လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ ပွဲစဉ် အားလုံးကို အောင်သူ ပါဝင် ကစားခွင့် ရရှိ

ထိုင်းလိဂ်-၁ ကလပ် Police Tero အသင်းတွင် သွားရောက် ကစားနေသော မြန်မာ့ လက်ရွေးစင် တိုက်စစ်မှူး အောင်သူ သည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ညှိနှိုင်းမှုဖြင့် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲကို မြန်မာ ယူ-၂၃ အသင်းနှင့်အတူ ပွဲစဉ်အားလုံး ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော် က ပြောသည်။

ဆီမိုနာဟာလက် ပထမဆုံး ဂရင်းဆလမ်ဖလား ဆွတ်ခူး

ကမ္ဘာ့နံပါတ် (၁) တင်းနစ် မယ်ဆီမိုနာဟာလက် သည် ပြင်သစ်အိုးပင်းဗိုလ်လုပွဲတွင် အမေရိကန်မှ စတုန်း စတီဗင်ကို ၃-၆၊ ၆-၄၊ ၆-၁ ဖြင့် အနိုင်ရရှိပြီး ပထမဆုံးဂရင်းဆလမ်ဖလားကို သိမ်းပိုက်ခဲ့သည်။

ရိုမေးနီးယားသူ ဆီမိုနာဟာလက်သည် ပြင်သစ်အိုးပင်းဗိုလ်လုပွဲ နှစ်ကြိမ်ရှုံးနိမ့်ခဲ့ပြီး ယခုနှစ် သြစတြေးလျ အိုးပင်းတွင်လည်း ဒုတိယဆုနှင့်သာ ကျေနပ်ခဲ့ရကာ စတုတ္ထအကြိမ်မြောက်၌ ပထမဆုံး ဂရင်းဆလမ်ဖလား ရရှိခြင်း ဖြစ်သည်။

ဘက်ဟမ်းတို့ဇနီးမောင်နှံရဲ့ မွန်မြတ်တဲ့သဒ္ဓါတရား

တော်ဝင်မင်းသား ဟယ်ရီရဲ့ မင်္ဂလာပွဲမှာ ဒေးဗစ်ဘက်ဟမ်းနဲ့ ဗစ်တိုးရီးယားဘက်ဟမ်းတို့ ဇနီးမောင်နှံရဲ့ ၀တ်စားဆင်ယင်မှုက ပရိသတ်တွေကြားမှာရေပန်းစားခဲ့ပါတယ်။

အထူးသဖြင့် ဒေးဗစ်ဘက်ဟမ်းရဲ့ဝတ်စုံက ပိုမိုလူကြိုက်များခဲ့ပြီး ဒီဇိုင်နာကင်မ်ဂျုံးစ်ရဲ့ Dior Homme ၀တ်စုံကို ပထမဆုံး ၀တ်ဆင်ခွင့်ရသူလည်း ဖြစ်ခဲ့တာပါ။ အခုတော့ ဘက်ဟမ်းဇနီးမောင်နှံရဲ့ တော်ဝင်မင်္ဂလာ အခမ်းအနား ပွဲတက် ၀တ်စုံကို ပရိသတ်တွေပိုင်ဆိုင်နိုင်မယ့် အခွင့်အရေးရှိလာခဲ့ပါပြီ။ ဘက်ဟမ်းတို့ ဇနီးမောင်နှံဟာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ မန်ချက်စတာ ဗုံးပေါက်ကွဲမှုနောက်ပိုင်းမှာ ဖွဲ့စည်းလိုက်တဲ့ We Love Manchester Emergency Fund ဆိုတဲ့ လူမှုကူညီရေးအဖွဲ့အစည်းအတွက် လှူဒါန်းဖို့ ရည်ရွယ်ပြီး သူတို့ နှစ်ဦးရဲ့ ၀တ်စုံတွေကို လေလံတင် ရောင်းချတော့မှာဖြစ်ပါတယ်။

စီရော်နယ်ဒိုကျေနပ်အောင် လစာတိုးမပေးနိုင်တော့တဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်ကနေ စီရော်နယ်ဒို ထွက်တော့မယ်ဆိုတဲ့ သတင်းတွေက ပိုပြီး အသံကျယ်လောင်လာပါတယ်။ အရင်ကလည်း အဲဒီလိုသတင်းတွေထွက်ခဲ့ဖူးသေးပြီး အဲဒီတုန်းကတော့ ရီးရဲလ်ဟာ စီရော်နယ်ဒိုကျေနပ်အောင် ကမ္ဘာ့စံချိန်တင်လစာတွေနဲ့ စာချုပ်သစ်ချုပ်ကာ ကစားသမားကိုဆက်ထိန်းနိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲလက်ခံကျင်းပရန် ရုရှားအဆင်သင့်ဖြစ်နေပြီဟု ဖီဖာဥက္ကဋ္ဌပြောကြား

ဖီဖာဥက္ကဋ္ဌအင်ဖာတီနို က အိမ်ရှင်ရုရှားနိုင်ငံတွင် လူမျိုး ရေးခွဲခြားမှု၊ လူ့အခွင့်အရေး၊ လုံ ခြုံရေးတို့နှင့် ပတ်သက်၍ ကမ္ဘာ့ ဖလားမစမီတစ်ပတ်အလို၌စိုးရိမ်မှုများကိုဖြေရှင်းစဉ် ရုရှားသည် ယင်းပြိုင်ပွဲကို လက်ခံကျင်းပရန် ရာနှုန်းပြည့် အသင့်ရှိသည်ဟု ပြောသည်။

မျက်လုံးဒဏ်ရာကြောင့် ဖိုးသော် လာမည့် MMA ပြိုင်ပွဲ လွဲချော်မည်

လေ့ကျင့်ရေးတွင် ရရှိသည့် မျက်လုံးဒဏ်ရာကြောင့် ယခုလအတွင်း ရန်ကုန်မြို့၌ကျင်းပမည့် MMA (One Champion-ship) ပြိုင်ပွဲကို လွဲချော်မည်ဖြစ်ကြောင်း MMA ကစားသမား ဖိုးသော်က ပြောသည်။

ဖိုးသော်သည် ပြီးခဲ့သည့် မေလဆန်းတွင် ပြိုင်ပွဲအတွက် လေ့ကျင့်နေစဉ် ညာဘက်မျက်လုံးအတွင်းပိုင်း ဒဏ်ရာ ရရှိကာ လက်ရှိတွင် ခွဲစိတ်ကုသထားပြီး တစ်လခန့်  အနားယူရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လူမျိုးရေးခွဲခြားခံရပါက အင်္ဂလန်ကစားသမားများကွင်းထဲမှ ထွက်ခွာမည်မဟုတ်

အင်္ဂလန်နည်းပြဆောက်ဂိတ်က ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လူမျိုးရေးခွဲခြားဆဲဆိုခံရပါကလည်း အင်္ဂလန်ကစားသမား တွေဟာ ကွင်းထဲကနေထွက်ခွာမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

စပါးနောက်ခံလူ ဒန်နီရို့စ်က လူမျိုးရေးခွဲခြားခံရမှာ စိုးရိမ်တဲ့အတွက် သူ့မိသားစုတွေ ရုရှားကို မသွားဖို့ တိုက်တွန်းထားပါတယ်။ ဒန်နီရို့စ်ဟာ ၂၀၁၂ က ဆားဘီးယားမှာ အင်္ဂလန်ယူ-၂၁ အသင်းအတွက် ကစားစဉ်မှာ လူမျိုးရေးခွဲခြားခံခဲ့ရဖူးပါတယ်။

ဒါလော့တ်ကို ပေါင် ၁၉ သန်းနဲ့ မန်ယူ ခေါ်ယူ

မန်ယူအသင်းဟာ ပေါ်တို ညာနောက်ခံလူ ဒီယိုဂိုဒါလော့တ်ကို ပေါင် ၁၉ သန်းနဲ့ ခေါ်ပြီး ၅ နှစ် စာချုပ် လိုက်တယ်လို့ သိရပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ ဒါလော့တ်ဟာ ဒီကနေ့ မနက်ပိုင်းကဆေးစစ်မှု အောင်မြင်ပြီးနောက် စာချုပ် လက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။

ပရိသတ်တွေနဲ့အတူ အလှူအတန်း တစ်ခု ပြုလုပ်သွားမယ့် အောင်လအန်ဆန်

မြန်မာပြည်မှာ မစ်ဒယ်ဝိတ်ရွှေခါးပတ်ကို ကာကွယ်ရမယ့် အောင်လအန်ဆန်က အဆိုပါ ပွဲစဉ်မှာ အလှူအတန်း တစ်ခု ပြုလုပ်သွားမယ်လို့ ထုတ် ဖော်ပြောလာခဲ့ပါတယ်။ အောင်လအန်ဆန်ရဲ့ အဆိုပါ ပွဲစဉ်အတွက် ပွဲကြို လက်မှတ်တွေကို ရောင်းချပေးလျက်ရှိနေပြီး ပရိသတ်များ အနေနဲ့ လက်မှတ်များကို ၀ယ်ယူ ရင်း အောင်လအန်ဆန်နဲ့အတူ အလှူအတန်း တစ်ခုမှာ ပူးပေါင်းပါဝင်နိုင်မှာ လည်း ဖြစ်ပါတယ်။

ဝိတ်တန်းအလိုက် ချန်ပီယံများ ထပ်မံထွက်ပေါ်လာမည့် WLC ပြိုင်ပွဲလေးပွဲ ကျင်းပရန်စီစဉ်

ရန်ကုန် ဇွန် ၆

မြန်မာ လက်ခမောင်း ကုမ္ပဏီက တာဝန်ယူကျင်းပလျက်ရှိသည့် WLC လက်ဝှေ့ပွဲစဉ်များကို ၂ဝ၁၈ခုနှစ်အတွင်း ထပ်မံ ကျင်းပရန် စီစဉ်ထားပြီး ဝိတ်တန်းအလိုက် ချန်ပီယံများ ထွက်လာ ဦးမည်ဖြစ်ကြောင်း WLC ပြိုင်ပွဲများ၏ သတင်း ထုတ်ပြန်ရေး တာဝန်ခံ ကိုအောင်သူထံမှ သိရသည်။