ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦး မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံ

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦး မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံ

===========================

ပြည်ခိုင်ဖြိုးပါတီ မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမြထွန်းဦးနှင့် ကိုယ်စားလောင်းများသည် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ အောင်ချမ်းသာကျေးရွာအုပ်စုနှင့် ကျောက်ဖျာဒိုးကျေးရွာအတွင်းမှ မဲဆန္ဒရှင် ပြည်သူများနှင့် တွေ့ဆုံခဲ့သည်။

Read more

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ ပြလို့အခြေစိုက်၊ တောင်နံ့သာ ကျေးရွာအုပ်စု၊ မြစ်နာကျေးရွာတွင် ပြည်သူများနဲ့တွေ့ဆုံပြီး မဲပေးပုံနည်းစနစ်များနှင့် ပါတီ၏ ရည်မှန်းချက် တာဝန်များအား ရှင်းလင်းပြောကြား

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ ပြလို့အခြေစိုက်၊ တောင်နံ့သာ ကျေးရွာအုပ်စု၊ မြစ်နာကျေးရွာတွင် ပြည်သူများနဲ့တွေ့ဆုံပြီး မဲပေးပုံနည်းစနစ်များနှင့် ပါတီ၏ ရည်မှန်းချက် တာဝန်များအား ရှင်းလင်းပြောကြား
=======
နိုဝင်ဘာ(၆)ရက်
ယနေ့ နေ့လည် ၁နာရီတွင် အောင်လံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တွဲဖက်အထွေထွေအတွင်းရေးမှူးဦးတင်အောင်ချစ်၊ အောင်လံခရိုင်ပါတီဥက္ကဌ ဦးစန်းလွင် နှင့် ခရိုင်၊မြို့နယ်ပါတီကော်မတီဝင်များသည် မကွေးတိုင်းဒေသကြီး ၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ပြလို့အခြေစိုက် တောင်နံ့သာကျေးရွာအုပ်စု၊မြစ်နားကျေးရွာတွင် မဲဆွယ်စည်းရုံးရေးတွေ့ဆုံပွဲကျင်းပခဲ့ပါသည်။

Read more

မက်ဆီကို ခေါ်ယူဖို့ ချိန်ဆက်နေတဲ့ ဂါလာတာစာရေးအသင်း

မက်ဆီကို ခေါ်ယူဖို့ ချိန်ဆက်နေတဲ့ ဂါလာတာစာရေးအသင်း
=========================
တူရကီကလပ် ဂါလာတာစာရေးအသင်းဟာ အင်တာမိုင်ယာမီတိုက်စစ်မှူး မက်ဆီကို (၄)လအငှားနဲ့ ခေါ်ယူဖို့ ချိန်ဆက်နေကြောင်း သိရပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ မေဂျာလိဂ်ပြိုင်ပွဲမှာ ပုံမှန်ရာသီ ပြီးဆုံးသွားပြီဖြစ်ပြီး ရာသီသစ်က လာမယ့်နှစ် မတ်လဝန်းကျင်မှာမှ ပြန်လည်စတင်မှာပါ။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အောင်လံမြို့နယ်၊ ရွာထောင်ရပ်ကွက် မြို့အဝင် ပြည်လမ်းမဘေးတွင် ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အောင်လံမြို့နယ်၊ ရွာထောင်ရပ်ကွက် မြို့အဝင် ပြည်လမ်းမဘေးတွင် ပါတီအောင်နိုင်ရေးဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
=====================
နိုဝင်ဘာလ ၆
ယနေ့နေ့လည် ၁၂နာရီအချိန်တွင် အောင်လံမြို့နယ်၊ရွာထောင်ရပ်ကွက် မြို့အ၀င် ပြည်လမ်းမဘေးတွင် ပါတီ ဆိုင်းဘုတ်တင်အခမ်းအနား ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့အောင်လံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး ဇေယျကျော်ထင် ဦးတင်အောင်ချစ်၊ အောင်လံမြို့နယ်တိုင်းဒေသကြီးလွှတ်တော်(FPTP)ကိုယ်စားလှယ်လောင်း ခရိုင်ပါတီဥက္ကဌ ဦးစန်းလွင် တို့မှ ဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခြင်း၊အမွှေးနံ့သာရေများဖြင့်ပက်ဖျန်းခြင်း၊တက်ရောက်လာကြသော အောင်လံမြို့မှ မြို့မိမြို့ဖများမှ အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်းဖွင့်လှစ်ခဲ့ပြီး အောင်နိုင်ရေးကြွေးကြော်သံများသံပြိုင်ဟစ်ကြွေးခဲ့ကာ အခမ်းအနားပြီးဆုံးခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
=============================
နိုဝင်ဘာ ၅၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးတင်ဦးလွင်နှင့်အတူ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ဇေယျာသီရိမြိုနယ်၊ ပုပ္ပားကုန်းရပ်ကွက်ရှိ အားကစားကွင်းတွင် ကျင်းပပြုလုပ်သော “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားသို တက်ရောက်ခဲ့ပါသည်။

Read more

ဒေးဗစ်ဘက်ခမ်း ကို ချားလ်စ်ဘုရင်က သူကောင်းဘွဲ့ချီးမြှင့်

ဒေးဗစ်ဘက်ခမ်း ကို ချားလ်စ်ဘုရင်က သူကောင်းဘွဲ့ချီးမြှင့်
=================
အင်္ဂလန်နိုင်ငံအတွက် ဘောလုံး ပွဲ ၁၁၅ ပွဲ ကစားခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ကနေ ၂၀၀၆ ခုနှစ်အထိ ခြောက်နှစ်ကြာ အင်္ဂလန်အသင်း ခေါင်းဆောင်ဖြစ်ခဲ့တဲ့ ချားလ်စ်ဘုရင်က သူကောင်းဘွဲ့ချီးမြှင့်တယ်လို့ နိုင်ငံတကာသတင်းတွေအရ သိရပါတယ်။
ဒေးဗစ် ဘက်ခမ်း ကို ဘောလုံးအားကစား နဲ့ ဗြိတိသျှလူ့အဖွဲ့အစည်းအပေါ် စွမ်းဆောင်ပေးခဲ့တဲ့ လုပ်ဆောင်မှုတွေအတွက် ချားလ်စ် ဘုရင်မင်းမြတ်က (ဆြာ) ဘွဲ့ကိုချီးမြှင့်တာလို့လည်း သိရပါတယ်။

Read more

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုလာရောက်ဖူးမျှော်သူ ၃ သန်းကျော်ရှိ

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကိုလာရောက်ဖူးမျှော်သူ ၃ သန်းကျော်ရှိ
======================
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်မှာ တည်ထားပူဇော်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ဖူးမြှော်ကြည်ညိုသူ ၃ သန်းကျော်ရှိပြီလို့ သိရပါတယ်။
နေ့စဉ်လာရောက်ဖူးမျှော်သူများပြားခဲ့တာကြောင့် နိုဝင်ဘာ ၄ ရက်(တန်ဆောင်မုန်းလပြည့်နေ့မှာ လူဦးရေ ၃ သန်းပြည့်ခဲ့တာဖြစ်ပြီး ဒီနေ့အထိလာရောက်ဖူးမျှော်သူတွေနဲ့ပါဆိုရင် ၃ သန်းကျော်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။

Read more

၂၀၂၅ ခုနှစ်အတွက် Golden Boy ဆုကို PSG တိုက်စစ်ကစားသမား ဒူအီ ရရှိ


================
ဥရောပအကောင်းဆုံးလူငယ်ကစားသမားဆုအဖြစ် သတ်မှတ်ခံရတဲ့ ၂၀၂၅ ခုနှစ်အတွက် Golden Boy ဆုကို PSG တိုက်စစ်ကစားသမား ဒူအီ ရရှိခဲ့ကြောင်း သိရပါတယ်။

Golden Boy ဆုကို အီတလီအားကစားသတင်းစာ Tuttosport က ဖန်တီးချီးမြှင့်တာဖြစ်ပြီး ဥရောပမှာ ယှဉ်ပြိုင်ကစားနေတဲ့ အသက်(၂၁)နှစ်အောက် ကစားသမားတွေသာ အကျုံးဝင်တာဖြစ်ပါတယ်။

Read more

ရထားလက်မှတ်များကို ဖုန်းမှတစ်ဆင့် ကြိုတင်ဝယ်ယူနိုင်ပြီ

ရထားလက်မှတ်များကို ဖုန်းမှတစ်ဆင့် ကြိုတင်ဝယ်ယူနိုင်ပြီ
=================
ရန်ကုန်-နေပြည်တော်-မန္တလေးလမ်းပိုင်းတွင် ပြေးဆွဲလျက်ရှိတဲ့ အမှတ်(၇)အဆန်၊ (၈)အစုန်၊ အမှတ်(၃၁) အဆန်/(၃၂)အစုန် DEMU ရထားများနှင့် အမှတ်(၂၇)အဆန်/(၂၈)အစုန် RBE ရထားများနှင့် စီးနင်းလိုက်ပါလိုသူ ခရီးသွားပြည်သူများအနေနဲ့ လိုက်ပါစီးနင်းလိုသည့် ခရီးစဉ်များအတွက် ရထားလက်မှတ်များကို ဖုန်းမှတစ်ဆင့် ကြိုတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း မြန်မာ့မီးရထားမှ အသိပေးကြေညာချက် ထုတ်ပြန်ထားပါတယ်။
ရထားလက်မှတ်များကို ခရီးသွားမည့်ရက်မတိုင်မီ (၅)ရက်ကြိုတင်၍ သက်ဆိုင်ရာဘူတာများသို့ ခရီးသွားမည့် သူ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကဒ်အမှတ်၊ ရထားစီးနင်း လိုက်ပါလိုသည့် နေ့ရက်၊ ခရီးစဉ်၊ ရထားအမှတ်နှင့် တွဲအတန်းအစားတို့ကို ဆက်သွယ်အကြောင်းကြားရမှာဖြစ်ပါတယ်။

Read more