ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမကွေးတိုင်းဒေသကြီး တိုင်း၊ခရိုင်၊မြို့နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ

ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးမကွေးတိုင်းဒေသကြီး တိုင်း၊ခရိုင်၊မြို့နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံ

==========================

ဇူလိုင် ၂၉ မကွေး

မကွေးတိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအတွင်းရေးမှူးဦးပိုက်ထွေးသည် တိုင်းခရိုင်မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ကော်မတီဝင်များနှင့်တွေ့ဆုံပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။

အခမ်းအနား သို့ ဗဟိုအတွင်းရေးမှူးနှင့်အတူ

ဗဟိုအလုပ်အမှုဆောင်၊တိုင်းပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊တိုင်းအတွင်းရေးမှူးဦးဆန်းညွန့်အောင်၊ နှင့်တိုင်းကော်မတီဝင်များ တက်ရောက်ကြပါသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဦးတင့်လှိုင်မြင့် မိသားစုမှ ကြာဇံဟင်းစတုဒီသာကျွေးမွေး

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်

ဦးတင့်လှိုင်မြင့် မိသားစုမှ ကြာဇံဟင်းစတုဒီသာကျွေးမွေး

===============================

စစ်ကိုင်း ဇူလိုင် ၃၀

 

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်

ဦးတင့်လှိုင်မြင့်မိသားစုမှယနေ့ ဇူလိုင် (၃၀)ရက်နေ့တွင်စစ်ကိုင်းမြို့၊ခရိုင်ပါတီရုံးရှေ့၌ပါတီဝင်မိသားစုများနှင့်ရပ်ကွက်နေပြည်သူ (၂၀၀)ကျော်အားကြာဇံဟင်းစတုဒီသာကျွေးမွေးကုသိုလ်ပြုခဲ့ပါသည်။


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဦးသူရိန်ဇော်ပြည်နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံပြီးအမှတ်(၅)ရပ်ကွက်ရေဘေးကယ်ဆယ်ကူညီရေးစခန်းသို့အသင့်စားခေါက်ဆွဲဖာများလှူဒါန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဗဟိုအတွင်းရေးမှူးဦးသူရိန်ဇော်ပြည်နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံပြီးအမှတ်(၅)ရပ်ကွက်ရေဘေးကယ်ဆယ်ကူညီရေးစခန်းသို့အသင့်စားခေါက်ဆွဲဖာများလှူဒါန်း

===========================

ဘားအံ ဇူလိုင် ၂၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဗဟိုအတွင်းရေးမှူးဦးသူရိန်ဇော်သည်ဇူလိုင်လ

(၂၈)ရက်နေ့ကဒေါနခန်းမတွင်ကရင်ပြည်နယ်ပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံပြီးရွေးကောက်ပွဲအတွက်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များနှင့်

ရှေ့လုပ်ငန်းစဉ်များအားဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ပြည်နယ်ပါတီအတွင်းရေးမှူး

ဦးစန်းကိုမှကရင်ပြည်နယ်ပါတီ၏လုပ်ငန်းဆောင်ရွက်ထားမှုအခြေအနေများ၊ဆက်လက်လုပ်ဆောင်သွားမည့်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ပြီးပြည်နယ်ပါတီဥက္ကဌဒေါ်နန်းနီနီအေးမှလိုအပ်ချက်များဖြည့်စွက်ဆွေးနွေးခဲ့ပါသည်။

၎င်းနောက်ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့သည်

Read more

ပါတီဗဟိုအလုပ်အမှုဆောင်ဦးလှသိန်း ပဲခူးမြို့နယ် ဥဿ ၈/၉ ရပ်ကွက်ရှိ ပြည်သူများနှင့်တွေ့ဆုံ

ပါတီဗဟိုအလုပ်အမှုဆောင်ဦးလှသိန်း ပဲခူးမြို့နယ် ဥဿ ၈/၉ ရပ်ကွက်ရှိ ပြည်သူများနှင့်တွေ့ဆုံ

=========================

ပဲခူး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းသည် ပဲခူးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌဦးရဲမြင့်ထွန်းနှင့် တိုင်းပါတီကော်မတီဝင်များ ၊ ခရိုင်ပါတီဥက္ကဋ္ဌဦးအောင်စိုးနှင့် ခရိုင်ပါတီကော်မတီဝင်များ ၊ ပဲခူးမြို့နယ်ပါတီဥက္ကဋ္ဌ ဦးမင်းခန့်ကျော်နှင့် မြို့နယ်ပါတီကော်မတီဝင်များ နှင့်အတူ ဇူလိုင်လ ၂၉ရက်နေ့ မွန်းလွဲပိုင်းက ပဲခူးမြို့နယ်ပါတီရုံးအစည်းအဝေးခန်းမတွင် ပဲခူးမြို့နယ် ဥဿာရပ်ကွက် ၈/၉ ရှိ ပါတီဝင်များ ဝန်းရံ အားပေးထောက်ခံသူများနှင့် တွေ့ဆုံခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် Popular News Journal သတင်းဌာနအင်တာဗျူး (ရုပ်သံဖိုင်)


ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့် Popular News Journal သတင်းဌာနအင်တာဗျူး
=================
အစိုးရရော အတိုက်အခံရောဖြစ်ဖူးတဲ့ USDP ရဲ့ပါတီဝင် အနေအထားများနဲ့ ဖွဲစည်းပုံအခြေခံဥပဒေပြင်ဖို အဆင့်များအကြောင်း USDP ဥက္ကဋ္ဌ ဦးခင်ရီပြော

-USDP ဟာ နိုင်ငံရေးအရ သက်တမ်းရှည်ပြီး အင်အားကြီးပါတယ်။ အစိုးရရော အတိုက်အခံရောဖြစ်ဖူးတဲ့ အတွေ့အကြုံရှိပြီး တိုင်းရင်းသားစုံ ပညာရှင်စုံပါတဲ့ ပါတီမျိုးပါ

Read more

ရေဝင်ရောက်နေ၍ ထန်းတပင်မြိုနယ်ရှိ စာသင် ကျောင်း(၁၄)ကျောင်းကိယာယီပိတ်

ရေဝင်ရောက်နေ၍ ထန်းတပင်မြိုနယ်ရှိ စာသင် ကျောင်း(၁၄)ကျောင်းကိယာယီပိတ်
=======================
ပဲခူးတိုင်း၊ ထန်းတပင်မြိုနယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားနေ၍ မြိုနယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း(၁၄)ကျောင်းကို ယာယီပိတ်ထားရကြောင်း သိရသည်။

အ.ထ.က(ထန်းတပင်)၊ အ.လ.က(ခွဲ)(ဆိပ်ကြီး)၊ အ.မ.က(လွန်)(သူကောင်းဖြစ်)၊ အ.မ.က(လွန်)(မိုးမခ)၊ အ.လ.က(အုန်းပင်)၊ အ.မ.က(လွန်)(ဒိုးသောင်)၊ အ.မ.က(လွန်)(ကြိုပင်ဆိပ်)၊ အ.မ.က (လွန်)(ဥယျာဉ်စု)၊ အ.မ.က(လွန်)(ကြိုကုန်း)၊ အ.မ.က(လွန်)(ချောင်းဝ)၊ အ.မ.က(လွန်)(ရေ ကျော်)၊ အ.မ.က(လွန်)(ကျွန်းသုံးပင်)၊ အ.လ.က (ခွဲ)(ကရင်နီကုန်း)၊ အ.လ.က(ခွဲ)(ပဲပုတ်) တိုအားယာယီပိတ်ထားရကြောင်း သိရသည်။

Read more

ကမ္ဘာ့စစ်တုရင်ဘုရင် Magnus Carlsen က ChatGPT ကို အပျင်းပြေကစားရင်း အနိုင်ပိုင်း

ကမ္ဘာ့စစ်တုရင်ဘုရင် Magnus Carlsen က ChatGPT ကို အပျင်းပြေကစားရင်း အနိုင်ပိုင်း
===========================

ခရီးသွားရင်း ပျင်းလာတဲ့အခါ သင်ဘာလုပ်လေ့ရှိလဲ။ သမိုင်းတစ်လျှောက် အကောင်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ကမ္ဘာ့စစ်တုရင်ချန်ပီယံ Magnus Carlsen ကတော့ အပျင်းပြေဖို့အတွက် ကမ္ဘာကျော် AI ဖြစ်တဲ့ ChatGPT နဲ့ အွန်လိုင်းစစ်တုရင်တစ်ပွဲ ကစားခဲ့ပါတယ်။ ရလဒ်ကတော့ လူသားရဲ့ နက်နဲတဲ့အတွေ့အကြုံနဲ့ ဖန်တီးနိုင်စွမ်းက လက်ရှိ AI နည်းပညာထက် ဘယ်လောက်သာလွန်နေဆဲလဲဆိုတာကို သက်သေပြလိုက်သလိုပါပဲ။

Read more

ယူ-၂၃ ချန်ပီယံရှစ်မှာ ဗီယက်နမ် ယူ-၂၃ အသင်း (၃) ကြိမ်ဆက် ချန်ပီယံ အဖြစ် ဗိုလ်စွဲ

ယူ-၂၃ ချန်ပီယံရှစ်မှာ ဗီယက်နမ် ယူ-၂၃ အသင်း (၃) ကြိမ်ဆက် ချန်ပီယံ အဖြစ် ဗိုလ်စွဲ
——————————————
ပွဲချိန် ၃၇ မိနစ်မှာ သွင်းယူခဲ့တဲ့ ငုယင်ကောင်ပေါင်ရဲ့ တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ဘဲ ဗီယက်နမ် ယူ-၂၃ အသင်းကတော့ အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်မှာ နောက်ထပ် တစ်ကြိမ် ဗိုလ်စွဲသွားခဲ့ပါတယ်။

Read more

OWIC ကတ်ပေါ်တွင် သြဂုတ် ၁ ရက်မှစတင်၍ လုံခြုံရေးစတစ်ကာကပ်မည်

OWIC ကတ်ပေါ်တွင် သြဂုတ် ၁ ရက်မှစတင်၍ လုံခြုံရေးစတစ်ကာကပ်မည်
====================
အလုပ်သမားဝန်ကြီဌာနမှ ပြည်ပနိုင်ငံများသိုသွား ရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများကိုထုတ်ပေးလျက်ရှိသည့် ပြည်ပအလုပ်အကိုင်အလုပ် သမားသက်သေခံကတ် (OWIC)ပေါ်တွင် လာမည့် သြဂုတ် ၁ ရက်မှစတင်၍ လုံခြုံရေးစတစ်ကာကပ်သွားမည်ဖြစ်ကြောင်း သိရသည်။

(OWIC)ကတ်အား အတုအပများမရှိစေရန်နှင့် ပိုမိုလုံခြုံမှုရှိစေရန်တိုအတွက် လုံခြုံရေးစတစ်ကာကပ်ပြီးမှသာ (OWIC)ကတ်ကိုထုတ်ပေးရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Read more

စိမ်းလဲ့မြေဆန်စက်မှာ ဆိုလာစွမ်းအင်နဲ့ စတင်လည်ပတ်

စိမ်းလဲ့မြေဆန်စက်မှာ ဆိုလာစွမ်းအင်နဲ့ စတင်လည်ပတ်
======================
ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့ရှိ စိမ်းလဲ့မြေဆန်စက်မှာ ကနဦး Solar တပ်ဆင်အင်အား 487kWp ကို တပ်ဆင်ခဲ့ကာ စတင်လည်ပတ်ခဲ့နေပြီဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ဆိုလာတပ်ဆင်ခြင်းကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ ဦးဆောင်မှုနဲ့ ဆန်စက်နှင့် သိုလှောင်ရုံ များမှာ Solar Power System ဖြင့် ပေါင်းစပ်လည်ပတ်နိုင်ရေး ဆောင်ရွက်လျက်ရှိနေတာ ဖြစ်ပါတယ်။

Read more