
ယခုနှစ်အတွက် နောက်ဆုံးမေဂျာဂေါ့ဖ် ပြိုင်ပွဲဖြစ်သည့် The Open Championship ပြိုင်ပွဲတွင် သြစတြေးလျကစားသမား ကင် မရွန်းစမစ် အနိုင်ရဗိုလ်စွဲပြီး ကစားသမားဘ၀ ပထမဆုံး မေဂျာချန်ပီယံဆုဖလား ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

ယခုနှစ်အတွက် နောက်ဆုံးမေဂျာဂေါ့ဖ် ပြိုင်ပွဲဖြစ်သည့် The Open Championship ပြိုင်ပွဲတွင် သြစတြေးလျကစားသမား ကင် မရွန်းစမစ် အနိုင်ရဗိုလ်စွဲပြီး ကစားသမားဘ၀ ပထမဆုံး မေဂျာချန်ပီယံဆုဖလား ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

မန်ယူအသင်း၏နည်းပြ တန်ဟက်ဂ်က အသင်းမှ ထွက်ခွာခွင့်ပြုရန် စီရော်နယ်လ်ဒို တောင်းဆိုခဲ့ပြီးကတည်းက ၎င်းနှင့် စကားမပြောဖြစ်ဟု ပြောကြားခဲ့သည်။စီရော်နယ်လ်ဒိုသည် ၂၀၂၃ ခုနှစ်အထိ မန်ယူအသင်းနှင့် စာချုပ်ချုပ်ဆိုထားသော်လည်း ပြီးခဲ့သည့်လက အသင်းမှ ထွက်ခွာခွင့်ပြုရန် တောင်းဆိုခဲ့သည်။
ယင်းတောင်းဆိုမှုကို မန်ယူအသင်းက ရောင်းထုတ်မည်မဟုတ်ဟု တုံ့ပြန်ခဲ့သလို၊ စာချုပ်ပါသဘောတူညီချက် အတိုင်း နောက်ထပ်တစ်နှစ် သက်တမ်းတိုးရန်ပင် ဆန္ဒရှိနေကြောင်း သိရသည်။သို့သော် စီရော်နယ်လ်ဒိုသည် ရာသီကြိုကာလ အသင်းနှင့် ပြန်လည်ပူးပေါင်းရန် သတ်မှတ်ထားသည့်နေ့ ရက်၌ မိသားစုအကြောင်းပြချက်ဖြင့် ပြန်ရောက်လာခြင်းမရှိခဲ့ဘဲ အသင်း၏ ရာသီကြိုခြေစမ်းခရီးစဉ်များကိုလည်း လွဲချော်ခဲ့ရသည်။

ဖီလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၂၀၂၂ ခုနှစ် AFF Women’s Championship ပြိုင်ပွဲ၏ တတိယနေရာလုပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ဗီယက်နမ်အမျိုးသမီးအသင်းအား အနိုင်ယူ၍ တတိယဆုရရှိခဲ့သည်။
မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနှင့်ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်းတို့သည် ဇူလိုင် ၁၇ ရက်တွင် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းမှ ၄ ဂိုး ၃ ဂိုးရလဒ်ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

MMA ချန်ပီယံဟောင်း အောင်လအန်ဆန်နှင့် နပန်းကမ္ဘာ့ချန်ပီယံဟောင်း ဘရာဇီးနိုင်ငံသား အန်ဒရေဂါဗယ်အိုတို့ အထူးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။ အောင်လအန်ဆန်နှင့် အန်ဒရေဂါဗယ်အိုတို့ ထိုးသတ်မည့်အထူးပွဲစဉ်ကို MMA စည်းမျဉ်းနှင့် နပန်းစည်းမျဉ်းများဖြင့်ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းဟာ အားနည်းနေတဲ့ခံစစ်ပိုင်းကို အားဖြည့်ဖို့အတွက် အာဂျင်တီးနား နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ကို ပေါင်(၄၅)သန်းနဲ့ ခေါ်ယူတော့မှာ ဖြစ်ပါတယ်။ အသက်(၂၄)နှစ်အရွယ် မာတီနက်ဇ်ဟာ မန်ယူနည်းပြသစ် တန်ဟတ်လက်ထက် ၂၀၁၉ ခုနှစ်မှာ နယ်သာလန်ကလပ် အေဂျက်ဇ်ဆီ ရောက်ရှိခဲ့သူပါ။ (၃)ရာသီအတွင်း ပွဲပေါင်း(၁၂၀)ကစားကာ (၆)ဂိုးသွင်းယူနိုင်ခဲ့တဲ့ မာတီနက်ဇ်အတွက် အသင်း (၂)သင်းကြား သဘောတူညီမှုရခဲ့ပြီလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ မာတီနက်ဇ်အနေနဲ့ ဆေးစစ်ဖို့အတွက် မန်ချက်စတာဆီ ရောက်ရှိနေသလို ဗီဇာအခက်အခဲကြောင့် ဩစတြေးလျခြေစမ်းခရီးကို မလိုက်ပါနိုင်ခဲ့တာပါ။

လွန်ခဲ့တဲ့လက အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် ဇနီးသည် ရှာကီရာနဲ့ လမ်းခွဲခဲ့ရတဲ့ စပိန်နောက်ခံလူ ဂျရတ် ပီကေးတစ်ယောက် သူ့အမှားကိုနောင်တရနေပြီလို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ပီကေးဟာ လက်ရှိအချိန်မှာ သူနောက်ထပ်တွဲနေတဲ့အမျိုးသမီးနဲ့အဆက်ဖြတ်လိုက်ပြီး ရှာကီရာကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ထားတယ်လို့လည်း သိရပါတယ်။ ရှာကီရာကတော့ သူ့သားတွေနဲ့အတူ မီယာမီကိုပြောင်းရွှေ့နေထိုင်ဖို့ စီစဉ်နေပြီး ပီကေးရဲ့တောင်းပန်မှုအပေါ် ဘယ်လိုတုံ့ပြန်မှုမျိုးမှ မရှိသေးဘူးလို့ သိရပါတယ်။

ပရီးမီးယားလိဂ်ကလပ်အသင်းများသည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးရန်အတွက် နည်းလမ်းပေါင်းစုံကို စဉ်းစားနေကြပြီး ယင်းထဲတွင် COVID ကာကွယ်ဆေးမှတ်တမ်းအရ ကစားသမားများကို သီးခြားခွဲထားမည့် အစီအစဉ်လည်း ပါဝင်ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။
ချယ်လ်ဆီးကစားသမားများဖြစ်သည့် ကွန်တေနှင့် လော့ဖ်တပ်ချိခ်တို့သည် COvID ကာကွယ်ဆေး ထိုးနှံထားခြင်းမရှိသောကြောင့် အသင်း၏ အမေရိက ရာသီကြိုခရီးစဉ်ကို လွဲချော်ခဲ့ရသည်။

မော်လ်ဒိုက်နိုင်ငံတွင် ကျင်းပမည့် ၅၄ ကြိမ် မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှု ပြိုင်ပွဲတွင် မြန်မာ ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ယင်းပြိုင်ပွဲကို ဇူလိုင် ၁၅ ရက်မှ ၂၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ကာယဗလပွဲစဉ် များနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲများ ပါဝင်မည် ဖြစ်သည်။ မြန်မာကာယဗလအဖွဲ့သည် ကာယဗလပွဲစဉ်များအပြင် ကာယကြံ့ခိုင်မှု ပြိုင်ပွဲများတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဖြစ်သည်။

မန်ယူနဲ့ အင်္ဂလန်တိုက်စစ်မှူးဟောင်း ဝိန်းရွန်နီကို နည်းပြချုပ်အဖြစ် ခန့်အပ်လိုက်တယ်လို့ အမေရိကန်မေဂျာလိဂ်အသင်း ဒီစီယူနိုက်တက်က ပြောပါတယ်။ ၂၀၁၈ နဲ့ ၂၀၁၉ တုန်းက ဒီစီယူနိုက်မှာ ကစားခဲ့တဲ့ ၃၆ နှစ် အရွယ် ရွန်နီက ဒါဘီကို ၁၇ လကြာကိုင်တွယ်ပြီးတဲ့နောက်မှာ ပြီးခဲတဲ့လက နုတ်ထွက်ခဲ့ပါတယ်။ အဲဒီ ကာလအတွင်းမှာ ဒါဘီက ဘဏ္ဏာရေး အခက်အခဲတွေ ကြုံခဲ့ပြီး တတိယတန်းကို တန်းဆင်းခဲ့ရပါတယ်။