
ချဲလ်ဆီးနည်းပြသစ် ဂရေဟမ်ပေါ်တာဟာ အသင်းတိုက်စစ်ကို အားဖြည့်ဖို့အတွက် ပြိုင်ဘက် စပါးအသင်းဆီကနေ ဟယ်ရီကိန်းကို ခေါ်ယူဖို့ ဆန္ဒရှိနေပါတယ်။ ဒီဘက်နှစ်ပိုင်းတွေအတွင်း တိုက်စစ်ပိုင်း အားနည်းမှုတွေရှိခဲ့တဲ့ ချဲလ်ဆီးအသင်းအနေနဲ့ ရေတိုပြင်ဆင်မှုအဖြစ် အာဆင်နယ်တိုက်စစ်မှူးဟောင်း အူဘာမီးယန်းကို ပြန်လည်အားဖြည့်ခဲ့တာပါ။








