တရုတ်ရှိကမ္ဘာ့အမြင့်ဆုံးတံတားပေါ် ယာဉ်များဖြတ်သန်းခွင့်ပြု

တရုတ်ရှိကမ္ဘာ့အမြင့်ဆုံးတံတားပေါ် ယာဉ်များဖြတ်သန်းခွင့်ပြု

=====================

တရုတ်နိုင်ငံတွင် ကမ္ဘာအမြင့်ဆုံးတံတားကို စက်တင်ဘာလ ၂၈ ရက်‌နေ့က ဖွင့်လှစ်ပေးခဲ့သည်။  သုံးနှစ်ကြာ တည်ဆောက်ခဲ့သောတံတားကြီးသည် အဆိုပါပြည်နယ်မှာပင်ရှိသည့် အခြားတံတားတစ်စင်း၏ စံချိန်ကိုချိုးဖျ-က်နိုင်ခဲ့သည်။

ဟွာကျန်းဂရင်းကင်ညွန်တံတားသည် Guizhou ပြည်နယ်ရှိ ကျယ်ပြန့်သောချောက်ကြီးနှင့် မြစ်တစ်စင်း၏ အထက် ၆၂၅ မီတာတွင် တည်ရှိသည်။ အဆိုပါပြည်နယ်တွင် လက်ရှိ၌ ကမ္ဘာ့ဒုတိယအမြင့်ဆုံးဖြစ်သွားသည့် အမြင့် ၅၆၅ မီတာရှိ ဘေဖန်ကျန်းတံတားလည်းတည်ရှိသည်။

Read more

ပရီးမီးယားလိဂ်မှာ နည်းပြရာထူးက ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ အာမိုရင်မ်

ပရီးမီးယားလိဂ်မှာ နည်းပြရာထူးက ထုတ်ပယ်ခံရဖို့ ရေပန်းအစားဆုံးဖြစ်နေတဲ့ အာမိုရင်မ်

==================

မန်ယူအသင်းရဲ့နည်းပြ အာမိုရင်မ်ဟာ ပရီးမီးယားလိဂ်မှာ ရာထူးက နောက်ထပ်ထုတ်ပယ်ခံရမယ့် နည်းပြအဖြစ် ရေပန်းအစားဆုံးဖြစ်လာကြောင်း သိရပါတယ်။

မန်ယူအသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်(၆)ပွဲ ယှဉ်ပြိုင်အပြီးမှာ (၂)ပွဲနိုင်၊ (၁)ပွဲသရေ၊ (၃)ပွဲရှုးနဲ့ အမှတ်ပေးဇယားအဆင့်(၁၄)နေရာရောက်ရှိနေပါတယ်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းတိုင်းပါတီ Law firm အဖွဲ့နှင့်တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းတိုင်းပါတီ Law firm အဖွဲ့နှင့်တွေ့ဆုံ
=====================
ပုသိမ် စက်တင်ဘာ ၂၅

ပြည်ခိုင်ဖြိုးပါတီ၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာသန်းထွန်းသည် စက်တင်ဘာ (၂၅)ရက်နေ့တွင်ဧရာဝတီတိုင်းဒေသကြီးပါတီရုံး၌ တိုင်းပါတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ တိုင်း၊ခရိုင် ပါတီ Law firm အဖွဲ့များနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲနေ့နှင့် ရွေးကောက်ပွဲပြီးနောက်ပိုင်းကာလများတွင် ပေါ်ပေါက်လာနိုင်သည့် ကိစ္စရပ်များကို ဥပဒေလမ်းကြောင်းဖြင့် ဖြေရှင်းဆောင်ရွက်နိုင်ရေး၊ ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ ပါတီအောင်နိုင်ရေးအဖွဲ့များ၊ မဲရုံကိုယ်စားလှယ်များ၊ ပါတီဝင်မဲဆန္ဒရှင်များအတွက် ဆောင်ရန်၊ရှောင်ရန်များအတွက် လမ်းညွှန်စာစောင်များ ဖြန့်ဝေနိုင်ရန် ဆောင်ရွက်ပေးထားကြရန်နှင့် မြို့နယ်အလိုက် Law firm များခိုင်ခိုင်မာမာ ဖွဲ့စည်းနိုင်ရေးတို့ကိုအပြန်အလှန်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

Read more

ရှန်ဟိုင်းမာစတာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျိုကိုဗစ်

ရှန်ဟိုင်းမာစတာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ့် ဂျိုကိုဗစ်

==================

ဆားဘီးယားတင်းနစ်သမား နိုဗက် ဂျိုကိုဗစ် ဟာ မကြာခင်မှာကျင်းပမယ့် ရှန်ဟိုင်းမာစတာပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

ဂျိုကိုဗစ် ဟာ စက်တင်ဘာလ ၆ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ယူအက်စ်အိုးပင်း ဆီမီးဖိုင်နယ်မှာ အယ်ကာရက်ဇ် ကို ရှုံးနိမ့်ပြီးနောက်ပိုင်း အနားယူနေခဲ့တာဖြစ်ပြီး ရှန်ဟိုင်း မာစတာပြိုင်ပွဲမှာ ပြန်လည်ပါဝင်မယ်လို့ ပြိုင်ပွဲကျင်းပရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။

Read more

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြား

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြား

================

အစ္စရေးဝန်ကြီးချုပ် နေတန် ယာဟုက နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံ၌ စက်တင်ဘာလ ၂၆ ရက်တွင် မိန့်ခွန်း ပြောကြားခဲ့သည်။

မကြာသေးမီက ပါလက်စတိုင်းနိုင်ငံအဖြစ် အသိအမှတ်ပြုထားသော ဗြိတိန်နှင့် ပြင်သစ်အပါအဝင် နိုင်ငံအချို့ကိုလည်း ၎င်းက ဝေဖန်ခဲ့သည်။

Read more

အာဆင်နယ်တိုက်စစ်ကစားသမား မာဒူအေကေ ဒူးဒဏ်ရာကြောင့် နှစ်လဝန်းကျင် အနားယူရဖွယ်ရှိ

အာဆင်နယ်တိုက်စစ်ကစားသမား မာဒူအေကေ ဒူးဒဏ်ရာကြောင့် နှစ်လဝန်းကျင် အနားယူရဖွယ်ရှိ

======================

အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမား မာဒူအေကေဟာ ဒူးဒဏ်ရာကြောင့် နှစ်လဝန်းကျင် အနားယူရဖွယ်ရှိကြောင်း သိရပါတယ်။

မာဒူအေကေဟာ တနင်္ဂနွေနေ့က မန်စီးတီးနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ အဲဒီဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ လူစားလဲခံခဲ့ရပါတယ်။

Read more

တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်း၌ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပပြုလုပ်မည်

တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်း၌ တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ကျင်းပပြုလုပ်မည်

==================

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်း၌ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်ကို အောက်တိုဘာလ ၂၈ ရက်မှ နိုဝင်ဘာလ ၄ ရက်ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံးပျံပညာရှင်များအသင်းမှ သိရပါတယ်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၏ ထင်ရှားသည့် ပွဲတော်တစ်ခုဖြစ်သော တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်ကြီး ကျင်းပစဉ်အတွင်း နေ့ပိုင်းတွင် ခြေနှစ်ချောင်း၊ ခြေလေးချောင်းအရုပ်အုပ်စု မီးပုံးပျံများနှင့် ညပိုင်းတွင် စိန်နားပန်မီးပုံးပျံ၊ ညမီးကျည်မီးပုံးပျံများကို လွှတ်တင်သွားမှာဖြစ်ပါတယ်။

Read more

39th Asean Senior Amateur Championship 2025 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာစီနီယာ အပျော်တမ်း ဂေါက်သီးရိုက်အသင်း ချန်ပီယံဆုအပါအဝင် အောင်မြင်မှုများ ရရှိ

39th Asean Senior Amateur Championship 2025 ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာစီနီယာ အပျော်တမ်း ဂေါက်သီးရိုက်အသင်း ချန်ပီယံဆုအပါအဝင် အောင်မြင်မှုများ ရရှိ

================

Read more

သုခဒဂုံအိမ်ရာမှ ထပ်မံပြီးစီးသည့်အခန်းများကို မြို့နယ်(၇)ခုအပါအဝင် ပညာရေးဝန်ထမ်းအချို့ကို မဲနှိက်နေရာချထားပေးမည်

သုခဒဂုံအိမ်ရာမှ ထပ်မံပြီးစီးသည့်အခန်းများကို မြို့နယ်(၇)ခုအပါအဝင် ပညာရေးဝန်ထမ်းအချို့ကို မဲနှိက်နေရာချထားပေးမည်

================

ရန်ကုန်တိုင်းရှိ သုခဒဂုံပြည်သူ့အဌားအိမ်ရာတွင် ထပ်မံပြီးစီးသည့် တိုက်(၅)လုံးမှအခန်းများအား မြို့နယ်(၇)ခုအပါအဝင် ပညာရေးဝန်ထမ်းအချို့ကို မဲနှိက်၍နေရာချထားပေးမည်ဖြစ်ကြောင်း သိရသည်။

တင်ပြထားပြီးဖြစ်သည့်လျှောက်လွှာများ၏ သင်္ဃန်းကျွန်းမြိုနယ်၊ ကမာရွတ်မြိုနယ်၊ ဗဟန်းမြိုနယ်၊ ကျောက်တံတားမြိုနယ်၊ ဒဂုံမြိုနယ်၊ ဒဂုံမြိုသစ် (တောင်ပိုင်း)မြိုနယ်၊ ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြိုနယ်နှင့် ပညာရေးဝန်ထမ်းများကို မဲနှိက်၍နေရာချထားပေးမည်ဖြစ်ကာ မဲနှိက်ခွင့်ရသူများကို ဆက်သွယ်အသိပေးသွားမည်ဖြစ်ကြောင်း သိရသည်။ #Popular

Read more

ကာဇက်စတန်နိုင်ငံက ရုရှား-ယူကရိန်း ဆွေးနွေးပွဲ လက်ခံကျင်းပပေးရန် ဆန္ဒရှိဟုဆို

ကာဇက်စတန်နိုင်ငံက ရုရှား-ယူကရိန်း ဆွေးနွေးပွဲ လက်ခံကျင်းပပေးရန် ဆန္ဒရှိဟုဆို

==================

ကာစက်စတန်နိုင်ငံအနေဖြင့် ရုရှား-ယူကရိန်းဆွေးနွေးပွဲကို လက်ခံကျင်းပပေးရန် ဆန္ဒရှိကြောင်း၊ ရုရှားနိုင်ငံနှင့်ယူကရိန်း နိုင်ငံတို့မှ ခေါင်းဆောင်များအနေဖြင့် ကာဇက်စတန်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးမှု လုပ်ရန်ဆန္ဒရှိပါက လိုအပ်သည့်အရာများအားလုံးကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ကာဇက်စတန်နိုင်ငံသမ္မတ တက်ဆင်ကျိုမာ့ တိုကာယက် က စက်တင်ဘာလ ၂၄ ရက် တွင်ပြောသည်။

Read more