
ဆီမီးဖိုင်နယ်တွင် လက်ရှိချန်ပီယံ ထိုင်းအသင်းကို အနိုင်ယူကာ ဗိုလ်လုပွဲအဆင့်သို့  တက်ရောက်နိုင်ခဲ့သည့် မြန်မာယူ ၁၉ အသင်းသည် ဗိုလ်လုပွဲတွင် မလေးရှားအသင်းနှင့် တွေ့ ဆုံ ယှဉ်ပြိုင် သွားရမည်ဖြစ်သည်။

ဆီမီးဖိုင်နယ်တွင် လက်ရှိချန်ပီယံ ထိုင်းအသင်းကို အနိုင်ယူကာ ဗိုလ်လုပွဲအဆင့်သို့  တက်ရောက်နိုင်ခဲ့သည့် မြန်မာယူ ၁၉ အသင်းသည် ဗိုလ်လုပွဲတွင် မလေးရှားအသင်းနှင့် တွေ့ ဆုံ ယှဉ်ပြိုင် သွားရမည်ဖြစ်သည်။

ကမ္ဘာ့ဖလားပွဲမှာ အင်္ဂလန်ကို နိုင်ပြီး ဗိုလ်လုပွဲ ပြင်သစ်နဲ့ ယှဉ်ပြိုင်ရမယ့် နိုင်ငံရဲ့ ဘောလုံးအသင်းကို ဂုဏ်ပြုပြီး ခရိုအေးရှား ဝန်ကြီးချုပ် အန်ဒရက်ပလန်ကိုဗစ်နဲ့ သူ့ဝန်ကြီးအဖွဲ့ဟာ ဇူလိုင် ၁၂ ရက်က အစိုးရအဖွဲ့ အစည်းအဝေးကို အနီနဲ့ အဖြူကွက် နိုင်ငံလက်ရွေးစင် ဘောလုံးအသင်း အင်္ကျီတွေ ဝတ်ပြီး ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ အီတလီလူမျိုးနည်းပြကွန်တီကို ထုတ်ပယ်ဖို့အတွက် မနေ့တုန်းက လျော်ကြေးပေါင် ၉ သန်း နဲ့ သဘောတူညီမှု ရရှိပြီး တရားဝင် လမ်းခွဲနိုင်ခဲ့ပါတယ်။
ဒါဟာ ၂၀၀၃ ခုနှစ်က ချဲလ်ဆီးအသင်းကို ရုရှားဘီလျံနာအေဘရာမိုဗစ်ခ်ျ ၀ယ်ယူပြီးနောက်ပိုင်းမှာ အသင်းနဲ့ လမ်းခွဲခဲ့ရတဲ့ ၉ ဦးမြောက် နည်းပြလည်းဖြစ်ခဲ့ကာ သူတို့အားလုံးအတွက် မိုဗစ်ခ်ျ ပေးချေခဲ့ရတဲ့ လျော်ကြေးက လည်း ပေါင်သန်း ၉၀ နီးပါးအထိ ရှိနေပြီလို့ The Sun သတင်းစာက ဖော်ပြခဲ့ပါတယ်။

ကမ္ဘာ့ဖလားကိုသာအ လိုရှိပြီး ဘလွန်းဒီအောကဲ့သို့တစ် ဦးချင်းဆုများကို စိတ်မဝင်စားဟု ပြင်သစ် ဆယ်ကျော်သက် တိုက် စစ်မှူး ကိုင်လီယန်မက်ဘီက ပြောကြားသည်။
မက်ဘီသည် ပြင်သစ်က ဘယ်လ်ဂျီယံကို နိုင်သောပွဲတွင် ခြေစွမ်းပြခဲ့ပြီး တိုက်စစ်မှူး အိုလီ ယာဂျီရော့ဒ်အတွက် ပဉ္စလက် ဆန်သောဖန်တီးမှုတစ်ခု ပြုလုပ်ခဲ့သည်။

အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားလမ်းခရီးဟာ ဗုဒ္ဓဟူးနေ့မှာ ဆီမီးဖိုင်နယ်အဆင့်နဲ့တင် အဆုံးသတ်ပြီးဆုံးခဲ့ရပြီ ဖြစ်ပါတယ်။ ခြင်္သေ့သုံးကောင်လို့ နာမည်ပြောင်ရ အင်္ဂလန်အသင်းဟာ မာရီယိုမန်ဇူကစ်ရဲ့ အချိန်ပိုသွင်းဂိုးကြောင့် အရေးနိမ့်ခဲ့ရပြီး အသည်းကွဲသွားခဲ့ရပါတယ်။ ဒီရှုံးပွဲဟာ အင်္ဂလန်အသင်းရဲ့ အဓိကပြိုင်ပွဲကြီးတွေမှာ ဆီမီးဖိုင်နယ် ပွဲ (၄)ပွဲမြောက် ရှုံးနိမ့်မှုဖြစ်ပါတယ်။

ခရိုအေးရှား-အင်္ဂလန် (ည ၁၂း ၃၀ နာရီခွဲ)
ငယ်ဂုဏ်ရှိသော အင်္ဂလန်နှင့် သမ္ဘာရင့်ကစားသမားများစုဖွဲ့ထားသော ခရိုအေးရှားတို့ ထိပ်တိုက် တွေ့ဆုံပွဲ ဖြစ်သည်။ ခရိုအေးရှားက အုပ်စုကျပ်အတွင်း ရာနှုန်းပြည့်နိုင်ပွဲရခဲ့ပြီး တည်ငြိမ်သော ခြေစွမ်းပြသခဲ့သော်လည်း (၁၆)သင်း အဆင့်တွင် ဒိန်းမတ်၊ ကွာတားဖိုင်နယ်တွင် အိမ်ရှင်ရုရှားကို ပယ်နယ်တီ အဆုံးဖြတ်များဖြင့်သာ ကျော်ဖြတ် နိုင်ခဲ့သည်။

ပြီးခဲ့သည့်လက အက်သလက်တီကိုမက်ဒရစ်မှ ထွက်ခွာပြီးနောက် ဂျပန်လိဂ်(ဂျေလိဂ်)ကလပ် ဆာဂန်တိုဆူတို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ကြောင်း စပိန်တိုက်စစ်မှူးဟောင်း ဖန်နန်ဒိုတောရက်စ်က ကြေညာသည်။

ရီးရဲလ်မက်ဒရစ်အသင်းဟာ တိုက်စစ်မှူး စီရော်နယ်ဒိုကို ဂျူဗင်တပ်အသင်းဆီ ပေါင် ၈၈ သန်းနဲ့ ရောင်းချလိုက်ပြီ ဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။
ဒီတန်ကြေးကို ဂျူဗင်တပ်ဘက်က ၂ နှစ်အတွင်း ပေးချေသွားရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ရီးရဲလ်မှာ ၉ ရာသီကြာ ကစာခဲ့ပြီးနောက် သူ့ကစားသမားဘ၀ကို အသင်းသစ်တစ်ခုနဲ့ ပြန်လည်စတင်လိုက်တာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

ပြင်သစ်သမ္မတနှင့် ဘယ်လ်ဂျီယံဘုရင် အကြိုဗိုလ်လုပွဲသို့ တက်ရောက်အားပေးမည်
ကမ္ဘာ့ဖလားဘောလုံးအကြိုဗိုလ်လုပွဲရဲ့ ပထမပွဲစဉ်ကို ဒီကနေ့စတင်ပါလိမ့်မယ်။ ပြင်သစ်နဲ့ Belgium အသင်းတို့ ကစား ကြမှာပါ။
မနက်ဖြန်ကျရင်တော့ ခရိုအေးရှားနဲ့ အင်္ဂလန်အသင်းတို့ကစားကြမှာဖြစ်ပြီး နိုင်တဲ့၂သင်းက နောက်ဆုံးဗိုလ်လု ပွဲကိုတက်၊ ရှုံးတဲ့၂သင်းက တတိယနေရာကို လုရမှာပါ။ နောက်ဆုံးဗိုလ်လုပွဲကို ရုရှားနိုင်ငံရဲ့မြို့တော်မော်စကိုမှာ တနင်္ဂနွေနေ့ကျရင် ကျင်းပပါလိမ့်မယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲသည် ရေပန်းစားသော အသင်းများနှင့် ကစားသမားများ၏ အကောင်းဆုံး အစီအစဉ်များကို ရိုက်ချိုးပစ်နိုင်ကြောင်း သက်သေပြခဲ့ရာ နေမာ ထက်ပို၍ သိသာသော နမူနာမရှိပေ။
နေမာသည် မက်ဆီနှင့်ရော်နယ်ဒိုတို့၏ လောင်းရိပ်မှရုန်းထွက်ရန် ပီအက်စ်ဂျီသို့ ကမ္ဘာ့စံချိန်တင်ကြေးဖြင့် ပြောင်းရွှေ့ခဲ့သည်။ ပီအက်စ်ဂျီတွင် ဒဏ်ရာပြဿနာရှိခဲ့သော်လည်း ၎င်း၏ ဘလွန်းဒီအောအလားအလာကို မထိခိုက်ခဲ့ပေ။