အာရှယူ ၂၁ စနူကာပြိုင်ပွဲမှာ စနူကာကစားသမား အောင်ဖြိုးဟာ ရှုံးပွဲမရှိ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။ ပြိုင်ပွဲ မစတင်မီက ရှုံးထွက်အဆင့်လောက်သာ မျှော်မှန်းထားခဲ့ပေမယ့် ပွဲစဉ်တလျှောက် လက်စွမ်းပြပြီး ရှုံးပွဲ လုံးဝမရှိဘဲ ဗိုလ်စွဲသွားခဲ့တာပါ။
အောင်ဖြိုးဟာ ကွာတားဖိုင်နယ်မှာ ဟောင်ကောင်နိုင်ငံသား ကာဝေချန်ကို ၅-၃၊ ထိုင်းနိုင်ငံသား ပေါင်ဆာခွန်ကို ၅-၂၊ ဗိုလ်လုပွဲမှာတော့ ပါကစ္စတန်နိုင်ငံသား ဟာရစ်တဟီရာ ကို ၆-၄ နဲ့ အနိုင်ရပြီး ဗိုလ်စွဲခဲ့တာပါ။