
ပရီးမီးယားလိဂ်တန်း တက်နောဝစ်ခ်ျ အသင်းအတွက် လေးပွဲတွင် ငါးဂိုးသွင်းယူခဲ့သော ဖင်လန်တိုက်စစ်မှူး တီမူပူကီ သည် သြဂုတ်အတွက် ပရီးမီးယားလိဂ် အကောင်းဆုံးကစားသမားဆုရရှိပြီး အကောင်းဆုံးနည်းပြဆု ကို လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်က ရရှိသည်။ တစ်လတာအကောင်းဆုံး ကစားသမားဆုသည် ကြီးမားသော ဂုဏ်ယူစရာဆုတစ်ခုဖြစ်ပြီး မိမိခြေစွမ်းကောင်း ပြသနိုင်ရေး ကူညီခဲ့သော အသင်းဖော်များကို ကျေးဇူးတင်ကြောင်း ပူကီက ပြောသည်။ ပူကီ (၂၉) နှစ်သည် ၂၀၀၄ မတ်လနောက်ပိုင်း ပရီးမီးယား လိဂ်တစ်လတာအကောင်းဆုံးဆု ရရှိသော ပထမဆုံးဖင်လန်နိုင်ငံ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ -Ref: Permierleague



ယူအက်ဖ်စီ(UFC)လိုက်ဖ်ဝိတ်တန်းချန်ပီယံ ရုရှားနိုင်ငံသား ခါဘစ်နာမာဂိုမီဒေါ့ဗ်ဟာ စနေညကထိုးသတ်ခဲ့တဲ့ပွဲမှာ စိန်ခေါ်သူ အမေရိကန်နိုင်ငံသားဒက်စတင်ပွိုင်ရီယာကို အနိုင်ယူပြီး ချန်ပီယံဆုကိုဆက်ထိန်းနိုင်ခဲ့ပါတယ်။ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှာ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီးပွဲစကတည်းက နာမာဂိုမီဒေါ့ဗ်ဟာ သူအားသာတဲ့ အချုပ်အလှဲနဲ့ အတူ ဒက်စတင်ပွိုင်ရီယာကို အနိုင်ယူဖို့ကြိုးစားခဲ့ပါတယ်။ ဒုတိယအချီအစမှာတော့ ဒက်စတင်ပွိုင် ရီယာက အချုပ်မခံတော့ပဲ ခွာကစားခဲ့လို့ နာမာဂိုမီဒေါ့ဗ်ကစားရခက်ခဲ့ပါတယ်။ တတိယအချီအရောက်မှာတော့ ပွိုင်ရီယာဟာ နာမာဂိုမီဒေါ့ဗ်ရဲ့အချုပ်ကွက်မိခဲ့ပြီး အရှုံးပေးသွားခဲ့ရတာဖြစ်ပါတယ်။ အခုပွဲအနိုင်ရခဲ့တာကြောင့် နာမာဂိုမီဒေါ့ဗ်ဟာကစားသမား ဘ၀(၂၈)ပွဲကစားထားရာမှာ ပွဲတိုင်းအနိုင်ရခဲ့တဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့သလို (UFC)လိုက်ဖ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကိုလည်း ဒုတိယအကြိမ်မြောက်အဖြစ် ကာကွယ် သွားနိုင်ခဲ့ပါတယ်။




