
ရှုံးပွဲမရှိ စံချိန်ရရှိထားတဲ့ ကမ္ဘာ့စူပါဟဲဗီးဝိတ်ချန်ပီယံ အန်တိုနီ ဂျော်ရွှာဟာ လာမယ့် မတ်လမှာ ရှုံးပွဲမရှိ လူငယ် လက်ဝှေ့ကျော် ဂျိုးဆက်ဖ်ပါကာနဲ့ ထိုးသတ်ဖို့ ၉၅ ရာခိုင်နှုန်းထိ သေချာနေပြီဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။
ဂျော်ရွှာဟာ WBA,IBF နဲ့ IBO ရွှေခါးပတ်ဆုရရှိထားခဲ့တဲ့ ဂျော်ရွှာဟာ ပွဲ ၂၀ ထိုးသတ်ပြီး အလဲထိုးပွဲ ၂၀ ရလဒ်ကို ရရှိထားသလို ရှုံးပွဲ လုံးဝမရှိသေးတဲ့ လက်ဝှေ့ကျော်ဖြစ်ပါတယ်။









