
မန်ယူအသင်းကတော့ ရာသီကြိုခရီးစဉ်အတွက် အမေရိကန်နိုင်ငံကို ထွက်ခွာသွားခဲ့ပါပြီ။ ဒါပေမဲ့ ကမ္ဘာ့ဖလား မကစားရဘဲ အေးဆေးအနားယူပြီး ရာသီကြိုခရီးအတွက် အားခဲထားတဲ့ တိုက်စစ်မှူးဆန်းချက်ဇ်ကတော့ မပါဝင်နိုင်ခဲ့ပါဘူး။ အသက် 29 နှစ်အရွယ် ဆန်းချက်ဇ်အတွက် အမေရိကန်နိုင်ငံက ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးဖို့ ငြင်းဆန်ခဲ့လို့ပါ။









