
လိုဏ်ဂူထဲတွင် သီတင်း နှစ်ပတ်ခန့် ပိတ်မိနေသော ထိုင်း လူငယ်ဘောလုံးသမား ၁၂ ဦးနှင့် ၎င်းတို့၏နည်းပြကို ဇူလိုင် ၁၅ ရက်၌ မော်စကိုမြို့တွင် ကျင်းပမည့် ကမ္ဘာ့ဖလားဗိုလ်လုပွဲသို့ တက်ရောက်အားပေးရန် ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)က ဖိတ်ကြားခဲ့ကြောင်း ထိုင်းဘောလုံး အဖွဲ့ချုပ်က တရားဝင်ဖေ့စ်ဘွတ်ခ်မှ တစ်ဆင့် ပြောသည်။
ဇွန်လ ၂၃ ရက်က ယင်းလူငယ် ၁၂ ဦးနှင့် နည်းပြတစ်ဦးသည် သမ်လောင်လိုဏ်ဂူထဲ လေ့လာစူးစမ်းရန် ဝင်ရောက်ပြီးနောက် ရေဝင်လာသောကြောင့် လိုဏ်ဂူထဲတွင် ၁၀ ရက်ကြာပိတ်မိခဲ့သည်။ ထို့နောက် ဗြိတိန် ရေငုပ်သမားများက ၎င်းတို့ကို အသက်ရှင်လျက် ပြန်ရှာတွေခဲ့သည်။









