သင့်စွမ်းအား တိုးစေဖို့ ဒါတွေ စားပါ

13267726_1107346499329200_4700122751036752993_n

နေ့စဉ် လူနေမှုဘဝမှာစိတ်ဖိစီးမှုနဲ့ ဖိအားအမျိုးမျိုးကြောင့် ပင်ပန်းနွမ်းနယ်ပြီး ခန္ဓာကိုယ်စွမ်းအားကို လျော့နည်းစေပါ တယ်။ ဒီအစားအစာတွေက သင့်ရဲ့ခန္ဓာကိုယ်စွမ်းအား တိုးမြင့်စေဖို့ ကူညီနိုင်ပါတယ်။

ဟင်းနုနွယ်
ခန္ဓာကိုယ်စွမ်းအားနည်းပြီး ပင်ပန်းနွမ်းနယ်ခြင်းရဲ့ အဓိကအကြောင်းရင်းက ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အောက်စီဂျင် ပြတ်လပ်မှုကြောင့် ဖြစ်ပါတယ်။ ဟင်းနုနွယ်ရွက်မှာ သံဓာတ်ပြည့်ဝစွာ ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း အောက်စီဂျင်ပျံ့နှံ့ရောက်ရှိမှုကို ကူညီပေးပြီး စွမ်းအားမြင့်စေနိုင်ပါတယ်။

HIV ပျောက်ကင်းရန် ကုသမယ့် ဆေးပညာ တွေ့ရှိရန် နီးစပ်

13226971_1106013406129176_8003960126671180498_n

အမေရိကန်ပြည်ထောင်စု Temple University မှ ဆေးပညာ သုတေသန ပညာရှင်များဟာ HIV AIDS ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်မ့် နည်းပညာ တစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။ ယင်းတွေ့ရှိမှုဟာ ရောဂါ ပျောက်အောင် ကုသမယ့် ခြေလှမ်းသို့ နီးစပ်နေပြီ ဖြစ်ကြောင်း ဆိုပါတယ်။ CRISPR technology လို့ခေါ်တဲ့ နည်းပညာဟာ Gene Editing System ကို အသုံးပြုပါတယ်။

သဘာဝ သစ်သီးဖျော်ရည်တွေရဲ့ ကျန်းမာရေးဆေးစွမ်း

13240529_1106014079462442_4457503937353188515_n

သဘာဝသစ်သီးဖျော်ရည်တွေက ကျန်းမာရေးအတွက် ဆေးစွမ်းကောင်းဖြစ်စေတဲ့ အချက်တွေကို ဖော်ပြထားပါတယ်။

စိတ်ဓာတ်ကျရင် –   မုန်လာဥနီဖျော်ရည်၊ ပန်းသီးဖျော်ရည်သောက်ပါ။ ပြည်တည်နာ ဖြစ်တဲ့အခါ – ကော်ဖီထုပ် ဖျော်ရည်၊ တရုတ်နံနံဖျော်ရည်၊ မုန်လာဥနီဖျော်ရည် သောက်ပါ။

ကျောက်ကပ်သန့်စင်စေဖို့အတွက် –        ဖရဲသီးဖျော်ရည်၊ သခွားသီးဖျော်ရည်၊ မုန်လာဥနီဖျော်ရည်၊ နံနံပင်ဖျော်ရည် သောက်ပါ။

ညောင်ရေသွန်းကြ ကဆုန်လ

Kasone


ခုနှစ်ထွေမင်းသမီး

Poem


တစ်နေ့ ကော်ဖီနှစ်ခွက် သောက်ခြင်း ၏ အကျိုး

13179027_1101438936586623_7256950039433054585_n

တနေ့လျှင် မတ်ခွက်ဖြင့် ကော်ဖီ ၂ ခွက် သောက်ခြင်းသည် နှလုံးကျန်းမာရေး ကောင်းမွန်စေရန် အထောက်အကူ ပြုသည်ဟု လေ့လာမှု တစ်ခုက တွေ့ရှိခဲ့သည်။ ကော်ဖီကို ယင်းကဲ့သို့ သောက်သုံးခြင်းသည် နှလုံးအားနည်းရောဂါ ဖြစ်နိုင်ခြေ အန္တရာယ် လျော့ကျနိုင်မှုနှင့် ဆက်စပ်နေကြောင်း အဆိုပါ သုတေသနပြု လေ့လာမှုက တွေ့ရှိခဲ့သည်။ နှလုံးအားနည်းရောဂါကြောင့် သေဆုံးရမှုနှုန်းသည် အချို့သော ကင်ဆာရောဂါကြောင့် သေဆုံးရမှုနှုန်းထက် ပိုများသည်ကို တွေ့ရှိရသည်။ ဆေးစစ်အပြီး တစ်နှစ်အတွင်း နှလုံးအားနည်းရောဂါ ရှိသူများထဲမှ ၄၀ ရာခိုင်နှုန်းအထိ အသက်အန္တရာယ် ထိခိုက်မှု ရှိသည်ကို တွေ့ခဲ့ရသည်။

အရွယ်တင်နုပျိုစေဖို့ “S” သုံးလုံးကို ရှောင်ကြစို့

အသက်အရွယ်ကြီးရင့်လာတာကို တားဆီးထားလို့မရသလို ရပ်တန့်လိုက်ဖို့လည်း ခက်ခဲပါတယ်။ ဒါပေမဲ့ အသက်အရွယ်ထက် ပိုပြီးနုပျိုကျန်းမာနေအောင်တော့ လုပ်လို့ရပါတယ်။ နုပျိုလန်းဆန်းကျန်းမာဖို့ လုပ်သင့်တဲ့အချက်တွေ အများကြီး ရှိတဲ့အထဲက အရေးကြီးပြီး လူသတိမထားမိတဲ့အချက် (၃) ချက်ကို ဖော်ပြပေး လိုက်ပါရစေ။ အတိုကောက် S သုံးလုံးလို့ မှတ်သားကြတဲ့ Sun (နေ)၊ Stress (စိတ်ဖိစီးမှု)၊ Sugar (သကြားဓါတ်) စတာတွေကို မိမိခန္ဓာကိုယ်တွင်း ရောက်ရှိမှု နည်းနိုင်သမျှနည်းအောင် ရှောင်ရှားကြရမှာဖြစ်ပါတယ်။

သွေးကင်ဆာအတွက် အစွမ်းထက်ဆေးပင်

13220813_1098507240213126_2661368734895506526_n

သွေးကင်ဆာလက္ခဏာ စဖြစ်နေပြီး ဗန်ကောက်ကို တစ်လတစ်ခါ သွေးသွားသွင်း၊ ဆေးကုနေရတဲ့ သွေးကင်ဆာ သမားတစ်ဦးဟာ တိုင်းရင်းဆေးနည်းတစ်ခု ရသွားပြီး စမ်းသပ်ကြည့်ရာ သွေးကင်ဆာ ဖြစ်စေမည့် ရောဂါများ ပျောက်ကင်းသွားကြောင်း တိုင်းရင်းဆေးဆရာကြီး ဦးကြည်လွင်မြင့်(မုဒြာ) မှ တင်ပြထားပါတယ်။ ပုံမှာ မြင်ရတဲ့ အပင်ကို အင်္ဂလိပ်လို Sadabahar Tree လို့ ခေါ်ပါတယ်။ မြန်မာလိုကတော့ သင်္ဘောမညိုး၊ ၄နာရီပန်း၊ မြေဇူပန်း စသဖြင့် ခေါ်ကြပါတယ်။ နေရာဒေသပေါ်မူတည်ပြီး အခေါ်အဝေါ် ကွဲပြားကြပါတယ်။ အလေ့ကျပေါက်တဲ့ အပင်မျိုးဖြစ်ပြီး အခုအခါမှာတော့ အလှစိုက်ပန်းအိုးများနဲ့လည်း စိုက်ပျိုးနေကြပါပြီ။

လာဖိရင်တော့ ဇာတိကငုံ့မခံ

Poem