင်းက ရာထူးမှထုတ်ပယ်ခဲ့သည်။
မန်ချက်စတာယူနိုက်တက်၏ နည်းပြချုပ်ရာထူးမှထုတ်ပယ်ခဲ့ခြင်းကို အသင်းတာဝန်ရှိသူများက အသိပေးခဲ့ပြီး လစ်လပ်သွားသည့် နည်းပြချုပ်ရာထူးအား မန်ယူကစားသမားဟောင်း နစ္စတယ်ရွိုင်းကို ယာယီနည်းပြချုပ်အဖြစ်ခန့်အပ်ခဲ့သည်။
ယာယီနည်းပြချုပ်ဖြစ်လာသည့် နစ္စတယ်ရွိုင်းသည် မန်ယူအသင်း၏ လက်ကျန်ပွဲစဉ်များအား အသင်းနည်းပြအဖွဲ့ဝင်များနှင့်အတူ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်သည်။







