
ဟာဇက်၊ လူကာကူ၊ ဒီဘရိုင်စသည့် နာမည်ကျော် ဘောလုံးကစားသမားများ မွေး ထုတ်ပေးခဲ့သည့် ဘယ်လ်ဂျီယံ လူငယ်အသင်းနည်းပြ အဲရစ်အပ်ရမ်ကို မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။
အဆိုပါ သြစတြေးလျလူမျိုး အဲရစ်အပ်ရမ်ကို လာမည့် စက်တင်ဘာတွင် အနည်းဆုံး ၂ နှစ် စာချုပ်ဖြင့် ခန့်အပ်ရန် စီစဉ်ထား ကြောင်း၎င်းကပြောသည်။









